6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၊ ၂၀၁၃
M-Media
အာဆင်ဝင်းဂါးမှာ ပရီးမီးယားလိဂ်တွင် အကောင်းဆုံးမန်နေဂျာဖြစ်သည်ဟု ဘင်နီတက်ဇ်ဆို

ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လန်ဒန်၌ ယနေ့ညတွင် အာဆင်နယ်အသင်းနှင့်ကစားရမည့် နာပိုလီအသင်းနည်းပြ ဘင်နီတက်ဇ်က အာဆင်ဝင်းဂါးမှာ ပရီးမီးယားလိဂ်အတွင်အကောင်းဆုံးနည်းပြဖြစ်သည်ဟု ချီးကျူးပြောဆိုလိုက်ပြီး အာဆင်နယ်အိမ်ကွင်းတွင်ကစားရမည့် ပွဲစဉ်မှာ ခက်ခဲသောပွဲစဉ်ဖြစ်မည်ဟု မှတ်ချက်ပေးခဲ့သည်။

“အာဆင်ဝင်းဂါးဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးမန်နေဂျာပါ။ ဒေါ့မွန်နဲ့ပွဲမှာ ကျွန်တော်တို့ ပွဲအစကတည်းက တိုက်စစ်စင်ကစားခဲ့ပါတယ်။ ဒါပေမယ့် မနက်ဖြန် (အင်္ဂါနေ့) ပွဲမှာတော့ ဒီလိုမရတော့ပါဘူး။ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ ပရီးမီးယာလိဂ် ထိပ်ဆုံးရောက်နေတဲ့အသင်းနဲ့ ကစားရမှာမို့လိုပါ” ဟု ဘင်နီတက်ဇ်က ပြောကြားခဲ့သည်။

ထို့ပြင် အာဆင်နယ်အသင်းအား ရင်ဆိုင်မည့်ပုံစံနှင့်ပက်သက်၍ ဘင်နီတက်ဇ်က “ပြိုင်ဘက်ကိုလေးစားမှုထားပြီး ကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံနဲ့ စွမ်းအားကို ပြသရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ကြောက်နေမှာမဟုတ်ပါဘူး” ဟု ထည့်သွင်းပြောကြားခဲ့သည်။

နာပိုလီအသင်းမှာ ယခုနှစ်တွင်ငွေကြေးအမြောက်အများသုံးစွဲကာ အသင်းအားပြင်ဆင်မှုများပြုလုပ်ထားပြီး စီးရီးအေတွင် ၆ ပွဲကစား ၁၆မှတ်ဖြင့် ဒုတိယနေရာတွင်ရှိနေကာ ပုံစံကောင်းရနေသည့်အသင်းလည်းဖြစ်သည်။
goal
____________________

မက်ဆီ၏နေရာအားအစားထိုးရန် ခက်ခဲမည်ဟု မာတီနိုဆို

ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ မာတီနိုက ဘာစီလိုနာအသင်းတွင် မက်ဆီ၏ အရေးပါမှုကိုသတိပြုမိသော်လည်း လာမည့် ဆဲလ်သစ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် မက်ဆီမပါဘဲ အနိုင်ကစားနိုင်မည့်စွမ်းအား ဘာစီလိုနာအသင်းတွင်ရှိနေကြောင်း ပြောကြားလိုက်သည်။
ယနေ့ညတွင် ဆဲလ်တစ်အသင်းနှင့်ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် မက်ဆီမှာ ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်းရှိမည်မဟုတ်ဘဲ မက်ဆီ၏နေရာတွင် ဖာဘရီဂတ်စ် ဆန်းချက်နှင့် နေးမာတို့ထဲမှ တစ်ဦးဦးကို ထည့်သွင်းအသုံးပြုရမည်ဖြစ်သည်။
ဆဲလ်တစ်အသင်းမှာ ယမန်နှစ်ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ဘာစီလိုနာအသင်းအား အနိုင်ကစားခဲ့ဖူးသည်။

