6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၃၊ ၂၀၁၃
M-Media

သမ္မတနှင့် ၀န်ကြီးများ ပြည်ခိုင်ဖြိုးတွင် ပါဝင်မှု လွှတ်တော်တွင် အငြင်းပွား

NLD မှ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးတချို့အနေဖြင့် ပြည်ခိုင်ဖြိုးပါတီတွင် ဆက်လက် တည်ရှိနေခြင်း ရှိ မရှိနှင့် ဆက်စပ်သောမေးခွန်းမေးမြန်းစဉ် သမ္မတရုံးဝန်ကြီး ဦးစိုးမောင်နှင့် ဦးဝင်းမြင့်တို့အကြား အချေအတင် အပြန်အလှန် မေးခွန်းမေးမြန်းဖြေဆိုပြီး အငြင်းပွားခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်နှင့် အစိုးရ၀န်ကြီးအချို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီလုပ်ငန်းများတွင် ပါဝင်ခြင်းမရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ပါတီမှ နှုတ်ထွက်ရမည်ဟု ဖော်ပြထားခြင်းမရှိကြောင်း၊ ပြည်ခိုင်ဖြိုး ပါတီဝင်အဖြစ် ဆက်လက် တည်ရှိနေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီပဲ အခြေခံ ဥပဒေခုရုံး၏ အဆုံးအဖြတ်ခံယူရမည်ဖြစ်ကြောင်း ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားပါတယ်။
_________________________

လူမျိုးစုတွေကိုပါ ဖိတ်မည့် အစိုးရနဲ့ ကေအိုင်အို ငြိမ်းချမ်းရေးဆွေးနွေးပွဲ

အောက်တိုဘာလ ၈-ရက်နေ့မှာ စတင်ပြုလုပ်မယ့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ အစိုးရတို့အကြား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကချင်ပြည်နယ်မှ နိုင်ငံရေးပါတီများအပြင် တိုင်းရင်းသားလူမျိုးစုများဖြစ်တဲ့ ကချင်မျိုးနွယ်စုမှ ရ၀မ်၊ လီဆူးတို့အပြင် ရှမ်းတိုင်းရင်းသားကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြားမည်ဖြစ်ကြောင်း RFA သတင်းဌာနမှာ ဖော်ပြထားပါတယ်။
________________________

သူ၏ ခရီးစဉ်နှင့် ချိန်ကိုက်လုပ်ဆောင်သော သံတွဲပဋိပက္ခဟု သမ္မတ သံသယရှိ

သံတွဲမြို့တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် သူ၏ ရခိုင်ပြည်နယ် ခရီးစဉ်နှင့် အချိန်ကိုက်လုပ်ဆောင်ခဲ့သည်ဟု သံသယရှိကြောင်း သမ္မတ ဦးသိန်းစိန်က ဒီနေ့မှာ အဏ္ဏ၀ါရိပ်သာ၌ ပြောကြားလိုက်ပြီး သွေးထိုးလှုံ့ဆော်သူများနှင့် ပြစ်မှုကျူးလွန်းသူများကို ဖော်ထုတ်ဖမ်းဆီးနိုင်မှသာ ပြဿနာ၏ အရင်းအမြစ်ကို ရှင်းလင်းနိုင်မည်ဖြစ်ပြီး ရခိုင်ဒေသတွင် တရားဥပဒေစိုးမိုးမှုရှိစေရန် ဖွဲ့စည်းပုံ အခြေခံဥပဒေမှ နည်းလမ်းများကို သုံးကာ လူမျိုးဘာသာ မခွဲခြားပဲ တရားဥပဒေ အတိုင်း ဆောင်ရွက်သွားမည်ဟု ပြောကြားလိုက်ကြောင်း မဇ္ဈိမသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

