အောက်တိုဘာ ၅၊ ၂၀၁၃
M-Media
ပြည့်ပြည်
ရန်ကုန် ။ ။ ချက်နိုင်ငံက ချီးမြှင့်တဲ့ ၂၀၁၂-ခုနှစ်အတွက် လူ့အခွင့်အရေးဆိုင်ရာ Homo Homini Award ဆုကို ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်က ၂၀၁၃-ခု စက်တင်ဘာ ၄-ရက်နေ့က လက်ခံရယူခဲ့ပါတယ်။
ဒီမိုကရေစီလှုပ်ရှားမှုအား ထောက်ခံအားပေးသည့် အမေရိကန်အခြေစိုက် NED အဖွဲ့မှ ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်သည့် အဖွဲ့၏ နှစ်စဉ် အစည်းဝေးတွင် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့သည့် လူလေးဦးအား ဂုဏ်ပြုဆုတံဆိပ်ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ သို့သော် ထိုဆုကိုရရှိခဲ့သူ လေးဦးထဲမှ အခြား ၃-ဦးအား အစိုးရက နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းမရှိသောကြောင့် ဦးမင်းကိုနိုင်မှာ နိုင်ငံခြားသို့ သွားရောက်နိုင်ခြင်း မရှိသည့် အခြားသုံးဦးနှင့် တစ်သားတည်း ရှိနေသည်ကို ပြသသည့်အနေဖြင့် ထိုဆုအား သွားရောက်မယူခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၁၃-ခု အောက်တိုဘာလ ၄-ရက်နေ့တွင်မှ လက်ခံရယူခဲ့ခြင်းဖြစ်ပါတယ်။
၎င်း Homo Homini Award ဆုသည် ၁၉၉၄-ခုနှစ်က စတင်၍ နှစ်စဉ် ကမ္ဘာတ၀န်း ပဋိပက္ခဖြစ်ပွားရာဒေသများတွင် လူ့အခွင့်အရေးအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်သူများအား ပေးအပ်သည့် လူ့အခွင့်အရေးဆိုင်ရာဆု ဖြစ်ပါတယ်။
Ref : ned.org
Comments