သြဂတ် ၆၊ ၂၀၁၃
M-Media
သုတ
မန္တလေး ။ ။ နယူးယောက်ခ်တိုင်းမ်မဂ္ဂဇင်းနှင့် ဦးဝီရသူ၏ တရားပွဲအနီးတွင် ဗုံးပေါက်ကွဲမှုအား ရှုတ်ချပွဲတစ်ရပ်ကို ယနေ့ သြဂတ်လ ၆-ရက်နေ့တွင် မန္တလေးမြို့၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဆန္ဒပြပွဲပြုလုပ်ရန် လှုံ့ဆော်သည့် လက်ကမ်းစာစောင်များတွင် ‘ကမ္ဘာ့အကောင်းဆုံး ဗုဒ္ဓဘာသာကို ကမ္ဘာ့အလယ်တွင် အရုပ်ဆိုး အကျည်းတန်သွားအောင် မဟုတ်မှန် စွပ်စွဲလုပ်ဆောင်မြဲ လုပ်ဆောင်လျက်ရှိသော နယူးယောက်ခ်တိုင်းမ်မဂ္ဂဇင်းနှင့် ဗုဒ္ဓဘာသာတရားပွဲအား ဗုံးခွဲအကြမ်းဖက် တိုက်ခိုက်မှုများကို ရှုတ်ချပွဲ ပြုလုပ်မည်’ဖြစ်ပြီး စတင်မည့်နေရာမှာ ၃၅-လမ်းနှင့် ၈၄-လမ်းထောင့်မှ စတင်ပြီး ၈၃-လမ်းx၄၁-လမ်းထောင့်တွင် ပြီးဆုံးမည်ဖြစ်ပြီး ၆.၈.၂၀၁၃ ရက် နေ့လည် ၁၂-နာရီအရောက် ရဟန်းရှင်လူများပူးပေါင်း ပါဝင်ကြရန် ရေးသားထားပါတယ်။
အဆိုပါ ဆန္ဒပြပွဲစတင်သည့်နေရာသည် ၈-လေးလုံး ငွေရတု အခမ်းအနား ကျင်းပ ပြုလုပ်မည့် ၃၁-လမ်းx၈၄-လမ်းထောင့်ရှိ ဓမ္မသာလခန်းမနေရာအနီးတွင် ဖြစ်သည့်အတွက် ရှစ်လေးလုံး အခမ်းအနားကို အနှောက်အယှက်ပေးချင်တဲ့အတွက် အခု ဆန္ဒပြပွဲကို ပြုလုပ်တာ ဖြစ်တယ်လို့ မန္တလေးမြို့ခံ တချို့ကတော့ သုံးသပ်ကြပါတယ်။
Comments