ဇွန်-၂၁၊၂၀၁၃
M-Media
လူဦးနှောက်၏ အသေးစိပ် သုံးဘက်မြင်ပုံ
ယခင်ရှိသော ပုံများထက် အဆ ၅၀ ပိုမိုအသေးစိတ်သော ပုံကို သုတေသန ပညာရှင်များ အသုံးပြုနိုင်ရန် ဂျာမဏီနှင့် ကနေဒါ ပညာရှင်များ ပူးပေါင်း ထုတ်လုပ်လိုက်သည်။
ထူးခြားသော ဂလက်ဆီ ဖုန်းအသစ်
Windowsဖုန်းမှapps များနှင့် Android ဖုန်းမှapps များ နှစ်မျိုးစလုံးကို သုံးနိုင်အောင် ပြုလုပ်ထား သည့်အပြင် ရေစိမ်ခံသော ဖုန်းအသစ်ကို ဆမ်ဆောင်းက ထုတ်လုပ်လိုက်သည်။
စင်္ကာပူလေထု အခြေအနေဆိုးရွား
အင်ဒိုနီးရှားမှ လေယာဉ်များဖြင့် တောမီးကို ကြိုးစားငြိမ်းသတ်နေသော်လည်း စင်ကာပူလေထုသို့ မီးခိုးဖုံးလွှမ်းလာမှုမှာ အန္တရာယ်ရှိသော အဆင့် ရောက်ရှိလာသည်။
ဂျာမဏီမှ ယူကရိန်း ဝန်းကြီးချုပ်ဟောင်းကို ဆေးကုပေးလို
ထောင်ကျခံနေရသော ယူကရိန်း ဝန်းကြီးချုပ်ဟောင်း Yulia Tymoshenko မကျန်းမာသောကြောင့် ဆေးကုသပေးရန် ဂျာမဏီမှ ခေါ်ယူလိုသည်ဟုဆိုသည်။
ပဲရစ် လေကြောင်းပြပွဲမှ ရုရှလေယာဉ်
ပဲရစ် လေကြောင်းပြပွဲတွင် Airbus နှင့် Boeing တို့၏ လေယာဉ်သစ်များထက် ပိုမို စိတ်ဝင်စားမှုခံရသည့် လေယာဉ်မှာ ရုရှ၏ Sukhoi Su-35 ဖြစ်သည်.။ ၎င်း၏ သွက်လက် ထူးခြားစွာ ကွေ့ဝိုက်နိုင်စွမ်းကြောင့် လူကြိုက်များခြင်း ဖြစ်သည်။
ဂလော်စတာ ဗလီကျောင်းတော် မီးရှို့မှုတွင် ပါဝင်သော ကြံရာပါအား ဖမ်းမိ
ဂလော်စတာ (Gloucester) မှ ဗလီကျောင်းတော် မီးရှို့မှုတွင် ပါဝင်ခဲ့သော ကြံရာပါလူအား ဗြိတိန်စုံထောက်များက လက်ရဖမ်းဆီးထားပြီဖြစ်သည်။
အင်္ဂါနေ့ည၊ ဒေသစံတော်ချိန် ၁၂.၅၀ နာရီခန့်တွင် ရိုင်ခရော့ဖ်လမ်း (Ryecroft Street) ရှိ ဗလီကျောင်းတော်သည် မီးလောင်ကျွမ်းနေသဖြင့် မီးသတ်ကိုခေါ်ယူငြိမ်းသတ်ခဲ့ရသည်။ ယင်းမီးရှို့မှုတွင် မည်သူမျှ ထိခိုက်ဒဏ်ရာ မရ ရှိခဲ့သော်လည်း ဗလီကျောင်းတော်၏ အ၀င်တံခါးသည် မီးလောင်ကျွမ်းမှုကြောင့် အနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်
မာလာဝီနိုင်ငံရှိ မွတ်စ်လင်မ် မိန်းကလေးများ ပညာသင်ခွင့် ပိုမိုရရှိလာ
မာလာဝီနိုင်ငံရှိ မိန်းကလေးများတွင် မူလတန်းထက်ကျော်လွန်ပြီး ပညာသင်ကြားခွင့်မရခဲ့သူဦးရေမှာ နှစ်များစွာအတွင်း ပိုမိုတိုးတက်များပြားလာခဲ့သည်ဟု သုံးသပ်ချက်များကဆိုသည်။ မိန်းကလေးများအတွက် ပညာရေးသည် အရေးပါကြောင်း ရှင်းပြပေးသော မာလာဝီရှိ မွတ်စ်လင်မ်များ၏ ပညာပေးလှုံ့ဆော်ပွဲများကြောင့် ထိုသို့ပညာသင်ကြားခွင့်ရရှိလာခြင်းပင်ဖြစ်သည်ဟု လူထုခေါင်းဆောင်များက ယုံကြည်ကြသည်။