ဘာစီလိုနာအသင်းမှာ ယခင်ကလည်း မက်ဆီမပါဘဲ ကစားခဲ့ဖူးပြီး လစ်လပ်နေသောနေရာအား အစားထိုးရန် ဘာကာတွင် ကစားသမားများစွာရှိနေသည်ဟု မှတ်ချက်ပေးခဲ့သည့် မာတီနိုက “ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်အသင်းမဆို မက်ဆီကို အစားထိုးဖို့ ခက်ခဲပါလိမ့်မယ်။ ကစားသမားကောင်းတွေနဲ့ တောင့်တင်းတဲ့ကျွန်တော်တို့အသင်းအတွက်တောင်မှ အဲဒါ(မက်ဆီ၏နေရာအစားထိုးရန်)ဟာ ခက်ခဲမှာပါ။ သူမပါဝင်ပေမယ့်လည်း ကျွန်တော်တို့ ကောင်းကောင်းကစားဖို့လိုပါတယ်။ အရင်က သူမပါဘဲ ကစားခဲ့ဖူးပေမယ့်လည်း အခုသူမပါဘဲကစားရတာ ကျွန်တော်တို့အတွက်စမ်းသပ်မှုလားဆိုတာ မသေချာပါဘူး” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
goal
____________________

မန်ယူ၏ ဆိုးရွားနေသောရလဒ်များအား ကယ်တင်ရန် ဇန်န၀ါရီတွင် မိုယက်စ်သန်း ၅၀ သုံးစွဲမည်

ရာသီအစ ဆိုးရွားသောရလဒ်များကိုရင်ဆိုင်နေရပြီး အမှတ်ပေးဇယားတွင် အဆင့် ၁၂ သို့ရောက်ရှိနေသောကြောင့် ဝေဖန်မှုများခံနေရသော မန်ယူအသင်း၏နည်းပြ ဒေးဗစ်မိုယက်စ်က ရင်ဆိုင်နေရသည့် အခက်အခဲများကို ကျော်ဖြတ်ရန်အတွက် လာမည့် ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် ပေါင်သန်း ၅၀ အသုံးပြုမည်ဟု ပြောဆိုလိုက်သည်။ မန်ယူအသင်းမှာ ပရီးမီးယားလိဂ်တွင် ၂ ပွဲဆက်ရှုံးနိမ့်ခဲ့ပြီး ၆ ပွဲတွင် ၃ ပွဲတိတိရှုံးနိမ့်ထားကာ ၂၄ နှစ်အတွင်း အဆိုးဆုံးရာသီအစရလဒ်လည်းဖြစ်သည်။

မန်ယူအသင်းပိုင်ရှင်ဂလေဇာက ယခုနှစ်ပရီးမီးယားလိဂ်မှာ ပြိုင်ဆိုမှုပိုမိုပြင်းထန်လာသည်ဟု ထင်မြင်နေပြီး ပြိုင်ဘက်အသင်းများက ငွေကြေးအမြောက်အများသုံးစွဲကာ ပြင်ဆင်နေသောကြောင့် နည်းပြမိုယက်စ်ကိုလည်း ငွေကြေးထုတ်ပေးရန် ဆန္ဒရှိနေသည်။

မန်ယူအသင်းမှာ ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့က ဖာဘရီဂတ်စ်၊ သီယာဂို အလ်ကန်တာရာ၊ ရော့စီ၊ လေတန်ဘိန်း စသည့်ကစားသမားများကို ခေါ်ယူရန်ကမ်းလှမ်းခဲ့သော်လည်း အသင်းသို့ရောက်ရှိလာခြင်းမရှိခဲ့ဘဲ ဖယ်လိုင်နီတစ်ဦးသာ ရောက်ရှိလာခဲ့သည်။ မိုယက်စ်ကလည်း မန်ယူအသင်း ချန်ပီယံလိဂ်တွင်ဗိုလ်စွဲရန် ကမ္ဘာ့အဆင့်မီ ကစားသမား ၅ ဦး ၆ ဦးခန့်လိုအပ်ပြီး၊ ၎င်းအနေဖြင့် ကစားသမားနှစ်ဦးသို့မဟုတ် သုံးဦးခန့်ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း မကြာသေးမီက ပြောကြားထားသည်။
mirror
____________________

