၂၃- ဇွန် ၂၀၁၃
M-Media
Edward Snowden
Snowden သည် အမေရိကန်နိုင်ငံ CIA(Central Intelligence Agency) နှင့် NSA(National Security Agency) တို့၏ နည်းပညာပိုင်းဆိုင်ရာ လက်ထောက် ဖြစ်ပါသည်။
Snowden သည် NSA ၏ မိုဘိုင်းဖုန်းများ၊ အီးမေးလ်များ နှင့် google , facebook , Apple နှင့် အခြားသော အင်တာနက် company များအား စောင့်ကြည့်လေ့လာမှု များကို ပေါက်ကြားစေလိုက်သူဖြစ်ပါသည်။
“ကျွန်တော်ကတော့ ကျွန်တော်ချစ်တဲ့ကမ္ဘာကို ဒီလို မျိုး လျှို့ဝှက်စွာ ကြံစည်မှုတွေ၊ မမျှတတဲ့ ပိုင်းခြားမှုတွေ နဲ့ လက်ဝါးကြီးအုပ်ချင်လွန်းနေတဲ့ အကြောင်းတွေကို ခဏဖြစ်ဖြစ်ဖော် ထုတ်လိုက်တာနဲ့တင် ကျေနပ်ပါတယ်” ဟု Snowden က ပြောခဲ့ပါသည်။
Bradley Manning
Bradley Manning သည် အီရတ်စစ်အခြေစိုက်စခန်း၏ အမေရိကန် စစ်ထောက် လှမ်းရေး တစ်ဦးဖြစ်သည်။
Manning သည် လျှို့ဝှက် စာတမ်း ခုနှစ်သိန်းနှစ်သောင်းကို WikiLeaks ဆီ ဖွင့်ချလိုက်ပါသည်။ ယခုကဲ့သို့ပေါက်ကြားစေရာတွင် အမေရိကန် စစ်အာဏာပိုင်တို့၏ ရေးသား ထားသော ထိပ်တန်း data တွေပါရှိပါသည်။ သူသည် ယခုလို ပေါက်ကြားစေမှုဖြင့် အမှုများရင်ဆိုင်နေရပြီး အကယ်၍ ထောင် ကျမည်ဆိုပါက (၁၅၄) နှစ် ကျနိုင်ဖွယ်ရာရှိပါသည်။
“ဒီမကောင်းတဲ့ Server တွေ၊ logging တွေ ၊ မကောင်းဆိုးဝါး physical security တွေ၊ ဒီလို စည်းကမ်းမရှိလေ့လာစောင့်ကြည့်တာတွေ ၊ ဒါတွေအားလုံးအတွက် ကျွန်တော့်လုပ်ရပ်ကတော့ ပြင်းထန် တဲ့ မုန်တိုင်းတစ်ခုလိုပါပဲ ” ဟု Manning က ဆိုပါသည်။
Joe Darby
တပ်ကြပ် Joe Darby သည် အမေရိကန် လက်နက်ကိုင်စစ်သားတစ်ဦးဖြစ်သည်။
Darby သည် အီရတ်နိုင်ငံ ဘဂ္ဂဒါတ်မြို့ အနီး Abu Ghraib အကျဉ်းထောင် အတွင်း အမေရိကန်စစ်သားများက အီရတ်အကျဉ်းသားများအား လူသားချင်းမစာနာ မတရား ညှင်းပန်းနှိပ်စက်နေသော ဓါတ်ပုံများကို ဖော်ထုတ် ပြသလိုက်သူဖြစ်သည်။
” ကျွန်တော်သိပါတယ် ကျွန်တော့်လုပ်ရပ်အတွက်လူအချို့ သဘောကျမှာမဟုတ်ဘူး၊ တချို့ကလည်း ကျွန်တော်မှားလား မှန်လားဆိုတာ ခွဲနိုင်မှာမဘူး ၊ သူတို့ကတော့ အမေရိကန်စစ်သားတွေနဲ့ အီရတ်အကျဉ်းသားတွေကိုသာ နေရာချင်းလဲကြည့်ရင်ကောဆိုပြီး တစ်မျိုးတွေးကြဦးမှာပါ။” ဟု Darby ကပြောပါသည်။
