6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၂၊ ၂၀၁၃
M-Media
ထွန်းတောက်

ထီးချိုင့် ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့တွင် ယမန်နေ့ ဇူလိုင်လ (၂)ရက်ည ၁၁-နာရီခန့်က မီးရှို့ခံရမှုကြောင့် မွတ်စလင်မ်ပိုင် အိမ်တစ်လုံး မီးလောင်ပြာကျသွားကြောင်း သတင်းရရှိသည်။

Htigyaing, Sagaing

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ထီးချိုင့်သို့ ဆက်သွယ်မေးမြန်းစုံစမ်းခဲ့ပါသည်။

“ဟုတ်ပါတယ် ကျွန်တော် ထီးချိုင့်ကပါ။ အိမ်တစ်လုံး မီးလောင်ပြာကျသွားပါတယ်။ ဖြစ်တာက ကျွန်တော့်နားကအိမ်ပါ။ ထီးချိုင့်မြို့ လက်ခုပ်ပင်၊ အမှတ်(၃)ရပ်ကွက်မှာပါ။ ဘယ်လိုစလောင်သလဲတော့ မသိဘူးဗျ။ ကျွန်တော်တို့ ညဘက်အိပ်စက်နေကြတဲ့အချိန်မှာ ဖြစ်တာပါ။ အိမ်ကလည်း လူမနေပဲ တံခါးပိတ်ထားတာကြာပြီဗျ။ အဲဒီအိမ်က ဒံပေါက်ဆိုင်ဖွင့်တာပါ။ ဆိုင်လည်း ပိတ်ထားတာ ၁-လလောက်ရှိပါပြီ။ ဆိုင်ရှင်ရဲ့အမျိုးသမီး မီးဖွားလို့ပိတ်ထားခဲ့တာ။ မနေ့ကတော့ အားလုံး အိမ်ပြန်ရောက်လာတာ။ လူကြီးတချို့လည်းပါလာတယ်။ မနေ့ကမှ ခရီးကရောက်တော့ ခရီးပန်းပြီး ည ၉-နာရီကျော်လောက်မှာပဲ အိပ်ပျော်သွားတယ်ပြောတယ်။ ည ၁၁-နာရီဝန်းကျင်လောက်မှာ မီးစလောင်တယ်။ မီးလောင်တာကလည်း တစ်နေရာတည်းက လောင်တာမျိုးမဟုတ်ပဲ ခြံစည်းရိုးအစကနေ အဆုံးထိ တလျှောက်လုံး စလောင်တာ။ စလောင်လောင်ခြင်း အိမ်ရှင်တွေလည်းမသိဘူး၊ စသိတာက လူကြီးတွေက စသိလိုက်တာ။ မီးနေသည်အမျိုးသမီးနဲ့ ၁-လသားအရွယ် ကလေးရောရှိနေတော့ အားလုံးပြေးထွက်ကြမယ်လုပ်တော့ ခြံတံခါးကိုလည်း အပြင်ကနေ မင်းတုန်းတွေထိုးထားတယ်။ မီးရှိန်ကလည်း တော်တော်ပြင်းလာတော့ ခြံစည်းရိုးကို အိမ်ရှင်က ရိုက်ချိုးထွက်ပြီးတော့မှ မိသားစုအားလုံးကို အပြင်ထုတ်ရတယ်။ မီးနေသည်အမျိုးသမီးကိုလည်း တစ်ခုခုဖြစ်မှာစိုးလို့ ထိန်းရတယ်။ လူကြီးတွေကလည်း အသက် ၆၀-ကျော်တွေနဲ့ ကလေး ၂-ယောက်ကလည်း ၈-နှစ် ၁၀-နှစ် ကလေးတွေဆိုပဲဆိုတော့ သူတို့ကိုပါ လိုက်ထိန်းပြီးခေါ်ထုတ်ရတယ်။ ခြံဝန်းကတော့ ပေ-၄၀ ပတ်လည်ရှိပါတယ်။ အိမ်ကတော့ ထရံအိမ်ပါပဲ။ အိမ် ၂-လုံးမဟုတ်ပါဘူး။ အိမ် ၁-လုံးတည်းကို အဆောင် ၂-ခု တွဲထားလို့ ၂-အိမ်ထင်ရတာပါ။ အဲ့ဒီတစ်အိမ်လုံးတော့ ပြာကျသွားပါတယ်။ အဲ့ဒီတစ်အိမ်တည်း လောင်သွားတာပါ။ ရှေ့အိမ် နောက်အိမ်တော့ နည်းနည်းပါးပါး မီးဟပ်သွားတယ်။ ပထမတော့ ရပ်ကွက်က ၀ိုင်းပြီး ငြိမ်းကြတာပါ။ တော်တော်ကြာကြာမှာတော့ မီးသတ်ကားရောက်လာပါတယ်။

ဒီနေ့မနက် ၁၀-နာရီမှာ အိမ်ရှင်ကို ရုံးကခေါ်ပြီး စစ်ချက်ယူပါတယ်။ အိမ်ရှင်ကလည်း ဖြစ်စဉ်ကို အစအဆုံးပြောပြပါတယ်။ သူတို့က ပြီးခဲ့တဲ့ ဇွန်လ ၁-ရက်နေ့ကတည်းက ခရီးသွားလိုက်တာ အမျိုးသမီး မီးဖွားမှာကြောင့်လေ။ မနေ့ကပဲ ပြန်ရောက်တယ်။ ပြန်ရောက်ရောက်ချင်း အခုလိုဖြစ်တယ်။ ဟုတ်ပါတယ်။ အခုတော့ သူ့အဒေါ်တစ်ယောက်အိမ်မှာ ခဏနေနေပါတယ်။ ဗလီက အဲ့ဒီအိမ်နဲ့ ၃-ပေ လမ်းတစ်လမ်းပဲ ခြားပါတယ်။ ရုံးကတော့ အိမ်ရှင်တွေကိုကို မနက်ဖြန် ပြန်ပြီးချိန်းထားပါတယ်။ ထူးခြားချက်ရှိရင် ကျွန်တော် ပြောပြပါ့မယ်”လို့ ထီးချိုင့်မြို့ခံတစ်ဦးက M-Media ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

ထီးချိုင့်မြို့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ရှိပြီး ထီးချိုင့်တစ်မြို့လုံးတွင် မွတ်စလင်မ်များ စုပေါင်းဝတ်ပြုရာ ဗလီတစ်လုံးရှိပြီး မွတ်စလင်မ်အိမ်ခြေ ၄၅-အိမ်ခန့်ရှိပြီး ခေတ်အဆက်ဆက် ဘာသာလူမျိုးပေါင်းစုံ အေးချမ်းစွာ နေထိုင်လာခဲ့သော မြို့တစ်ခုဖြစ်ကြောင်းလည်း ထပ်မံသိရှိရပါသည်။

Leave a Reply