6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ၊ ၇
M-Media
မျိုးမင်းစုစည်းတင်ဆက်သည်။

1374640_10151893920128166_1351935798_n

ရူပဗေဒဆိုင်ရာ နိုဘလ်ဆု ဘယ်သူရမလဲ

ဒီနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘလ်ဆုအတွက် အသစ်ရှာဖွေတွေ့ရှိတဲ့ အခြေခံအမှုန် Higgs boson ကို သုတေသန ပြုခဲ့သူများကို ပေးနိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ဘယ်သူရမယ်ဆိုတာ မှန်းဆရ ခက်နေပါတယ်။ Higgs boson သုတေသီတွေကတော့ အများကြီးပါပဲ သီအိုရီဆိုင်ရာ ရူပဗေဒ ပညာရှင်တွေ အပြင် Higgs bosonအမှုန် ကို သက်သေပြနိုင်ခဲ့တယ် CERN ရဲ့ Large Hadron Collider သုတေသီတွေလည်း ရနိုင်ခြေ ရှိနေပါတယ်။

အခမဲ့ Virgin Galactic အာကာသခရီး

အာကာသကို ရောက်ဖူးချင်သူတွေ အတွက် Virgin Galactic က အနိမ့်ပိုင်း ကမ္ဘာပါတ်လမ်းကြောင်း ခရီးစဉ်အတွက် ဒေါ်လာ နှစ်သိန်းခွဲ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ဒီလောက် အကုန်အကျ မတတ်နိုင်သူတွေအတွက် အစီအစဉ် တစ်ခု ရှိပါတယ်။ reality show တစ်ခုဖြစ်တဲ့ space race လို့ခေါ်တဲ့ တီဗွီ အစီအစဉ်မှာ ပါဝင်ယှဉ်ပြိုင်ပြီး အနိုင်ရသူကို အခမဲ့ အကာသကို ပို့ပေးမှာ ဖြစ်ပါတယ်။

အမြန်ပြေးနိုင်တဲ့ စက်ရုပ်

WildCat လို့ အမည်ပေးထားတဲ့ စက်ရုပ်ကို DARPA က တီထွင်ထုတ်လုပ်လိုက်ပါတယ်။ Boston Dynamics ရဲ့ ငွေကြေး ထောက်ပံ့မှုနဲ့ တည်ဆောက်ခဲ့တဲ့  ဒီစက်ရုပ်ဟာ ခြေထောက်လေးခြောင်းနဲ့ 16 mph (26 kph) အမြန်နှုန်းနဲ့ ပြေးလွှားနိုင်ပါတယ်။

ကိုယ်တိုင်ဖွဲ့စည်းမည့် စက်ရုပ်

ဘယ်လို ပုံသဏ္ဌာန်မဆို ကိုယ်တိုင် ပုံဖေါ် တည်ဆောက်နိုင်မယ့် စက်ရုပ်ဆိုတာ အစိတ်အပိုင်းသေးသေးလေးတွေ အများကြီး သီးသန့်စီ လှုပ်ရှား စုစည်းပြီး စက်ရုပ်တစ်မျိုး ဖြစ်သွားနိုင်တဲ့ စက်ရုပ်ကို ဆိုလိုတာပါ။ အဲ့ဒါများလေးတွေ လုပ်ဆောင်နိုင်မယ့် အံစာတုံးပုံ စက်ရုပ်ကလေးတွေကို MIT တက္ကသိုလ်က သုတေသီ John Romanishin နဲ့ အဖွဲ့က တီထွင်လိုက်ပါတယ်။ ဒီအံစာတုံးပုံ စက်ရုပ်ကလေးတွေရဲ့ လေးထောင့်တုံးပုံ အပြင်ပိုင်းမှာ ရွေ့လျားနိုင်တဲ့ အစိတ်အပိုင်း မပါပါဘူး။ အထဲမှာ ပါတဲ့ flywheel ရဲ့ angular momentum ကို ပြောင်းလဲပြီး ရွေ့ရှားနိုင်ပါတယ်။ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ဖို့ သံလိုက် ကိုအသုံးပြုပြီး တွယ်ကပ်နိုင်ပါတယ်။

NSA ရဲ့ Tor networkကို ဖေါက်ထွင်းရန်ကြိုးစားမှု

Tor network ဆိုတာ မြန်မာနိုင်ငံမှာလည်း လူသုံးများတဲ့ proxy browser တစ်ခုပါ။ proxy server တွေအများကြီးနဲ့ ချိတ်ဆက်ပြီး SSL encryption နဲ့ လုံခြုံလှတဲ့ Tor browser ဖြစ်ပါတယ်။ ဒီ Tor network ကို အမေရိကန် National Security Agency က ဖေါက်ထွင်းဖို့ကြိုးစားခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။

Leave a Reply