6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၂၈၊ ၂၀၁၃
M-Media

2892013
ဂျူးမုန်းတီးရေးသင်္ကေတအား မသုံးရန် စပါးနှင့်ချယ်ဆီးပရိတ်သတ်များကို ရဲတပ်ဖွဲ့သတိပေး

စနေနေ့တွင် စပါးအသင်း၏ အိမ်ကွင်း ၀ှိုက်ဟတ်လိန်းတွင် ကစားမည့် စပါးအသင်းနှင့် ချယ်ဆီးအသင်းတို့ ကစားမည့် ပရီးမီယားလိဂ်ပွဲစဉ်တွင် ပရိတ်သတ်များအနေဖြင့် ဂျူးမုန်းတီးရေးသင်္ကေတ (Y-သင်္ကေတ) ကိုအသုံးမပြုရန် ရဲတပ်ဖွဲ့က သတိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထိုသင်္ကေတမှာ ဂျူးအယူဝါဒကို သက်ဝင်သူတို့အား နှိမ့်ချသည့် သင်္ကေတအဖြစ် အသုံးပြုကြပြီး စပါးအသင်းကို စတင်အမာခံ အားပေးခဲ့သည့် ပရိတ်သတ်များမှာ ဂျူးလူမျိုးများဖြစ်သောကြောင့် ၎င်းတို့အား စော်ကားနှိမ့်ချရန် အသုံးပြုကြသည်။ နောက်ပိုင်းတွင် စပါးအသင်း၏ ဂျူးမဟုတ်သည့် ပရိတ်သတ်များက ထိုသင်္ကေတအား ဆက်လက် မွေးစားအသုံးပြုခဲ့သည်။ ထိုသင်္ကေတအား အသုံးပြုသည့် မည်သည့်ပရိတ်သတ်ကိုမဆို ကွင်းအတွင်းမှ ဖယ်ရှားပစ်မည်ဟု ဒေသဆိုင်ရာရဲတပ်ဖွဲ့က ကြေညာထားသည်။
“သီးသန့်အနေနဲ့ (ရဲတပ်ဖွဲ့ဝင်တွေဟာ) ဂျူးဆန့်ကျင်ရေးသင်္ကေတအသုံးပြုတဲ့သူတွေကို စောင့်ကြည့်သွားမှာပါ။ ပြီးတော့ ကျူးလွန်သူတွေကိုလည်း ဖယ်ရှားသွာမှာပါ” ဟု စပါးအသင်း၏ ၀ဘ်ဆိုဒ်တွင် ကြေညာထားခဲ့သည်။ ချယ်ဆီးအသင်းကလည်း စပါး ပရိတ်သတ်များကို စော်ကားသည့်အနေဖြင့် ထိုသင်္ကေတအား အသုံးမပြုရဟုသတိပေးထားပြီး “လူမျိုးရေးခွဲခြားတဲ့ အပြုအမူ၊ အပြောအဆို ပုံစံအားလုံးကိုတားမြစ်ထားပြီး အဲဒီအထဲမှာ Y- သင်္ကေတ အသုံးပြုတာလည်းပါဝင်ပါတယ်” ဟု ချယ်ဆီးအသင်းမှ ထုတ်ပြန်သောကြေညာချက်တွင်ဖေါ်ပြထားသည်။
goal
_________________________
ပရိတ်သတ်များ၏အပြုအမူများကြောင့် ယူကရိန်းအသင်းအား ဖီဖာပြစ်ဒဏ်ချမှတ်

