6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေလ ၂၂၊ ၂၀၁၃
M-Media
သတင်း – ဆူးထက်

ဇီးကုန်းမှ မွတ်စလင်များ အကြမ်းဖက်ခံရမှုတွင် အသက်ဘေးမှ ကာကွယ်ကူညီစောင့်ရှောက်ခဲ့သူ ဦးတင်အေးအား ဂုဏ်ပြုပွဲပြုလုပ်

IMG_4288

ဇီးကုန်း။        ။    ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် မယင်းကျေးရွာတွင် ဇီးကုန်းမြို့ ရပ်မိရပ်ဖများ ဦးစီးကျင်းပသော အစ္စလာမ်ဘာသာဝင်များ၏ အိုးအိမ် စည်းစိမ်များ ဖျက်ဆီးခံရမှု ကာလတွင် အစ္စလာမ်ဘာသာဝင်များ အသက်ဘေး အန္တရာယ် ကင်းရှင်းစွာ ကျွေးမွေးကူညီ ကယ်တင်စောင့်ရှောက်ပေးခဲ့သော ဆယ်ကမ္ဘာမက ဆပ်၍မကုန်နိုင်သော ကျေးဇူးများဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်သော ဦးတင်အေးနှင့် မိသားစုအား ဂုဏ်ပြုပွဲအခမ်းအနားကို မေလ ၂၁ရက်နေ့ ညနေ ၄နာရီမှ စတင်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဂုဏ်ပြုပွဲ အခမ်းအနားသို့ ရန်ကုန်မြို့မှ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး၊ ၁၃၆လမ်း မဒါးဗလီ ရှေ့ ဆောင်ဆရာကြီး အာရဗီ တက္ကသိုလ် ကျောင်းဆရာကြီး မုဖ်သီ အိဒ်ရီးစ်၊ မယင်းကျေးရွာသူ ကျေးရွာသားများ၊ ဇီးကုန်းမြို့ ရပ်မိရပ်ဖများ၊ ဧည့်သည်တော်များ စုံလင်စွာ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

မယင်းကျေးရွာ သူကြီး အဘ ဦးတင်အေးမှ အမှာစကားပြောကြားရာတွင် “ ဗုဒ္ဓဘုရားရှင်၏ အဆုံးအမတွင် ဒုက္ခရောက်သူကို ကယ်တင်ခြင်းမှာ မင်္ဂလာတစ်ပါး ဖြစ်ကြောင်း၊ ကျွန်တော်သည် ဒုက္ခရောက်သူတိုင်းကို မည်သူ မည်ဝါ မည်သည့် လူမျိုး မည်သည့် ဘာသာ မခွဲခြားဘဲ ကယ်တင်မှာ ဖြစ်ကြောင်း၊ အစ္စလာမ် ဘာသာဝင်များအား ယခုလို ကယ်တင်သည့် အတွက် ဝေဖန်မူ တစ်ချို့ ရှိခဲ့သော်လည်း လုံးဝ ဂရုမမူခဲ့ကြောင်း၊ ဤရွာသည် ကိုလိုနီခေတ်က အင်္ဂလိပ်နယ်ချဲ့ကို တော်လှန်ခဲ့သည့် ရွာဖြစ်ကြောင်း၊ ဒုက္ခရောက်သူများကို အမြဲတမ်း ကယ်တင်စောင့်ရှောက်ခဲ့ကြောင်း၊ ဤရွာ၏ ကောင်းမွေ အစဉ်အလာတို့ကို ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ” ထည့်သွင်းပြောကြားခဲ့သည်။

IMG_4228

အဆိုပါအခမ်းအနားတွင် ဇီးကုန်းဗလီ အတွင်းရေးမှူး ဟာဂျီသန်းဝင်း မှ ကျေးဇူးတင် စကားပြောကြားရာတွင် “ဘာသာလူမျိုး မခွဲခြားဘဲ ကယ်တင်စောင့်ရှောက်ခဲ့တဲ့ ကျေးဇူးဟာ ဆပ်၍ မကုန်နိုင်ပါ၊ အခုလို ကျေးဇူးတင်လိုက်တာနဲ့တင် ပြီးသွားမှာ မဟုတ်ပဲ သားစဉ်မြေးဆက် အထိ ကျေးဇူးတင်ရှိသွားမှာ ဖြစ်ပါတယ်၊ ကျေးဇူးရှင်အဘ ဦးတင်အေးတို့ မိသားစုကို  ဆယ်ကမ္ဘာမက ဆပ်၍မကုန်နိုင်တဲ့ ကျေးဇူးတွေနဲ့ အမြဲတမ်းကျေးဇူးတင်နေမှာပါ” ဟုထည့်သွင်း ပြောကြားခဲ့သည်။