______________________

ဂျပန်တွင် ကုန်တင်သင်္ဘောနှစ်စင်းတိုက်မိ

ဂျပန်နိုင်ငံ အနောက်ဘက်ရှိ ရှိကိုကူကျွန်းမှ ၁၇-ကီလိုမီတာအကွာ ပင်လယ်ပြင်တွင် ယမန်နေ့ညက ကုန်တင်သင်္ဘောနှစ်စင်း တိုက်မိမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ ဒေသစံတော်ချိန် ည ၉ နာရီတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုင်ငံ ၇-နိုင်ငံမှ သင်္ဘောသား ၂၁-ဦးပါဝင်သည့် တန်ချိန် ငါးသောင်းကျော်ကုန်များတင်ဆောင်လာသော စင်ကာပူသင်္ဘောနှင့် သင်္ဘောသား ၁၇-ဦးပါဝင်ပြီး တန်ချန် ငါးသောင်းနီးပါး တင်ဆောင်လာသည့် ပါနားမားသင်္ဘောတို့တိုက်မိခဲ့ခြင်းဖြစ်ပြီး သေဆုံးဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မှမရှိဘဲ တိုက်မိပြီးနောက်ပိုင်း သင်္ဘောနှစ်စီးစလုံးမှာ ပုံမှန်အတိုင်း ခုတ်မောင်းနိုင်သည်ဟု ဂျပန်ရေကြောင်း တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။
Ref : xinhua
________________________

 

ကမ္ဘောဒီယားရေကြီးမှု သေဆုံးသူ ၃၉-ဦးထိ မြင့်တက်

ကမ္ဘောဒီးယားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ရေကြီးမှုများကြောင့် သေဆုံးသူမှာ ၃၉-ဦးအထိရှိလာပြီဟုသိရသည်။ လွန်ခဲ့သည့်သုံးပတ်ကတည်းက မိုးသည်းထန်စွာရွာသွန်းပြီး မဲခေါင်မြစ်မှရေကြီးရေလျှံခဲ့သောကြောင့် အိမ်ထောင်စုပေါင်း ၁-သောင်းကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ကော်မတီ(NCDM) က ပြောကြားခဲ့သည်။ ရေကြီးမှုကြောင့် အိုးအိမ်ပေါင်း ကိုးသောင်းနီးပါး၊ ကျောင်း ၅၃၃-ကျောင်းနှင့် စေတီ ၂၉၁ ဆူ တို့ပျက်ဆီးခဲ့ကြောင်း (NCDM) မှထုတ်ပြန်သော အစီရင်ခံစာတွင်ရေးသားဖော်ပြခဲ့သည်။
Ref : xinhua, Photo : malaysiantimes
________________________

 

ငြိမ်းချမ်းရေးမဆွေးနွေးမီ ဒရုန်းလေယာဉ်ဖြင့်တိုက်ခိုက်မှုကို ရပ်တန့်ရမည်ဟု တာလီဘန်ဆို

ပါကစ္စတန်အစိုးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် မစဉ်စားမီ အမေရိကန်အနေနှင့် ပါကစ္စတန်ရှိ ၎င်းတို့နေထိုင်ရာဒေသများသို့ ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုကို ရပ်တန့်ရမည်ဟု တာလီဘန်အဖွဲ့ကပြောဆိုလိုက်သည်။ ပါကစ္စတန်အနောက်မြောက်ပိုင်းတွင် ၂၀၀၇-ခုနှစ်ကတည်းက အစိုးရအား တိုက်ခိုက်နေခဲ့သည့် ပါကစ္စတန်တာလီဘန်အဖွဲ့(TTP)အပါအ၀င် အခြားသော စစ်သွေးကြွအဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ပါကစ္စတန်အစိုးရက လုပ်ဆောင်နေစဉ် တာလီဘန်တို့က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ရှာဟီဒူလာ ရှဟိဒ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရုံမျှနှင့်မလုံလောက်ဘဲ ဒရုန်းလေယာဉ်များဖြင့်တိုက်ခိုက်မှုများကို အသုံးသတ်ဖို့အရေးကြီးကြောင်း၊ ဒရုန်းလေယာဉ်များဖြင့် ဆက်လက်တိုက်ခိုက်နေပါကာ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
Ref : presstv

