သြဂုတ်လ-၂၈ ရက်၊ ၂၀၁၃
M-Media
မြင်မိုရ်မောင်မောင်
August 26 နေ့က ၀ါရှင်တန်ပို့စ်(Washington Post) မှာ Max Fisher တင်ပြတဲ့ဆောင်းပါးတစ်ပုဒ်ကို ကြည့်ပြီး နိုင်ငံရေးဗေဒပညာရှင်တွေ ပါးစပ် အဟောင်းသား ဖြစ်သွားကြကုန်သတဲ့။
လက်ရှိ (အီဂျစ်၊ ဆီးရီးယား အပါအ၀င်) အရှေ့အလယ်ပိုင်းဒေသအနေအထားကို နောက်ခံဆက်စပ်မှုဇယားတစ်ခုနဲ့တစ်ကွ နာမည်ကြီး အီဂျစ်ဘလော့ဂါ တစ်ဦးက ပေးပို့ချက်ပေါ်မူတည်ပြီး ရေးသားဖော်ပြလိုက်တာပါ။
အဲ့ဒီပဋိပက္ခတွေရဲ့နောက်ကွယ်မှာ အုပ်စုကြီး ၂ ဖွဲ့ ရှိကြောင်း၊ တစ်ဖွဲ့က ဇာတ်ဆရာအုပ်စု (အမေရိကန်၊ အီရန်၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ တူရကီ နဲ့ အစ္စရေး ) ဖြစ်ပြီး၊ နောက်တစ်ဖွဲ့က အသုံးတော်ခံအုပ်စု (အီဂျစ်၊ ဆီးရီးယား၊ လက်ဘနွန် နဲ့ ပါလက်စတိုင်းဝန်းကျင် ) လို့ ခွဲခြားနိုင်ကြောင်း ရေးသားထားတယ်။
လက်ရှိ အရှေ့အလယ်ပိုင်းနိုင်ငံရေး ရဲ့ မုန့်လုံးစက္ကူကပ်ဇာတ်လမ်းနဲ့ပတ်သက်လို့ အောက်ပါအတိုင်းလိုတိုရှင်း ဆွဲထုတ်ပြထားတာက စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဟာသလိုလို သရော်ချက်လိုလိုနဲ့ ပကတိတရားကို ကွင်းကွင်းကွက်ကွက် မြင်သာအောင် ဖော်ပြချက်လေးကို ဖတ်ရှုကြည့်ပါ။
** အီရန်က အာဆဒ် ရဲ့နောက်က ရပ်တည်နေတယ်။ ပင်လယ်ကွေ့နိုင်ငံတွေက အာဆဒ်ကို ဆန့်ကျင်နေတယ်။
** အာဆဒ်က မုစ်လင်မ်ညီနောင်များအဖွဲ့ကို ဆန့်ကျင်တယ်။ မုစ်လင်မ်ညီနောင်များအဖွဲ့နဲ့အိုဘားမားတို့က ဗိုလ်ချုပ် စစ်စီကို ဆန့်ကျင်ပြန်တယ်။
** ဒါပေမယ့် ပင်လယ်ကွေ့နိုင်ငံများက ဗိုလ်ချုပ်စစ်စီကို ထောက်ခံသူတွေဖြစ်နေပြန်တော့ မုစ်လင်မ်ညီနောင်များအဖွဲ့ကို ဆန့်ကျင်သူတွေ ဖြစ်နေပြန်ရော။
** အီရန်က ဟားမားစ်အဖွဲ့ကို ထောက်ခံနေတယ်။ ဒါပေမယ့် ဟားမားစ်က မုစ်လင်မ်ညီနောင်များအဖွဲ့ရဲ့နောက်က ရပ်တည်လျက်ရှိတယ်။
** အိုဘားမားက မုစ်လင်မ်ညီနောင်များအဖွဲ့ဖက်က ရပ်တည်နေပေမယ့် ဟားမားစ်က အမေရိကကို ဆန့်ကျင်သူပါတဲ့။
** ပင်လယ်ကွေ့နိုင်ငံအားလုံးက အမေရိကကို ထောက်ခံကြတယ်။ တူရကီကတော့ ပင်လယ်ကွေ့နိုင်ငံတွေနဲ့အတူ အာဆဒ်ကို ဆန့်ကျင်နေတယ်။ တစ်ခါ တူရကီက ဗိုလ်ချုပ်စစ်စီကိုဆန့်ကျင်တဲ့ မုစ်လင်မ်ညီနောင်များအဖွဲ့ဖက်က ရပ်တည်ထားတယ်။ ဗိုလ်ချုပ်စစ်စီဖက်က ရပ်တည်နေသူများဟာ ပင်လယ်ကွေ့နိုင်ငံများ ပြန်ဖြစ်နေတဲ့အခါ …….
(အရှေ့အလယ်ပိုင်းဒေသမှ အသင့်အား လှိုက်လှဲစွာကြိုဆိုပါ၏။ ပျော်ရွှင်ချမ်းမြေ့တဲ့နေ့တစ်နေ့ဖြစ်ပါစေ)
KN Al-Sabah,
London EC4, U.K.
အပြည့်အစုံကို >>
http://www.washingtonpost.com/blogs/worldviews/wp/2013/08/26/the-middle-east-explained-in-one-sort-of-terrifying-chart/ မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါပြီ။
Comments