6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ်လ- ၂၈ ရက်၊ ၂၀၁၃
M-Media

us-aircraft-carrier
ဆီးရီးယား အခြေအနေ

ဆီးရီးယားကို ဓါတုလက်နက် သုံးစွဲတိုက်ခိုက်မှုဖြင့် စစ်ရေးအရ အရေးယူရန် အမေရိကန် နှင့် မဟာမိတ်များက စီစဉ်လျက်ရှိသည်။ ရုရှ နှင့် တရုတ်က ကန့်ကွက်လျက်ရှိပြီး အီရန်ကမူ ထိုကဲ့သို့ တိုက်ခိုက်လျင် တန်ပြန် အနေဖြင့် အစ္စရေး ကခံစားရမည်ဟု ဆိုသည်။ ကမ္ဘာ့ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Lakhdar Brahim က ဓါတုလက်နက် သုံးစွဲမှုမှာ မှန်ကန်သော်လည်း အရေးယူရန် လုံခြုံရေးကောင်စီ နိုင်ငံများ၏ သဘောတူညီမှု ရယူရန် လိုအပ်ကြောင်း ပြောသည်။ ဗြိတိန် ဝန်ကြီးချုပ်က ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများက ထို အရေးယူ တိုက်ခိုက်မှုကို ထောက်ခံပေးရန် တောင်းဆိုခဲ့သည်။
________________________
တရုတ်နိုင်ငံ ဗိုလ်ချုပ်တစ်ဦး၏သား မုဒိန်းမှုကျူးလွန်

အဆင့်မြင့် စစ်ဗိုလ်ချုပ် Li Shuangjiang ၏ ၁၇ နှစ်အရွယ် သားဖြစ်သူ Li Tianyi နှင့် အပေါင်းပါများကို သည် ဖေဖေါ်ဝါရီလက အုတ်စုဖွဲ့ အဓ္ဓမပြုကျင့်ခဲ့သဖြင့် ၎င်းတို့ကို တရားစွဲဆိုထားသည်။
________________________
မာတင်လူသာကင်း မိန့်ခွန်း အထိမ်းအမှတ်နေ့

“let freedom ring” လှုပ်ရှားမှု ဟုခေါ်ဆိုသော မာတင်လူသာကင်း ၏အသားအရောင်ခွဲခြားမှု ဆန့်ကျင်သည့် “I Have a Dream” မိန့်ခွန်း အထိမ်းအမှတ် အဖြစ် ကျောင်းများ နှင့် ခရစ်ယာန်ဘုရားကျောင်း စုစုပေါင်း ၁၀၀ မှ ခေါင်းလောင်းများကို ယနေ့ ၃နာရီတိတိတွင် တီးခတ်မည် ဖြစ်သည်။
________________________
အီရတ်နိုင်ငံ ဗုံးပေါက်ကွဲမှု

ဘက်ကဒက်မြို့တွင်ရှီယာ အများစုနေထိုင်ရာ နေရာများတွင် ဗုံး ပေါက်ကွဲမှုများကြောင့် ၄၄ဦးသေဆုံးသည်။
________________________
ပထမဆုံး ဦးနှောက် အာရုံ အသုံးပြု၍ အခြားလူကို ထိန်းချုပ်

ဝါရှင်တန် တက္ကသိုလ်မှ သုတေသနပညာရှင် Rajesh Rao နှင့် Andrea Stocco တို့သည် တစ်ဦး၏ ဦးခေါင်းတွင် ဦးဏှောက် လှိုင်းကို ဖမ်းယူသည့် ကိရိယာ ဝတ်ဆင်ကာ ထိုလျှပ်စစ်သံလိုက် လှိုင်းကို အင်တာနက်မှ တစ်ဆင့် အခြားတစ်ဦး၏ လက်ကို ထိန်ချုပ်သော motor cortex ပေါ်တွင် တိုက်ရိုက် ဝတ်ဆင်ထားသော ကိရိယာကို ပို့လွှတ်ခြင်းဖြင့် လက်ရွေ့ ရှားမှုကို ထိန်းချုပ်နိုင်ခဲ့သည်။
________________________
လေ့ကျင့်ရေးလေယာဉ်ငယ်ပျက်ကျမှုကြောင့် တောင်ကိုရီးယား လေယာဉ်မှူးနှစ်ဦး သေဆုံး

တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ဘက်ရှိ ဂွမ်ဂျူမြို့တွင် လေ့ကျင့်ရေးလေယာဉ်ငယ်တစ်စင်း ယနေ့နေ့လည်က ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါသွားသည့် လေးယာဉ်မှူး နှစ်ဦးစလုံး သေဆုံးခဲ့သည်ဟုသိရသည်။ ဒေသ စံတော်ချိန် နေ့လည် ၂ နာရီ ၈ မိနစ်တွင် ဂွမ်ဂျူမြို့ရှိ တောင်ကိုရီးယားလေတပ် စခန်းအနီးတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။
________________________
တာလီဘန်တို့ အာဖဂန်အစိုးရနှင့် ဆွေးနွေးရန် ဆန္ဒမရှိဟု ပါကစ္စတန်ဆို

တာလီဘန်တို့မှာ ငြိမ်းချမ်းရေးကိစ္စအတွက် အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းနှင့် ဆွေးနွေးရန် ဆန္ဒမရှိဟု ပါကစ္စတန်မှ ယမန်နေ့က ပြောကြားလိုက်သည်။ အဆိုပါ ထုတ်ပြန်ချက်မှာ တာလီဘန်များနှင့် စားပွဲဝိုင်းတွင်ဆွေးနွေးရန် ရည်ရွယ်သွားရောက်ခဲ့သည့် သမ္မတဟာမစ်ကာဇိုင်း၏ နှစ်ရက်ကြာ ခရီးစဉ်အပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အာဖဂန်အစိုးရက တာလီဘန်ခေါင်းဆောင်များမှာ ပါကစ္စတန်တွင်ရှိနေသည်ဟု ပြောဆိုထားပြီး တာလီဘန်များနှင့် အာဖဂန်ငြိမ်းချမ်းရေး ကောင်စီတို့အကြား ဆွေးနွေးပွဲများဖြစ်ပေါ်လာစေရန် ပါကစ္စတန်အစိုးရက ကြိုးစားလုပ်ဆောင်ပေးသင့်သည်ဟု ယူဆနေသည်။
________________________
ဆီးရီးယားအား ၀င်ရောက်တိုက်ခိုက်ရန် ကန်တပ်များအဆင်သင့်ဖြစ်နေ

ဆီရီးယားပြည်တွင်းစစ်အတွင်း အာဆတ်အစိုးရ၏ ဓာတုလက်နက်များသုံး၍ တိုက်ခိုက်မှုများအပေါ် စစ်ရေးအရ အရေးယူရန် အမေရိကန် စစ်တပ်များအားလုံး အဆင်သင့်ဖြစ်နေပြီဟု အမေရိကန်ကာကွယ်ရေးအကြီးအကဲ ချော့က် ဟဂယ်လ်က ပြောကြားလိုက်သည်။ ကန်သမ္မတ ဘာရက်အိုဘားမား အမိန့်ပေးပါက ၀င်ရောက်တိုက်ခိုက်ရန် ပြင်ဆင်ထားသည်ဟု ဘရူနိုင်းသို့ရောက်ရှိနေသည့် ဟဂယ်လ်က ပြောကြားလိုက်ခြင်းဖြစ်သည်။
________________________
နျူးကလီးယားစွမ်းအင်ထုပ်လုပ်ခြင်းနှင့်သက်ဆိုင်သည့် ကျွမ်းကျင်လုပ်သားများအား ဗီယက်နမ်ရှာဖွေ

ဗီယက်နမ်နိုင်ငံသည် လာမည့်နှစ်အစောပိုင်းတွင် နိုင်ငံ၏ ပထမဦးဆုံးနျူးကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ရန်အတွက်ပြင်ဆင်နေပြီး ထိုစီမံကိန်းအတွက် ကျွမ်းကျင်လုပ်သားများအား ရှာဖွေစုဆောင်းနေသည်ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည်။

Leave a Reply