မန်စီးတီးနည်းပြဟောင်း မန်စီနီ ဂါလာတာစာရေးကို ကိုင်တွယ်မည်

မန်စီးတီးအသင်း၏ နည်းပြဟောင်းဖြစ်သူ မန်စီးနီအား အသင်း၏ နည်းပြအဖြစ်ခန့်အပ်လိုက်ပြီဟု တူရကီကလပ် ဂါလာတာစာရေးအသင်းက အတည်ပြုခဲ့သည်။ မန်စီနီနှင့် သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓဟူးနေ့၌ ဂျူဗင်တပ်စ်အသင်းနှင့် ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် စတင်တာဝန်ယူရမည်ဖြစ်သည်။
“ဂါလာတာစာရေးလိုအသင်းကြီးကိုကိုင်တွယ်ရတာ ကျွန်တော်ဂုဏ်ယူပါတယ်။ ကျွန်တော်ဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပြီး အသင်းကြီးတစ်သင်းကိုရောက်ရှိလာတာပါ။ ဂျူဗင်တပ်စ်နဲ့ ပွဲမှာ စတင်ကိုင်တွယ်ရမှာဖြစ်တဲ့အတွက် ကျွန်တော်အတွက်တော့ ပျော်ရွင်စရာ တိုက်ဆိုင်မှုပါပဲ” ဟု မန်စီနီကပြောကြားခဲ့သည်။

မန်စီနီမှာ စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းနှင့် နည်းပြဘ၀ကိုစတင်ခဲ့ပြီး အင်တာမီလန်အသင်းနှင့် ချယ်ဆီးအသင်းတို့ကိုလည်းကိုင်တွယ်ခဲ့သည်။
goal
____________________

မလေးရှား အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဂျိုအာအို ဆော့ဆာ ဗိုလ်စွဲ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် မလေးရှား အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ပေါ်တူဂီတင်းနစ်သမား ဂျိုအာအိုဆော့ဆာက အနိုင်ရရှိခဲ့သည်ဟု သိရသည်။

မလေးရှားအိုးပင်းဗိုလ်လုပွဲအဖြစ် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့ရာ ပေါ်တူဂီတင်းနစ်သမား ဂျိုအာအိုဆော့ဆာက ပြင်သစ်တင်းနစ်သမား ဂျူလီယန် ဘန်နက်တော အား အကြိတ်အနယ်ကစားကာ အနိုင်ရရှိခဲ့သည်။ ၂-နာရီကျော် ကြာမြင့်ခဲ့သော အဆိုပါပွဲစဉ်၌ ပထမပွဲငယ်တွင် ဆော့ဆာမှာ ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယနှင့် တတိယပွဲငယ်တို့တွင် အနိုင်ရရှိအောင် ကစားနိုင်ခဲ့သောကြောင့် ၂-၆၊ ၇-၅၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့သည်။

ဆော့ဆာ အနိုင်ရရှိမှုမှာ မလေးရှားအိုးပင်းသက်တမ်းတစ်လျှောက် ပထမဦးဆုံးဗိုလ်စွဲခဲ့သည့် ပေါ်တူဂီကစားသမားလည်းဖြစ်ခဲ့သည်။ “ကျွန်တော်ဟာ ဒီပြိုင်ပွဲကို ပထမဆုံးဗိုလ်စွဲတဲ့ ပေါ်တူဂီကစားသမားဖြစ်လာပါတယ်။ ဒီလိုဗိုလ်စွဲမှုက ကျွန်တော်ကို ယုံကြည်မှုပိုလာစေပြီး၊ တင်းနစ်လောကမှာ အောင်မြင်ချင်တဲ့ ကျွန်တော့်ရဲ့အိပ်မက်ကို ကူညီပေးမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု ဆော့ဆာက ပွဲအပြီးတွင်ပြောကြားခဲ့သည်။
nst
______________________

Leave a Reply