Jeffrey Wigand
Jeffrey Wigand သည် Brown and Williamson စီးကရက် company ၏ သုတေသန ဖွံ့ဖြိုးရေး ဌာ န ဒုတိယ ဥက္ကဌ ဖြစ်ပြီး ဆရာလည်း ဖြစ်သည်။
(၁၉၉၆) ခုနှစ်တွင် ဆေးရွက်ကြီး company များကို သွားရောက်လေ့လာရာမှ စီးကရက်သည် စွဲလမ်းစေသောအရာဖြစ်ပြီး အဆုတ်ကင်ဆာကို ဖြစ်စေနိုင်ကြောင်း သိသော်လည်း အစိုးရအနေဖြင့် လူထု အတွင်းဖော်ပြရာတွင် မှားယွင်းစွာဖော်ပြခဲ့သည်။ သူသည် ၄င်းအဖြစ်အပျက်များကို The Insider ဆိုသော ရုပ်ရှင်ရိုက်ကူးကာ ထိုရုပ်ရှင်သည် အော်စကာဆန်ကာတင်စာရင်းဝင်ခဲ့သည်။
“ကျွန်တော့်ကို သူရဲကောင်းဆိုပြီး လူတွေက ချီးကျူးကြမှာပါ၊ ဒါပေမယ့် သူဒီလိုလုပ်လို့ ဒီလိုပြန်ခံရတယ်လို့ ဆိုတာကိုတော့ လက်မခံပါဘူး၊ ကျွန်တော် က မှန်တာ ကို လုပ်ခဲ့တာပါ၊ ဒါ့အတွက်နောင်တမရပါဘူး၊ မှန်တာကိုပဲ ကျွန်တော် ဆက်လုပ်သွားမှာပါ” ဟု Wigand က ဆိုပါသည်။
W.Mark Felt
W.Mark Felt သည် FBI (Federal Bureau of Investigation) ၏ တွဲဖက် ဒါရိုက်တာတစ်ဦးဖြစ်ပါသည်။
သူသည် သတင်း Bob Woodward နှင့် Carl Bernstein တို့အား ကူညီ၍ သမ္မတ Richard Nion ၏ Watergate တွင်ကျင်းပသော လွှတ်တော် အစည်းအဝေး ၌ တရားမ၀င် ဖုန်းခိုးနားထောင်သော အဖြစ်အပျက်များကို ပေါက်ကြားစေခဲ့သူဖြစ်သည်။
“ကျွန်တော် ကို သူတို့က တော့ သတင်းပေါက်ကြားအောင် လုပ်တဲ့ ယောက်ကျားမဆန်တဲ့လူလို့ ခေါ်ကြမှာပါ” ဟု Felt က ဆိုပါသည်။
Daniel Ellsberg
Daniel Ellsberg သည် RAND ကော်ပိုရေးရှင်းအတွက် အမေရိကန်စစ်ထောက် လှမ်းရေးအရာရှိတစ်ဦးဖြစ်သည်။
(၁၉၆၄) ခုနှစ်တွင် “ကျွန်ုပ်တို့သည် စစ်ပွဲအလိုမရှိ” ကြေညာသော်ငြားလည်း (၁၉၇၁) ခုနှစ် သမ္မတ Lyndon Johnson က ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကို ဗုံးကျဲရန် Pentagon စစ်ဌာ နချုပ်၏ အစီအစဉ်များကို ပေါက်ကြားစေခဲ့သူဖြစ်သည်။
အမေရိကန် တရားရုံးချုပ်ကမူ ယခုလို လျှို့ဝှက် စာရွက်စာတမ်းများကို ထိန်းသိမ်းထား ခဲ့သည်။
“ကျွန်တော် အမေရိကန် နိုင်ငံသားတစ်ယောက်ဖြစ်တယ်၊ တာဝန်သိတဲ့ ပြည်သူတစ်ယောက်အနေနဲ့ အခြားပြည်သူတွေဆီကို ဒီသတင်းတွေပေးဖို့ ဘာမှ ဖုံးကွယ် စရာမလိုပါဘူး” ဟု၎င်းက ဆိုပါသည်။ ။
Ref: gulfnews
Comments