6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၀၆၊ ၂၀၁၃
M-Media Knowledge ကဏ္ဍ
ရှာဖွေတင်ဆက်သူ – မိုးတိမ်

Danxia

ပန်းချီလား၊ Photoshop နဲ့ ပြင်ထားတဲ့ပုံလား? တစ်ခုမှ မဟုတ်ပါ၊ ဒါဟာ ကျွန်တော်တို့နေထိုင်တဲ့ ဒီကမ္ဘာမြေထဲက ပုံအစစ်ပါဆို ယုံကြမလား? တရုတ်နိုင်ငံ Danxia သဘာဝ ဘူမိဗေဒဇုန်က တောင်တန်းတွေဖြစ်ပါတယ်။

ဗြိတိန်သတင်းစာ Telegraph ရဲ့အဆိုအရ အရောင်ကွဲအလွှာတွေဖြစ်လာတာက သဲကျောက်လွှာတွေနဲ့ တွင်းထွက်တွေဟာ နှစ်ပေါင်း ၂၄ သန်းခန့်မျှ အတူတူဖိသိပ်ခြင်းခံရပြီး ကမ္ဘာမြေသားထုကြီးတွေ တွန်းတိုက်ရာကနေ တွန့်ထွက်လာကြတယ်လို့ ဆိုပါတယ်။ ဗြိတိန် ကိုလံဘီယာမှာလည်း မီးတောင်ကျောက်နဲ့ တခြားတွင်းထွက်တွေ ရောစပ်ပြီး Rainbow Range သက်တံတောင်တန်း လို့ခေါ်တဲ့ အလားတူ တောင်တန်းတွေရှိပါတယ်။

ဒီတောင်တန်းတွေကို နှစ်ထောင်ပေါင်းများစွာ မိုးရယ်လေရယ်တိုက်စားပြီး မြင်ရတဲ့အတိုင်း ချိုင့်ဝှမ်းတွေဖြစ်စေပါတယ်။ ဒီဒေသကို ၂၀၁၀ ခုနှစ်ကစပြီး UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ထည့်သွင်းထားပါတယ်။

Saint Louis တက္ကသိုလ်မှ ဘူမိဗေဒပညာရှင် ဒေါက်တာ John Encarnacion က ကျောက်တွေ ၄၅ ဒီဂရီစောင်းနေတာဟာ အိန္ဒိယတိုက်ငယ်နှင့် အာရှတို့ တွန်းတိုက်မှုကြောင့် ဆက်စပ်နိုင်ကြောင်းဆိုပါတယ်။ မကြာသေးခင်ကမှ တွေ့ရှိထားချက်များအရ အဆိုပါတွန်းတိုက်မှုဟာ လွန်ခဲ့သော နှစ်ပေါင်း ၃၅ သန်းခန့် အလျင်ကဖြစ်ပေါ်ခဲ့ပြီး ကျောက်ပေါင်းများစွာ တရုတ်နိုင်ငံတဝှမ်း ပဲ့ထွက်ခဲ့ကြောင်းပြောပါတယ်။

သို့ပေမယ့် ကျောက်တွေကတော့ ဒီ့ထက်အတော်စောပြီး အနည်းဆုံး လွန်ခဲ့သောနှစ်သန်းပေါင်း ၆၅ (ဒိုင်နိုဆောများရှိသေးစဉ်) ကတည်းက ဖြစ်တည်ခဲ့ကြတာပါ။ ယခုမြင်ရသကဲ့သို့ပုံစံများ ဖြစ်ပေါ်လာစေရန် နှစ်ပေါင်း သန်း ၂၀ ခန့် ကြာခဲ့ပါတယ်။

ကိုးကား – Huffingtonpost, Wunderground

Leave a Reply