ဆန္ဒပြပွဲတွေကြောင့် ဘရာဇီးသမ္မတ ၀န်ကြီးအဖွဲ့စည်းဝေးပွဲခေါ်
ဘရာဇီးလ်နိုင်ငံမှာ အစိုးရဘက်က ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ဖို့ ကြိုးစားပေမဲ့ ဆန္ဒပြတောင်းဆိုလှုပ်ရှားမှုတွေ ပိုပြီး ပြင်းထန်လာတဲ့အတွက် အရေးပေါ် ဝန်ကြီးအစည်းအဝေးကျင်းပဖို့ သမ္မတက တောင်းဆိုလိုက်ပါတယ်။
“အလ္လာဟု အတ်က်ဗရ်” ဟု အော်သော ဂျူး တစ်ယောက်အား အစ္စရေး လုံခြုံရေး တပ်သားမှ သေနတ်ဖြင့် ပစ်သတ်
သောကြာနေ့က ဂျေရူစလင်နိုင်ငံ၊ ဂျူးလူမျိုးတို့၏ အထွဋ်အမြတ်ထားသော နေရာတစ်ခုဖြစ်သော အနောက်ဘက် တံတိုင်းရှိ ပြည်သူ့နားနေခန်းတွင် တာဝန်ရှိသော လုံခြုံရေးတပ်သားသည် အစ္စရေးနိုင်ငံသားအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ အာရဗ် ဘာသာစကားအရ “ဘုရားသခင်သာ အကြီးကျယ်ဆုံး” ဟုအဓိပ္ပာယ်ရသည့် “အလ္လာဟု အတ်က်ဗရ်” ဆိုသောအော်ဟစ်သံကို ထိုသူ့ထံမှကြားရပြီးနောက်တွင် လုံခြုံရေးတပ်သားသည် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်-တာလီဘန် ရက်ပိုင်းအတွင်း ဆွေးနွေးမည်
လာမယ့်ရက်တွေအတွင်း ဒိုဟာမှာ တာလီဘန်တွေနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးဖို့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒိုဟာဆွေးနွေးပွဲဟာ နဂိုရ်တုန်းက မနေ့က ကြာသာပတေးနေ့မှာ စတင်ကျင်းပဖို့ ပြင်ဆင်ထားတာဖြစ်ပြီးတော့ အဲဒီမှာ တာလီဘန်ကိုယ်စားလှယ်တွေရော အမေရိကန်အဆင့်မြင့်အရာရှိတွေပါ တက်ရောက်ဆွေးနွေးဖို့ ရှိနေပါတယ်။
ဒူဘိုင်းမြို့၌ ကျမ်းတော်မြတ်ကုရ်အာန် သရုပ်ဖော် အဆင့်မြင့်ဥယျာဉ် ဆောက်လုပ်မည်
အာရပ်စော်ဘွားများ ပြည်ထောင်စု (United Arab Emirates)၊ ဒူဘိုင်း(Dubai) မြို့၌ အမေရိကန်ဒေါ်လာ (၇.၅) သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသော အဆင့်မြင့် ပန်းဥယျာဉ်တစ်ခုအား ဆောက်လုပ်မည်ဖြစ်ကြောင်း သိရှိရသည်။ ထူးခြားချက်မှာ အဆိုပါပန်းဥယျာဉ်တွင် ကျမ်းတော်မြတ်ကုရ်အာန်၌ ဖော်ပြထားသော ပန်းအမျိုးအစားတို့အား စိုက်ပျိုးပြသမည် ဖြစ်သည်။
Comments