________________________

ရဲတပ်ဖွဲ့အား ပြုပြင်ပြောင်းလဲမှုများလုပ်ရန် ဘရာဇီး လူ့အခွင့်အရေး အကြီးအကဲဆို

ဘရာဇီးနိုင်ငံ လူ့အခွင့်အရေး ၀န်ကြီးဌာန၀န်ကြီး မာရီယာ ဒို ရိုစာရီယိုက ဆောက်လုပ်ရေးလုပ်သားများအား ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့မှုကြောင့် တပ်ဖွဲ့ ၁၀ ဦး တရားစွဲဆိုခံထားရသည့် ဘရာဇီးနိုင်ငံ၏ ရဲတပ်ဖွဲ့အား ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် ယမန်နေ့က ပြောကြားလိုက်သည်။ မြို့တော် ဘရာစီလီယာတွင်ပြုလုပ်ခဲ့သည့် နိုင်ငံရေးအခမ်းအနားတစ်ခုတွင် ပြောကြားလိုက်ခြင်းဖြစ်ပြီး တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသောကြောင့် ပြုပြင်ပြောင်းလဲရေးကို သေချာအောင်ဆောင်ရွက်ဖို့လိုသည်ဟု ရိုစာရီယိုက တိုက်တွန်းခဲ့သည်။
Ref : xinhua
________________________

ချစားမှုကြောင့် အင်ဒိုနီးရှား တရားသူကြီးတစ်ဦးအဖမ်းခံရ

လာဘ်ပေးလာဘ်ယူပြုလုပ်သည်ဟူသောစွပ်စွဲချက်ဖြင့် အင်ဒိုနီးရှား တရားသူကြီးတစ်ဦးအား အင်ဒိုနီးရှား အခြေခံဥပဒေခုံရုံးက ဖမ်းဆီးလိုက်သည်ဟုသိရသည်။ အကီလ် မွတ်ခ်ျတာဟု အမည်ရသည့် အဆိုပါတရားသူကြီးအား လာဘ်ငွေ ကန်ဒေါ်လာ၂၅၀၀၀၀ ယူဆောင်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ချစားမှုတိုက်ဖျက်ရေး တာဝန်ရှိသူများက ယမန်နေ့ညပိုင်းကဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ဖမ်းဆီးမှုမှာ နိုင်ငံအတွင်းရှိ ရာထူးကြီးသောသူများအား ဖမ်းဆီးမှုထဲမှ နောက်ဆုံးဖမ်းဆီးမှုဖြစ်ပြီး ဒေသတွင်း ရွေးကောက်ပွဲနှင့် ဆက်စပ်နေသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Ref : bbc

________________________

အီတလီတွင် သင်္ဘောမှောက်မှုဖြစ်ပွား လူဒါဇင်နှင့်ချီသေဆုံး

အာဖရိကမှ ရွှေ့ပြောင်းနေထိုင်သူများအား သယ်ဆောင်လာသည့် သင်္ဘောတစ်စီးမှာ အီတလီတောင်ပိုင်းရှိ Lampedusa ကျွန်အနီးတွင် နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး လူ ၈၂ ဦးသေဆုံးခဲ့သည်ခဲ့သည်ဟု အဆိုပါကျွန်း၏ မြို့တော်ဝန်က ပြောကြားခဲ့သည်။ လူပေါင်း ၁၄၀ ကျော်ကိုကယ်တင်နိုင်ခဲ့ပြီး ရာနှင့်ချီ၍ ပျောက်ဆုံးနေသည်ဟုသိရသည်။ လူပေါင်း ၅၀၀ ခန့်ကိုတင်ဆောင်လာသည့်ဟု ယုံကြည်ရသည့် အဆိုပါသင်္ဘောမှာ မီးလောင်၍နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများထဲတွင် အနည်းဆုံး ကလေးငယ်တစ်ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးတို့ပါဝင် သည်ဟု သတင်းများက ဖော်ပြကြသည်။ ယခုတစ်ပါတ်အစောပိုင်းကလည်း စစ္စလီကျွန်းသို့ဝင်ရောက်ရန်ကြိုးစားကြသည့် ရွှေ့ပြောင်းနေထိုင်သူ ၁၃ ဦးမှာ ရေနစ်သေဆုံးခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်း ဥရောပသို့ ၀င်ရောက်ရန်ကြိုးစားခဲ့ကြသည့် ရွှေ့ပြောင်းနေထိုင်သူ ၅၀၀ နီးပါး ပင်လယ်ပြင်တွင် ရေနစ်သေဆုံးခဲ့ကြသည်ဟု မှတ်တမ်းများက ဖော်ပြကြသည်။
Ref : bbc

