သြဂုတ်-၁ ၊၂၀၁၃
M-Media
ဆေးခြောက် ထုတ်လုပ်ခြင်း နှင့် ရောင်းဝယ်ဖောက်ကားခြင်းအား တရားဝင် လုပ်ဆောင်ခွင့် ဆိုသော အစိုးရအဖွဲ့၏ အငြင်းပွားဖွယ်ရာ ဥပဒေအဆို တင်သွင်းချက်အား ဥရုဂွေး ပါလီမန်မှ အတည်ပြုလိုက်သည် ဟု သိရသည်။
ဗုဒ္ဓဟူးနေ့က အဆိုပါတင်သွင်းချက်ကို အတည်ပြုခဲ့ပြီး၊ ၁၄ နာရီကြာ အခြေတင် ဆွေးနွေးမှု အပြီးတွင် မဲပေးသူ ဥပဒေပြု လွှတ်တော် အမတ် ၉၆ ဦးအနက် ၅၀ ဖြင့် အနိုင်ရခဲ့သည်။
ဆီးနိတ်လွှတ်တော်မှ ထိုတင်သွင်းချက်အား အပြီးသတ် လုပ်ဆောင်ခွင့် ပေးအပ်ရန် လိုနေသေး ကြောင်း သိရသည်။
“ဥပဒေအသစ်သည် လူများအား ထိုအရာအား ပိုမိုသုံးစွဲရန် တိုက်တွန်းခြင်း မဟုတ်ပါဘူး” ဥပဒေပြု လွှတ်တော်အမတ် တစ်ဦးဖြစ်သူ Sebastian Sabini က ထို မဲခွဲဆုံးဖြတ်မှု အစတွင် ပြောကြားခဲ့သည်။ “အခုလည်း အသုံးပြုနေတာပါပဲ” ဟု သူက တန်ပြန် ခုခံပြောဆိုခဲ့သည်။
ဝန်ကြီးချုပ် ဂျိုဆေးမူဂျီကာ (Jose Mujica)၏ လက်အောက်ခံ ဝန်ကြီးရုံး ကလည်း ထို ဥပဒေအား လက်ခံခဲ့ပြီးဖြစ်သည်။
အဆိုပါ ဥပဒေအား ထောက်ခံသူများက ပြောကြားသည်မှာ တောင်အမေရိကတိုက်တွင် ရှိသည့် ဥရုဂွေးနိုင်ငံတွင် နေထိုင်သော ၃.၄ သန်းရှိ ပြည်သူများအတွင်း လွန်ခဲ့သော ဆယ်နှစ်ကျော်မှ စတင်ကာ ထို ဆေးခြောက်သုံးစွဲမှုမှာ ၂ ဆ တိုးပွားလာခဲ့ကြောင်း၊ အဆိုပါ ဥပဒေ အဆိုပြုချက် အား ကန့်ကွက်ခဲ့သော ပြည်သူ့ပါတီမှ Gerardo Amarilla က ဤ ဥပဒေ အတည်ပြုခြင်းနှင့်  ပတ်သက်၍ သတိပေးခဲ့ပြီး၊ ၄င်း အစီအစဉ်သည် “မီးနှင့်ကစား နေခြင်း” နှင့် တူသည် ဟု ဆိုခဲ့သည်။
မကြာသေးမီက ရရှိခဲ့သော စစ်တမ်းများ အရ ဥရုဂွေး ပြည်သူများ၏ ၆၃ ရာခိုင်နှုန်းမှာ အစိုးရ၏ ဆုံးဖြတ်ချက်အား ကန့်ကွက်ခဲ့ကြသည်ဟု သိရသည်။
DB/HSN
Comments