ဇွန် ၂၇၊ ၂၀၁၃
M-Media
KK
ရန်ကုန် ။ ။ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ တောင်ချောင်ကျေးရွာအုပ်စု၊ တောင်ချောင်ကျေးရွာတွင် စာသင်ကြားနေသော ကလေးငယ်များအတွက် ပညာဒါနအဖြစ် စာသင်ကျောင်းဆောင်တစ်ဆောင် လိုအပ်နေသည့်အတွက် Hope for Children ပရဟိတ လူငယ်အသင်းမှ ဆောက်လုပ်လှူဒါန်းနေရာတွင် ပညာဒါနအဖြစ် ပါဝင်လှူဒါန်းပေးနိုင်ကြကြောင်း သိရပါသည်။
တောင်ချောင်ကျေးရွာမှ ကော့မှူးမြို့သို့ ၄၅-မိနစ်ခန့် သွားရောက်နေရသည့် (၇-၈-၉)တန်း ကျောင်းသားကျောင်းသူများအတွက် Hope for Children ပရဟိလူငယ်အသင်းမှ အဆိုပါကျေးရွာတွင် ၁၅-ပေ x ၄၅-ပေ ပတ်လည် စာသင်ခန်း(၃)ခန်းပါ စာသင်ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်လှူဒါန်းရာ ကျပ် ၂၅-သိန်းခန့် ကုန်ကျမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများအနေဖြင့် ပညာဒါနကျောင်းဆောင် ဆောက်လုပ်လှူဒါန်းရာတွင် ကုသိုလ်ပါဝင်လှူဒါန်းနိုင်ကြောင်းနှင့် ဆက်သွယ်လိုပါက (၀၉-၇၃၁၁၇၅၃၆၀၊ ၀၉-၄၂၀၁၈၈၉၅၁၊ ၀၉-၄၂၁၀၁၃၈၀၉၊ ၀၉-၄၂၀၁၀၂၁၉၈၊ ၀၉-၄၂၁၁၂၃၁၃၅)သို့ ဆက်သွယ်နိုင်ကြောင်း ထပ်မံသိရှိရပါသည်။
Comments