6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၃၊ ၂၀၁၃
M-Media

အိုကလာဟိုးမားတွင် သေနစ်ပစ်မှုဖြစ်ပွား ၅-ဦး ဒဏ်ရာရ

အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမားပြည်နယ် တူလ်စာမြိုတွင် ယမန်နေ့ညက သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅-ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

တူလ်စာမြို့ရှိ Green Country Event စင်တာတွင် Hmong လူမျိုးများ၏ နှစ်သစ်ကူးပွဲတော်ကျင်းပနေစဉ် အမည်မသိလူတစ်ယောက်မှ ၀င်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ပြီး မည့်သည့်အကြောင်း ကြောင့် ပစ်ခတ်ခဲ့ခြင်းကို မသိရှိဟု အာဏာပိုင်များကဆိုသည်။

အသက် ၃၀ မှ ၆၀ အတွင်းရှိဒဏ်ရာရရှိခဲ့သူများမှ နှစ်ဦးမှာ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ထိမိခဲ့ခြင်းဖြစ်ပြီး ကျန်သုံးဦးမှာ ခြေထောက်နှင့် လက်တို့ကို ထိမိခဲ့ခြင်းဖြစ်ကာ တရားခံအား ဖမ်းဆီးထားသည်ဟု တူလ်ဆာ ရဲတပ်ဖွဲ့အကြီးအကဲ ကပ္ပတိန် မိုက် ၀ီလီယံက ပြောကြားခဲ့သည်။

Hmong လူမျိုးများမှာ တရုတ်နိုင်ငံရှိ တိုင်းရင်းသားမျိုးနွယ်စုဖြစ်ပြီး လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့တွင်လည်း အည်းငယ်စီရှိကြသည်။
Ref : cnn

_______________________


လူ ၁၂-ဦးသေဆုံးခဲ့သည့် ဖိလစ်ပိုင် တိုင်ဖုန်းမုန်တိုင်း

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းဒေသများတွင် နာရီ(Nari) အမည်ရှိ တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၂-ဦးသေဆုံးခဲ့ပြီး ၃-ဦးမှာ  ပျောက်ဆုံးနေသည် ဟု အစိုးရအကြီးတန်းအရာရှိတစ်ဦးက ယမန်နေ့တွင် ပြောကြားခဲ့သည်။

သေဆုံးခဲ့ကြသူများမှာ သစ်ပစ်များပိခြင်း၊ ဓာတ်လိုက်ခြင်း၊ မြေပြိုခြင်း၊ အဆောက်အအုံများပိမိခြင်းနှင့် ရေနစ်သေဆုံးခြင်းတို့ဖြစ်သည်ဟု ဖိလစ်ပိုင် သဘာဝ ဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီမှ ဒါရိုက်တာ အက်ဒူရာဒို ဒလ် ရိုဆာရီယိုက ပြောကြားခဲ့သည်။

ပြည်နယ် ၆ ခုတွင်ရှိသည့် ရွာပေါင်း ၅၀ ကျော်မှ အိမ်ထောင်စုပေါင်း ၉၄၀၀ ကျော်မှာ မုန်တိုင်းဒဏ်ကို ခံစားခဲ့ရပြီး လူပေါင်း ၆ သောင်းကျော်အား ကယ်ဆယ်ရေးစခန်း များသို့ ပြောင်းရွှေ့နေရာချထားပြီးဖြစ်သည်ဟု သိရသည်။
Ref : xinhua

_______________________

ပီရူးတွင် ထရပ်ကား တိမ်းမှောက်မှုဖြစ်ပွား လူ၅၁ ဦးသေဆုံး

တောင်အမေရိက နိုင်ငံတစ်ခုဖြစ်သည့် ပီရူးနိုင်ငံတောင်ဘက်ပိုင်း လာ ကွန်ဗန်စီယွန်ပြည်နယ်တွင် သောကြာနေ့က ခရီးသည်များအား တင်ဆောင်လာသည့် ထရပ်ကား တစ်စီး တိမ်းမှောက်ခဲ့ပြီး လူ ၅၁ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

သောကြာနေ့ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုင်ငံတောင်ပိုင်း အန်ဒီယန် ဒေသ ဆူယုကျူယို မြို့အနီးရှိ မြင့်မားသော တောင်ကြားလမ်းတွင် မောင်းနှင်နေစဉ် ပေ-၆၅၀ အမြင့်မှ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။

