ဇူလိုင် ၂၇၊ ၂၀၁၃
M-Media
သတင်း – ဆူးထက်
L’oreal ၏ Revitalift Laser နှင့် Lucent Magique ပစ္စည်းသစ် မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ပြည်လမ်းမပေါ်ရှိ Tawin Centre ဒုတိယထပ် ၌ ဇူလိုင်လ ၂၇ရက်နေ့ နေ့လည် ၃နာရီမှ ၅နာရီထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ထိုအခမ်းအနားတွင် Revitalift Laser မှာ IPL/ Laser ထက်ပိုမို သာလွန်သော Anti- aging Skin Care ဖြစ်ပြီး Lucent Magique မှာ Light Infusion Technology ဖြင့် ထုတ်လုပ်ထားသော လင်းလက်လှပ စေသော Make-Up ဖြစ်ကြောင်း Loreal Paris Brand Manager Dr. ဆုနွယ်ဇော်မှ ရှင်းလင်းပြောကြားပေးခဲ့သည်။
အဆိုပါ ပစ္စည်းသစ် မိတ်ဆက်ပွဲတွင် Revitalift Laser ကိုကိုယ်တိုင်သုံးစွဲသူ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ချစ်စနိုးဦး မှလည်း အတွေ့အကြုံများ မျှဝေပေးခဲ့ပြီး Lucent Magique Make-Up ဖြင့် နိုင်ငံကျော် မိတ်ကပ်ပညာရှင် လင်းလင်း ( Make-Up Artust) မှ စင်မြင့်ထက်တွင် လိမ်းခြယ်ပြသပေးခဲ့သည်။
အထူးအစီအစဉ် အနေနဲ ၎င်းအခမ်းအနားသို့ ပထမဆုံး ကြွရောက်လာသော L’oreal ချစ်ပရိသတ် (၃၀)ဦးအား Specian Promotion ဖြင့် မည်သည့် Anti – Aging Skin Care (Moisturizer , Essence , Eye ) ဘူးခွံ ယူလာသူမဆို L’oreal Paris ရဲ့ပစ္စည်းသစ် Revitalift Laser ကို 50% Discount ဖြင့် ၀ယ်ယူခွင့်၊ မည်သည့် Liquid Foundation , Two Cake ဘူးခွံ ယူလာသူမဆို L’oreal Paris ရဲ့ ပစ္စည်းသစ် Lucent Magique ကို 50% Discount ဖြင့် ၀ယ်ယူခွင့်ရရှိကြောင်း သတင်းရရှိသည်။
L’oreal Paris က ၂၀၁၃ခုနှစ်ရဲ့ ထူးခြားတဲ့ နည်းပညာ အသစ်နဲ့ ထုတ်လုပ်ထားတဲ့ ပစ္စည်းသစ်နှစ်မျိုး ( Revitalift Laser နှင့် Lucent Magique Make-Up) မိတ်ဆက်ပွဲကို ကျင်းပခဲ့ရာ ရုပ်ရှင်မင်းသမီး ချစ်စနိုးဦး၊ စိုးနန္ဒာကျော်၊ မြတ်နိုးခင် အပါအ၀င် အနုပညာရှင်များ၊ စာနယ်ဇင်း ဧည့်ပရိတ်သတ်များ၊ Customer များတက်ရောက်ခဲ့သည်။ အဆိုပါ ပစ္စည်းများကို Lasource TradingLtd မှ တရားဝင် ဖြန့်ဖြူးရောင်းချ လျှက်ရှိကြောင်း သိရသည်။
ဓါတ်ပုံများထပ်မံ ကြည့်ရှုလိုလျှင် Click Here
Comments