________________________

အမေရိကန်၊ ဂျပန်နှင့်တောင်ကိုရီးယားတို့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

မြောက်ကိုရီးယား၏ နျူးကလီးယားအစီအစဉ်ပေါ် စိုးရိမ်မှုများတိုးပွားလာရခြင်းကြောင့် ကိုရီးယားကျွန်းဆွယ်အနီးတစ်ဝိုက်တွင် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယား သုံးနိုင်ငံပါဝင်သည့် ရေတပ်ဆိုင်ရာစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဟုသိရသည်။ ထိုကြေညာချက်အား အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟေဂယ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့က တောင်ကိုရီးယား အာဏာပိုင်များနှင့် ဆွေးနွေးပြီးနောက်ပိုင်း ဂျပန် ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် ယခုသီတင်းပတ်အတွင်း တိုကျို၌တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်းဖြစ်သည်။ သို့သော်လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက အစီအစဉ်၏ အသေးစိတ်ကိုပြောပြသွားခြင်းမရှိချေ။
Ref : channelnewsasia
1111
________________________


ကယ်ဆယ်ရေးအဖွဲ့များအား ၀င်ရောက်ခွင့်ပြုရန် ဆီးရီးယားကို ကုလ တိုက်တွန်း

ဆီးရီးယားပြည်တွင်းစစ်အတွင်း ဒုက္ခရောက်နေကြသည့် ပြည်သူများအား လူသားချင်းစာနာသည့် အကူအညီများ ပေးအပ်ကူညီရန်အတွက် စစ်ပွဲအားခဏရပ်တန့်ပေးရန် စစ်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် အဖွဲ့များအား ကုလသမဂ္ဂက တိုက်တွန်း ပြောဆိုလိုက်သည်။ နယ်စပ်မှာ အကူအညီများပေးပို့မှုကို ခွင့်ပြုရန်နှင့် အကူအညီများသယ်ဆောင်ရာ အဓိက လမ်းတစ်လျှောက် တိုက်ခိုက်မှုများကို ရပ်တန့်ပေးရန် ဆီးရီးယားအစိုးရနှင့် အတိုက်အခံအဖွဲ့များကို တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

၂၀၁၁-ခုနှစ်ကစတင်ခဲ့သည် ဆီးရီးယားပြည်တွင်းစစ်ကြောင့် လူပေါင်း ၁-သိန်းကျော်သေဆုံးခဲ့ပြီး အမျိုးသမီးနှင့် ကလေးငယ်အများစုပါဝင်သည့် လူ ၂-သန်းကျော် အိမ်နီးချင်းနိုင်ငံများသို့ ဒုက္ခသည်အဖြစ်ရောက်ရှိနေသည်။ ဆီးရီးယားနိုင်ငံအတွင်းတွင်လည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ပြည်သူ သန်းနှင့်ချီရှိနေပြီး အကူအညီများစွာ လိုအပ်နေသည့် ၎င်းတို့အတွက် ထောက့်ပံ့ပေးရေးမှာ ကြန့်ကြာနေခဲ့ရသည်။
Ref : aljazeera
201310215499977734_20
_______________________

________________________

Leave a Reply