စက်တင်ဘာ ၆-ရက်နေ့က ယူကရိန်းနိုင်ငံ အလ်ဗစ်မြို့တွင် ဆန်မာရီနိုနှင့် ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပြုမူခဲ့သည့် ယူကရိန်း ပရိတ်သတ်များ၏ အပြုအမူများကြောင့် ဖီဖာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထိုပြစ်ဒဏ်ကြောင့် ယူကရိန်းအသင်း နောက်ထပ်ကစားမည့် အိမ်ကွင်းပွဲစဉ်တွင် ပရိတ်သတ် မပါဘဲကစားရမည်ဖြစ်ပြီး အလ်ဗစ်ရှိ အမျိုးသားအားကစားရုံ အသုံးပြုခြင်းကိုလည်း ပိတ်ပင်ခဲ့သည်။ ဆန်မာရီနိုနှင့်ပွဲတွင် ယူကရိန်းအသင်းပရိတ်သတ်များမှာ ကွင်းအတွင်း မီးရှူးမီးပန်းများ ပစ်ဖေါက်ကာ အနှောက်အယှက်ပေးခဲ့ကြပြီး ကွင်းမျက်နှာစာတွင် နာဇီလက်သစ်နဖူးစီးများ ချိတ်ဆွဲခြင်း၊ နာဇီပုံစံ အလေးပြုခြင်းနှင့် မျောက်သတ္တ၀ါကဲ့သို့ အသံများ၊ အပြုအမူများအပါအ၀င် လူမျိုးရေးခွဲခြားသော လုပ်ရပ်များပြုလုပ်ခဲ့သည်ဟု ဒိုင်လူကြီးနှင့် ပွဲကြီးကြပ်သူများ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ဒီအဖြစ်အပျက်တွေအားလုံးရဲ့ အသေးစိတ်အချက်အလက်ကိုရယူပြီးနောက် ကော်မတီအနေဖြင့် ယူကရိန်းအသင်း နောက်ထပ် ကစားရမည့် အဓိကပြိုင်ပွဲဖြစ်သည့် ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ(အောက်တိုဘာ ၁၁ ရက်နေ့တွင်ကစားရမည့် ပိုလန်အသင်းနှင့်ပွဲ) အား ပရိတ်သတ်မပါဘဲကစားစေရန် ဆုံးဖြတ်လိုက်သည်။ ထို့ပြင် ၂၀၁၈ ရုရှားနိုင်ငံတွင်ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအထိ အလ်ဗစ်မြို့ရှိ အာကစားကွင်းအား အသုံးပြုမှုကိုလည်းပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ပါသည်။” ဟု ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီမှတ်ထုတ်ပြန်သော အစီရင်ခံစာတွင်ဖော်ပြထားသည်။
goal
_________________________
အာဆင်နယ်တွင်သာ နည်းပြဘ၀အဆုံးသတ်ချင်သည်ဟု ၀င်းဂါးဆို

အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာဆင်ဝင်းဂါးမှာ အာဆင်နယ်အသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် အဆင်သင့်ဖြစ်နေပြီး သူချစ်သော အာဆင်နယ်တွင်သာ နည်းပြဘ၀ ကုန်ဆုံးချင်သည်ဟု ပြောကြားလိုက်သည်။ အာဆင်ဝင်းဂါးမှာ ၁၉၉၆-ခုနှစ်ကတည်းက အာဆင်နယ်သို့ ရောက်ရှိခဲ့ပြီး လာမည်နှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ကာ အသင်းမှထွက်ခွာတော့မည်ဟု အစောပိုင်းက ကောလဟာလများ ထွက်ပေါ်ခဲ့သေးသည်။ ၀င်းဂါးကလည်း ယခုနှစ် ဘောလုံးရာသီက သူ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း အာဆင်နယ်အသင်း၏ ရှယ်ယာ အများဆုံးပိုင်ဆိုင်သူ စတန်ကရိုအန်ကီ၏ လှိုက်လှဲစွာထောက်ခံမှုကိုရရှိပြီးနောက် အာဆင်နယ်အသင်းတွင်ဆက်နေရန် ၀င်းဂါးမှာ ယုံကြည်မှုပိုရှိလာခဲ့သည်။
“စတန်ကရိုအန်ကီရဲ့ထောက်ခံမှုကိုရတာ ကျွန်တော်တော်တော်ဂုဏ်ယူပါတယ်။ ကျွန်တော်အသင်းကို ကူညီနိုင်မယ်လို့ သူ့ရဲ့ ထင်မြင်ချက်ဟာ သိပ်ကိုကြီးမားတဲ့ မဲတစ်ခုပါပဲ။ ကျွန်တော့်အတွက်တော့ အရမ်းကောင်းပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းပေါ်ထားရှိသည့်သဘောထားနှင့်ပက်သက်၍လည်း ၀င်းဂါးက “အသင်းရဲ့ အပြောင်းအလဲမရှိတဲ့ ထောက်ခံမှု ကိုလည်း ကျွန်တော်ရခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ၁၇-နှစ်တာ ကာလအတွင်းမှာ အတက် အကျတွေအများကြီးနဲ့ တွေ့ကြုံခဲ့ရပေမယ့် ကျွန်တော့်ကို ထောက်ခံကြတဲ့အတွက် ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်။ သူတို့အားလုံးကျွန်တော့်ကို ယုံကြည်မှုတွေ ပေးခဲ့ပါတယ်။ ဒီအသင်းမှာ တစ်သက်လုံးရှိနေရတာကို ကျွန်တော်နှစ်သက်ပါတယ်။ ကျွန်တော် ဒီအသင်းကို ချစ်ပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
skysports
_________________________
မလေးရှားအိုးပင်း တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ဒေးဗစ်ဖာရဲရားရှုံးနိမ့်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် မလေးရှားအိုးပင်းတင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် နိုင်အခြေအဆင့် ၁ ရှိ စပိန်တင်းနစ်သမား ဒေးဗစ်ဖာရဲရားမှာ အံ့သြဖွယ် ရှုံးနိမ့်ခဲ့သည်ဟုသိရသည်။

