သြဂုတ်လ- ၂၇ ရက်၊ ၂၀၁၃
M-Media
အမေရိကန်နိုင်ငံရှိ မွတ်စလင်မ်ပရဟိတအဖွဲ့အစည်းတစ်ခုသည် နိုင်ငံ၏ပထမတန်းပရဟိတအသင်း ၁၀ ခုအတွင်း တစ်ခုအပါအ၀င်အဖြစ် အသိအမှတ်အပြုခံခဲ့ရပြီး၊ ကြယ်လေးပွင့် ထိပ်တန်းအဆင့်ဝင်အဖြစ် ရောက်ရှိသွားသည်။
အမေရိကန် မွတ်စ်လင်မ်များအတွက် ၄င်းအရာသည် ၀မ်းမြောက်ဂုဏ်ယူစရာ ကိစ္စတစ်ခုပင် ဖြစ်၍ ၄င်း Helping Hand for Relief and Development (HHRD) အဖွဲ့အစည်းအား ၀မ်းမြောက်စွာဂုဏ်ပြုပါကြောင်း Islamic Circle of North America (ICNA) ၏ ဥက္ကဌ နအီးမ် ဗိုဂ် (NaeemBaig) က OnIslam သို့ ပြောကြားခဲ့သည် ဟုသိရသည်။
“ Helping Hand ရဲ့အောင်မြင်မှု ဆက်လက်တည်တံ့စေဖို့နဲ့ ကမ္ဘာအနှံ့ ဆင်းရဲသူတွေ ချို့တဲ့သူတွေကို အထောက်အကူပေးရေးမှာ သူတို့ရဲ့ကြိုးပမ်းလုပ်ဆောင်မှုများ ယခုထက်ပိုမို အားကောင်းလာဖို့ ကျွန်တော်တို့ဆုတောင်းပေးပါတယ်။” ဟု သူက ဆိုလိုက်သည်။
ပုဂ္ဂလိက လှူဒါန်းမှု၌ HHRD အား ပထမတန်းပရဟိတအသင်း ၁၀ ခုအနက် တစ်ခုအပါအ၀င်အဖြစ် အသိအမှတ်ပြုကြောင်း သြဂုတ်လ ၂၂ ရက်၊ ကြာသပတေးနေ့က ထုတ်ပြန်ကြေငြာခဲ့သည်။
ဘက်လိုက်ခြင်းမရှိ၊ ရည်ရွယ်ချက်ခိုင်မာပြီး၊ လူဦးရေမဲနံပါတ်ဖြင့် အမှတ်ပေးစံနစ်ကိုအသုံးပြုသော နိုင်ငံ၏အကြီးမာဆုံးပရဟိတလုပ်ငန်းဆိုင်ရာအကဲဖြတ်အဖွဲ့အစည်း Charity Navigator မှ အမေရိကန်နိုင်ငံ၏ နာမည်ကျော်လူသိများသည့် ပရဟိတလုပ်ငန်း ၆၀၀၀ ကျော်မှ ရွေးထုတ်ကြေညာခဲ့ခြင်းဖြစ်သည်။
HHRD သည် လက်ရှိတွင် နံပါတ် ၆ စာရင်းဝင်ပြီး၊ ဘဏ္ဍာရေးလည်ပတ်မှုတွင် ၆၈.၉၅ မှတ်၊ တာဝန်ယူမှု နှင့် ပွင့်လင်းမြင်သာမှုတွင် ၇၀ မှတ်၊ ပေးမှတ်စုစုပေါင်း ၇၀ အနက် ၆၉.၂၅ မှတ် ရရှိခဲ့သောကြောင့် HHRD မှာထိပ်တန်းအဆင့် ကြယ်လေးပွင့်ရ ပရဟိတအဖွဲ့အဖြစ် စာရင်းဝင်ခဲ့ပါသည်။
NGO ဆိုသည်မှာ မျိုးနွယ်၊ ယောက်ျားမိန်းမ၊ ဇာတိ၊ အဆင့်အတန်း နှင့် ဘာသာတို့ကို ခွဲခြားခြင်းမရှိပဲ ကမ္ဘာအနှံ့ရှိ လူသားချင်းစာနာထောက်ထားမှုကိစ္စများကို လုပ်ဆောင်သော အဖွဲ့အစည်းဖြစ်ပြီး၊ အရေးပေါ်နှင့် ကပ်ဘေးသင့်အခြေအနေများတွင် သွားရောက်ကူညီပေးလေ့ရှိကြသည်။
HHRD တွင် လက်တွဲလုပ်ဆောင်နေသောအဖွဲ့အစည်းအမြောက်အများရှိသည်။ သေးငယ်သောအသိုင်းအ၀ိုင်းတစ်ခုအား ကူညီထောက်ပံ့ပေးခြင်းမှသည် နိုင်ငံတကာကွန်ယက်နှင့် ချိတ်ဆက်ပြီး နိုင်ငံတော်အဆင့်အထိ အထောက်အကူပေးလျက်ရှိသည်။
မြောက်အမေရိက၌ HHRD တွင် ရုံးခွဲ ၁၃ ခုရှိပြီး၊ ကမ္ဘာတစ်ဝှန်း၌ ၀န်ထမ်းပေါင်း ၃၀၀ နီးပါးမျှရှိ၏။ အရှေ့အလယ်ပိုင်းရှိ ဂျော်ဒန်၊ အာဖရိကရှိ ကင်ညာ နှင့် ဆိုမားလီယား၊ တောင်အာရှရှိ ပါကစ္စတန်၊ အရှေ့တောင်အာရှရှိ မြန်မာ နှင့် ထိုင်း စသည်တို့တွင်လည်း ရုံးခွဲများအသီးသီးရှိကြောင်းသိရသည်။
HHRD သည် ဟေတီ၊ ကင်ညာ၊ ဆိုမားလီးယား၊ အိန္ဒိယ၊ ဆီးရီးယား၊ ဂျော်ဒန်၊ အီဂျစ်၊ တူနီးရှား၊ ပါကစ္စတန်၊ ကရှ်မီးယား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်း နှင့် အင်ဒိုနီးရှား တို့တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
ယင်းအဖွဲ့အစည်းသည် ရာသီအလိုက်လုပ်ဆောင်ချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအကူအညီပေးမှု၊ ဆင်းရဲမှု ပပျောက်ရေး၊ မိဘမဲ့ကလေးများထောက်ပံ့ရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို နိုင်ငံပေါင်း ၅၅ နိုင်ငံ၌ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
အမေရိကားသည် မွတ်စ်လင်မ် ဦးရေ ၆ သန်းမှ ၈ သန်းအတွင်း နေထိုင်ကြသောဒေသတစ်ခုဖြစ်သည်။ ဘာသာရေးနှင့်လူထုရေးရာ Pew Forum အဖွဲ့မှ ယခုလအစောပိုင်းတွင် “The World’s Muslims: Religion, Politics and Society” ခေါင်းစဉ်ပါ ကွင်းဆင်းသုတေသနမှတ်တမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့ရာ အမေရိကန်မွတ်စ်လင်များသည် အစွန်းမရောက် သမမျှတမှုအမြင်ရှိသည့်- ပဋိပက္ခများကို မလိုလားသည့် – မိမိနိုင်ငံအပေါ် အကောင်းမြင်အကျိုးပြုပြီး သစ္စာရှိသည့် လူ့အဖွဲ့အစည်းဖြစ်ကြောင်း ဖော်ပြထားသည်။
Ref: OnIslam
Comments