ဇွန်-၁၇၊၂၀၁၃
M-Media
ရုရှသမ္မတ ပူတင် စိန်လက်စွပ် ခိုးယူဟု စွပ်စွဲခံရ
New England Patriots ဘောလုံးအသင်း ပိုင်ရှင် Robert Kraft ၏ စိန် ၁၂၄လုံးပါသော လက်စွပ်ကို ၂၀၀၅ ခုနှစ်က ခိုးယူသွားခဲ့ စွပ်စွဲထားသော်လည်း သမ္မတ ပူတင်ကမူ Robert Kraf ကသူ့အား လက်ဆောင် ပေးခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။
နိုင်းလ် ရေကာတာကိစ္စ ဆွေးနွေး
အီသီယိုးပီးယားပိုင်နက်အတွင်းရှိ နိုင်းလ်မြစ်ပေါ်တွင် တည်ဆောင်မည့် ရေကာတာ ကြောင်း တင်းမာမှုများ ပြေလည်စေရေး အီသီယိုးပီးယား နှင့် အီဂျစ် နိုင်ငံများ ဆွေးနွေးမည်။
တရုတ်နိုင်ငံ ၏ ကမ္ဘာ့အမြန်ဆုံး ဆူပါ ကွန်ပြူတာ
Tianhe-2 သည် အမေရိကန်၏ Titanကို ကျော်ဖြတ်၍ ကမ္ဘာ့ အမြန်ဆုံး ကွန်ပြူတာ အဖြစ် လာသည်။ Tianhe-2 သည် တစ်စက္ကန်လျင် 17.59 petaflops တွက်ချက်နိုင်စွမ်း ရှိသည်။
တရုတ်ကျောင်းသား တစ်ဦးကို ကျောင်းတက်ခွင့်ဆက်မပေးရန် တရုတ်နိုင်ငံမှ ဖိအားပေးခဲ့
နေအိမ် အကျယ်ချုပ်ဘဝမှ အမေရိကန်သို့ ထွက်ပြေးခိုလှုံလာသော ကျောင်းသား Chen Guangcheng အား နယူးယောက်တက္ကသိုလ်က ဆက်လက် ကျောင်းတက်ခွင့် မပေးရန် တရုတ်အစိုးရက ဖိအားပေးခဲ့သည်ဟု ဆိုသည်။
ဆမ်ဆောင်းကုမ္ပဏီသည် solid-state drives အသစ် ထုတ်လုပ်
လက်ရှိ SATA နည်းပညာထက် နှစ်ဆခွဲ ပိုမို မြန်ဆန်သော PCI-Express နည်းပညာသုံး solid-state drives ကို ပါးလွှာသော လက်ပ်တော့ပ်များ အတွက် မြောက်အများ ထုတ်လုပ်နေသည်ဟုဆိုသည်။
ရွေးကောက်ပွဲပြီးနောက် အမေရိကန်နှင့်အီရန် တိုက်ရိုက်ဆက်ဆံရေး ထူထောင်မည်
အစွန်းမရောက်အလယ်အလတ်ဝါဒီပညာရှင် ဟတ်စာန် ရူဟာနီ Hassan Rowhani အား နိုင်ငံ့သမ္မတသစ်အဖြစ် ကြေငြာပြီးလျှင် အီရန်နိုင်ငံ၏အငြင်းပွားဖွယ် နျူကလိယအစီအမံများနှင့်စပ်လျဉ်း၍ တိုက်ရိုက်ဆွေးနွေးဆောင်ရွက်ရန် ပြင်ဆင်ထားကြောင်း စနေနေ့တွင် အမေရိကန်မှ ပြောကြားသည်
လူထုရေးရာ နှင့် စီးပွားရေးလုပ်ငန်း၌ အသုံးပြုအချက်အလက်များကို စင်္ကာပူအစိုးရမှ ထုတ်ပြန်မည်
ပြည်တွင်းလုပ်သားဈေးကွက်နှင့် ပတ်သက်သော အချက်အလက်များဖြင့် အလုပ်ရှင်များအားပံ့ပိုးနိုင်ရန်အတွက် လူ့စွမ်းအားဝန်ကြီးဌာနမှ ၀က်ဘ်ဆိုဒ် အသစ်တစ်ခုကို လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
Comments