M-Media
သြဂုတ် ၂၈ ရက်၊ ၂၀၁၃
အစိုးရအဖွဲ့အစည်းများ၊ ရန်ကုန်စည်ပင်သာယာရေးကော်မတီ (၀ိုင်စီဒီစီ) နှင့် Yagon Heritage Trust တို့မှ ဗိသုကာများနှင့် မြို့ပြအင်ဂျင်နီယာ ၁၂ ဦးတို့ကို မြို့ပြပြုပြင်ထိန်းသိမ်းရေးနှင့် အစီအမံများနှင့်ဆိုင်သော ပညာရပ်ဆိုင်ရာ သင်တန်းကို သြစတြေးလျနိုင်ငံ၊ ဘရစ္စဘိန်းရှိ ကွင်းစလန်တက္ကသိုလ်မှ သင်ကြားပေးမည်ဖြစ်ကြောင်း Yagon Heritage Trust မှ သိရသည်။
ထိုသတင်းကို သြစတြေးလျအစိုးရအထောက်အပံ့ဖြင့် စီစဉ်ခြင်းဖြစ်သည်။ သြဂုတ်လ ၂၂ ရက်နေ့ က သင်တန်းသားများကို သြစတြေးလျနိုင်ငံခြားရေး ၀န်ကြီး ဘော့ကားရ်ကိုယ်တိုင် တွေ့ဆုံခဲ့ သည်။ ပြီးခဲ့သည့်နှစ်က ရန်ကုန်တွင် ဘော့ကားရ်နှင့် Yagon Heritage Trust တို့ တွေ့ ဆုံဆွေးနွေးခဲ့ရာ၌ သြစတြေးလျအနေဖြင့် မြန်မာအား မြို့ပြပြုပြင်ထိန်းသိမ်းရေးကဏ္ဍများ ၌ ငွေကြေးထောက်ပံ့ခြင်းမျိုး ပြုလုပ်ပေးမည်ဟု ကမ်းလှမ်းခဲ့ဖူးသည်။
Comments