ဇူလိုင်-၁၇၊၂၀၁၃
M-Media
အိမေ
ရန်ကုန် ။ ။ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ အတွင်းပဒံကျေးရွာအုပ်စု မြစိမ်းရောင်ကွင်း အမှတ် ၃၆၉ အား မဟာရွှေတောင် ဖွံ့ဖြိုးမှုကုမ္ပဏီ မှတရားမ၀င် လယ်သိမ်းခဲ့ခြင်းအား ပိုင်ရှင်မှ တရားစွဲရန်ဆောင်ရွက် နေပြီဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ ကို ၂၀၁၃-ခုနှစ်၊ ဇူလိုင်လ (၁၇)ရက် နေ့လည် ၁-နာရီ တွင် MJN ( မြန်မာဂျာနယ်လစ်နက်ဝက်လ်) ရုံးခန်း ၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
“ဒီလယ်မြေတွေက ကျွန်တော်တို့ ဘိုးဘွား ပိုင်လယ်ပါ။၂၀၁၁ ခုနှစ် အထိလည်း စိုက်ပျိုးရေး ဘဏ်ကနေ ချေးငွေနဲ့ ဒီလယ်ပေါ်မှာ စပါးစိုက်ပျိုးခဲ့ပါတယ်။၂၀၁၂ ခုနှစ် မေလ ၂၆ ရက်တွင် မိုးဦးကျကာလဖြစ်သောကြောင့် စပါးစိုက်ပျိုးရန် လယ်တဲထိုးခြင်းနှင့် ပတ်ဝန်းကျင်တွင် လယ်မြေများ အရောင်းအ၀ယ် လုပ်နေကြခြင်းကြောင့် လယ်ကွက်မမှားစေရန် ခြံခတ်ခြင်းနှင့် လယ်တဲထိုးခြင်းကို မိသားစုနှင့်အတူ လုပ်ကိုင်နေစဉ် ဦးစန်းပွင့်နှင့် လူ ၁၅ ဦး ခန့်ရောက်လာပြီး ဦးစန်းပွင့်က “သူပိုင်သောလယ်ဟုဆိုကာ” လယ်ကွက်အတွင်းမှထွက်ပေးရန် ခြိမ်းခြောက်ပြောဆိုခဲ့သည်။
ပြည်ထောင်စု သမ္မတနိုင်ငံတော် အစိုးရဆောက်လုပ်ရေး ၀န်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဦးစီး ဌာန နေပြည်တော် စက်မှုလက်မှု လုပ်ငန်းအတွက် မဟာ ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီ အား အသုံးပြုရန် ၂၀၁၁ခုဇွန်လ ၈ ရက်နေ့စွဲဖြင့် စတင် ခွင့်ပြုခဲ့ကြောင်းသိရသည်။၂၃.၅.၂၀၁၂ ရက်တွင် ရွှေတောင် ကုမ္ပဏီမှ လယ်သမားများ နစ်နာကြေးအဖြစ် လယ်တစ်ဧက ကို သိန်း ၈၀ အလျော်ပေးခဲ့သော်လည်း ကျွန်တော်ပိုင် လယ်မြေအား လျော်ကြေး မပေးသည့် အပြင် လယ်မြေထဲမှ မောင်းထုတ်ခြင်းကို ခံခဲ့ရပါသည်။
ဒီလယ်မြေကို စက်မှုလက်မှု လုပ်ငန်းအတွက် မသုံးဘဲ ဦးစန်းပွင့်ထံသို့ ရွှေတောင်ကုမ္ပဏီမှ ထပ်ဆင့်ရောင်းချခဲ့ခြင်းကြောင့် ကျွန်တော်တို့မှာ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့က လယ်သမားတွေဖြစ်တဲ့ အတွက် လယ်အလုပ်ပဲ လုပ်တတ်တာမို့လို့ လယ်မြေတွေပဲ ပြန်လိုချင်ပါတယ်။”ဟု လယ်ပိုင်ရှင် ဦးသောင်းညွန့်က ပြောကြားသည်။
အဆိုပါမြေကွက်အား ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီ နှင့်ရောယှက် မှုမဖြစ်စေရန် ခြံစည်းရိုးခတ်မည်ဖြစ်ကြောင်း ၊ရွှေတောင်ကုမဏီအား အကြောင်းကြားထားပြီးဖြစ်ကြောင်း ၊ပြုလုပ် ခွင့်မပေးပါက တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။
ဓါတ်ပုံများ ကြည့်ရန်။ Click Here
Comments