ဖာရဲရားမှာ နိုင်အခြေအဆင့်သတ်မှတ်ခြင်းမခံရသည့် ပေါ်တူဂီတင်းနစ်သမား ဂျိုအာအို ဆော့ဆာအား ၆-၂၊ ၇-၆(၈-၆)ဖြင့် ရှုံးနိမ့်ခဲ့သည်။ ယခုပွဲအနိုင်ရရှိမှုကြောင့် ဆော့ဆာမှာ ကမ္ဘာ့ထိပ်တန်း ၁၀ ဦးအဆင့်ဝင် တင်းနစ်သမားအား ပထမဆုံးအနိုင်ရရှိခြင်းလည်းဖြစ်ခဲ့သည်။
“ကျွန်တော် အရင်က တစ်ခါမှ ထိပ်တန်း ၁၀-ဦးထဲက ကစားသမားကိုမနိုင်ဖူးပါဘူး။ ထိပ်တန်း ၅-ဦးဆိုရင်တော့ ပြောမနေပါနဲ့တော့။ ဒီအောင်ပွဲဟာ ကျွန်တော့်အတွက် အကြီးမားဆုံးအောင်ပွဲဖြစ်တယ်ဆိုတာ သံသယရှိစရာမလိုပါဘူး” ဟု ကမ္ဘာ့အဆင့်-၇ ရှိ ဆော့ဆာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
skysports
_________________________
WTA Toray Pan Pacific Open တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲသို့ ကဗီတိုဗာတက်ရောက်

ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ကျင်းပပြုလုပ်နေသည့် WTA Toray Pan Pacific Open အမျိုးသမီး တင်းနစ်ပြိုင်ပွဲဆီးမီးဖိုင်နယ်ပွဲစဉ်များကို ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့ရာ ကဗီတိုဗာနှင့် ကာရ်ဘာရ်တို့ အနိုင်ရရှိခဲ့ကာ နောက်ဆုံးဗိုလ်လုပွဲသို့တက်ရောက်သွားပြီဟုသိရသည်။

ကမ္ဘာ့အဆင့် ၁၁ တင်းနစ်မယ် ပီထရာ ကဗီတိုဗာမှာ အမေရိကန်နာမည်ကြီးတင်းနစ်မယ် ဗီးနပ်စ် ၀ီလီယံကို အကြိတ်အနယ်ကစားကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၂ နာရီ ၂၄ မိနစ်ကြာမြင့်ခဲ့သော အဆိုပါပွဲတွင် ကဗီတိုဗာမှာ ဗီးနပ်စ်အား ၃-၆၊ ၆-၃၊ ၇-၆ ဖြင့်အနိုင်ရရှိခဲ့ပြီး ယခုနှစ်အတွင်း တင်းနစ်ပြိုင်ပွဲများတွင် ဗိုလ်လုပွဲသို့ တတိယအကြိမ်တက်ရောက်နိုင်ခဲ့သည်။

ကမ္ဘာ့အဆင့် နံပါတ် ၉ ရှိ ဂျာမန်တင်းနစ်မယ် အိန်ဂျယ်လစ် ကာရ်ဘာရ်မှာလည်း နိုင်ခြေအဆင့် ၄ ရ ဒိန်းမတ်တင်းနစ်မယ် ကာရိုလိုင်း ၀ုဇ်နီအက်ကီအား ၆-၄၊ ၇-၆ ဖြင့်အနိုင်ရရှိခဲ့သည်။

WTA Toray Pan Pacific Open တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲကို ယနေ့တွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကဗီတိုဗာနှင့် ကာရ်ဘာရ်တို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
skysports

Leave a Reply