မုဖ်သီ အိဒ်ရီးစ် (ရှေ့ဆောင်ဆရာကြီး – မဒါးဗလီ ၁၃၆လမ်း) မှ ကျေးဇူးတင်စကား ပြောကြားရာတွင် “ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်း များစွာတည်းက ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်တို့ အကြား ချစ်ခင်ရင်းနှီးစွာ နေထိုင်လာကြတဲ့ အစဉ်အလာရှိကြောင်း၊ ကျွန်တော်ကိုယ်တိုင်လည်း ပြည်တွင်း ပြည်ပ ခရီးစဉ် အချို့တွင် ဗုဒ္ဓဘာသာ ရဟန်း သံဃာတော်များနှင့် အတူ ခရီးထွက်ဖူးပြီး လမ်းခရီးတစ်ခုလုံး သူ့ဘာသာ ကိုယ့်ဘာသာအကြောင်း ပြောပြ ဆွေးနွေးရင်း တစ်ဦးကိုယ်တစ်ဦး ဖေးမ ကူညီရင်း သွားလာရသည်မှာ ကိုယ်တိုင်လည်း စိတ်ကြည်နူးရပြီး အခြား တွေ့မြင်ရသူတို့ အတွက်လည်း စိတ်ကြည်နူးစရာ ဖြစ်ကြောင်း၊  ကိုးကွယ်ယုံကြည်မှု မတူသော်လည်း တစ်ဦးနှင့်တစ်ဦး မေတ္တာတရား လက်ကိုင်ထားပြီး အပြန်အလှန်နားလည်မှုရှိစွာ နေထိုင်သွားမယ်ဆိုရင် စိတ်ကြည်နူးစရာ အနေအထားများ ရရှိလာမည် ဖြစ်ကြောင်း၊ ဇီးကုန်းမြို့ရှိ အစ္စလာမ် သာသနာဝင်များ၊ အခက်အခဲ ကြုံတွေ့နေချိန်တွင် မယင်းရွာ၏ နာယကကြီး ဦးတင်အေး၏ ကျွေးမွေးကယ်တင် စောင့်ရှောက်မှုများမှာ အင်မတန်  ဂုဏ်ယူ လေးစားထိုက်စရာ ဖြစ်ကြောင်း၊ ဒီအခမ်းအနားကြီးဟာ မယင်းရွာ နာယကကြီး အဘ ဦးတင်အေးအား ဂုဏ်ပြုသည့် အခမ်းအနားသာ ဖြစ်ကြောင်း၊ ကျေးဇူးဆပ်သည့်အခမ်းအနား မဟုတ်ကြောင်း၊ ကျေးဇူးမှာ ဆပ်၍မကုန်နိုင်ကြောင်း၊ တစ်သက်လုံး ကျေးဇူးဆပ်ရမည် ဖြစ်ကြောင်း၊ အစ္စလာမ်သာသနာဝင်များ အနေဖြင့် မယင်းရွာ နာယကကြီး ဦးတင်အေးနှင့် ၎င်း၏ မိသားစု၊ မယင်းရွာသူ ရွာသားများ အားလုံး ကျန်းမာချမ်းသာပြီး လောကီ လောကုတ္တရာ ကောင်းစားစေဖို့ ဆုတောင်းပေးရမှာ ဖြစ်ကြောင်း ”  ထည့်သွင်းပြောကြားခဲ့သည်။

ဓါတ်ပုံများကြည့်ရန်။

*ဓာတ်ပုံများ အသုံးပြုခွင့် ပေးပါသော ဟာဂျီဦးလှမင်း ( မ.အ.ဖ- ဗဟိုအလုပ်မှုဆောင်) နှင့် အမည်မဖော်လိုသူ စာရေးဆရာ လူငယ်တစ်ဦးအား M-Media မှ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။ *

Leave a Reply