ဇွန် ၈၊၂၀၁၃
M-Media
Samsung company က Galaxy S4 Active (ရေစိုခံ) ထုတ်မည် ဆိုကြောင်း လွန်ခဲ့သော နှစ်ရက်က ကြေညာခဲ့ပါသည်။ ၄င်း ရေစိုခံ S4 သည် နွေရာသီ၌ US နှင့် Sweden တို့တွင် ရေပန်းစားမည်ဟုလည်းခန့်မှန်းရပါသည်။
Galaxy S4 Active တွင် S4 ကဲ့သို့ Snapdragon 600 chipset ပါဝင်သော်ငြားလည်း ၊ ကင်မရာသည် (8) MP နှင့် အရွယ်အစားအားဖြင့် (၅) လက်မ TFT display ဖြစ်မည်။ အခြားသော နည်းပညာပိုင်းများသည် S4 နှင့် အတူတူပင်ဖြစ်ပြီး ၊ S4 Active သည် ဖုန်နှင့် ရေစိုခံ ပြီး ရေထဲတွင် (၁)မီတာ အနက် အချိန်အားဖြင့် နာရီဝက်ကြာသည်အထိ ရေစိုခံမည်ဖြစ်သည်။
Samsung company သည် Galaxy S4 Active ၏ ဈေးကို အတိအကျ မထုတ်ပြန်သေးသော်လည်း ၊ ရုရှားနိုင်ငံတွင် တရားဝင်ရောင်းဈေး သည် S4 ထုတ်စဉ်ကကဲ့သို့ ယူရို(၇၀၀) ပင် ဖြစ်သည်။ အခြားနိုင်ငံများတွင်လည်း အတူတူပင်ဖြစ်ကောင်းဖြစ်လိမ့်မည်။
ယခုတွင် S4 သည် ဈေးကွက်တော်တော်များများအတွင်း ယူရို(၅၅၀) အောက် ရှိပြီး ၊ S4 Active သည် လည်း ဈေးအတူတူပင်ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။
S4 Active သည် S4 နှင့် အခြားသော hardware ပိုင်းတွင် အားလုံးနီးပါး တူမည်ဖြစ်ပြီး ၊ ရေစိုခံဖြစ်သောကြောင့် ရေစိုခံ အခွံ ဖြစ်ပြီး ကင်မရာနှင့် display တို့တွင်မူ S4 ကဲ့သို့ 13Mp Amoled display ဖြစ်မည်မဟုတ်ပေ။ ။
Source (in Russian)
Comments