စက်တင်ဘာ ၂၄၊ ၂၀၁၃
M-Media
ဒိုဟာအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Ooredoo ကုမ္ပဏီသည် ပြင်သစ် ပထမတန်း ဘောလုံးကလပ် Paris Saint – Germain (PSG) ဘောလုံးအသင်းအား ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပံ့ပိုးကူညီရခြင်း၏ အဓိကရည်ရွယ်ချက်မှာ လူငယ်များနှင့် လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီထောက်ပံ့ပေးရန် အတွက်ဖြစ်ပြီး Ooredoo ၏ လုပ်ငန်းများဆောင်ရွက်နေသည့် အရှေ့ အလယ်ပိုင်း၊ မြောက် အာဖရိကနှင့် အရှေ့တောင် အာရှနိုင်ငံများမှ လူငယ်များအတွက် ဘောလုံး လေ့ကျင့်ရေး စခန်းကျောင်း အပါအ၀င် လူ့အဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်မှု အစီအစဉ်များကို မိတ်ဆက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
Ooredoo ကုမ္ပဏီ အမှတ်တံဆိပ်ကို Paris Saint – Germain (PSG) အသင်း၏ တီရှပ်နောက်ကျောနှင့် လေ့ကျင့်ရေး ပစ္စည်းများပေါ်တွင် ရိုက်နှိပ်မည်ဖြစ်ပြီး အသင်း၏ လေ့ကျင့်ရေး အဆောက်အဦးကိုလည်း Ooredoo Training Center ဟု ပြောင်းလဲ ခေါ်ဆိုမည်ဖြစ်ကြောင်းလည်း သိရသည်။
Ref : ooredoo
Comments