ထိုဒေသတွင် သယ်ယူပို့ဆောင်ရေးယာဉ်များ မရှိသောကြောင့် ဒေသခံများက ထရပ်ကားများကိုသာ အားထား၍ ခရီးသွားနေရပြီး၊ သေဆုံးသူများထဲတွင် ကလေးငယ် ၁၃ ဦးပါဝင်ခဲ့ကာ ကားပေါ်တွင်လိုက်ပါသွားသူ အားလုံးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နိုင်ငံအတွင်း လမ်းများမကောင်းမှုနှင့် လေများပြင်းထန်စွာတိုက်ခတ်မှုကြောင့် မော်တော်ယာဉ်တိမ်းမှောက်မှုများမကြာခဏဖြစ်ပွားလေ့ရှိသည်ဟု သယ်ယူပို့ဆောင်ရေး တာဝန်ရှိသူများကထည့်သွင်းပြောကြာခဲ့သည်။
Ref : presstv

_______________________

မာလီတွင် ခရီးသည်တင် သင်္ဘောနစ်မြုပ်မှုဖြစ်ပွား

မာလီနိုင်ငံအလယ်ပိုင်း မြို့တစ်မြို့ဖြစ်သည့် မော့ပ်တီမြို့အနီး နစ်ဂါမြစ်တွင် ခရီးသည်တင်သင်္ဘောတစ်စီးနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၂၂-ဦးသေဆုံးခဲ့သည်ဟု သိရသည်။

လူလေးရာခန့်တင်ဆောင်လာသည့် အဆိုပါသင်္ဘောမှာ သောကြာနေ့တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၂၁၀ ကို ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။ သေဆုံးသူများထဲမှ ၁၅ ဦးမှာ ငါးနှစ်အောက်ကလေးငယ်များဖြစ်ကြပြီး ၂၃ ဦးမှာပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး မည်သည့်အတွက်ကြောင့် သင်္ဘောနစ်မြုပ်ရသည်ကိုလည်း စုံစမ်းနေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

လမ်းများညံ့ဖျင်းခြင်းနှင့် ခရီးစရိတ်များ မြင့်မားခြင်းကြောင့် အာဖရိကတိုက် အနောက်ဘက်နှင့် အလယ်ပိုင်းရှိ နိုင်ငံများမှာ ခရီးသွားလာရေးအတွက် ရေကြောင်းကိုသာ အဓိကအားထားနေရသော်လည်း ရေကြောင်းအန္တရာယ်ကင်းရှင်းရေး ဥပဒေနှင့် ဆောင်ရွက်ချက်များမှာ လျော့ရဲသောကြောင့် မတော်တဆမှုများ မကြာခဏ ဖြစ်ပွား လေ့ ရှိသည်။
Ref : aljazeera
_______________________

ပြင်သစ်လယ်သမားများ မိမိကိုယ်အဆုံးစီရင်မှုနှုန်းမြင့်တက်

ပြင်သစ်နိုင်ငံရှိ လယ်သမားများ မိမိကိုယ်အဆုံးစီရင်မှုမှာ ပျမ်းမျှ နှစ်ရက်လျှင် တစ်ယောက်နှုန်းအထိဖြစ်လာပြီး လူမှုရေးအရ တစ်သီးတစ်ခြားဖြစ်နေခြင်း နှင့် ဘဏ္ဍာရေး ပြဿနာကြုံတွေ့နေရခြင်းတို့မှာ အဆုံးစီရင်မှု၏ အကြောင်းအရင်းများဖြစ်နိုင်သည်ဟု လေ့လာတွေ့ရှိချက်များအရ သိရသည်။

၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း အမျိုးသား ၄၁၇ ဦး၊ အမျိုးသမီး ၆၈ စုစုပေါင်း လယ်သမား ၄၈၅ ဦးမှာ မိမိကိုယ်အဆုံးစီရင်ခဲ့ကြသည်ဟု ပြင်သစ် ပြည်သူ့ကျန်းမာရေ စောင့်ကြည့်ရေးအဖွဲ့၏ ကြာသာပတေးနေ့က ထုန်ပြန်သော အစီရင်ခံစာတွင်ဖော်ပြထားသည်။

ပြင်သစ်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ၂၀၁၁ ခုနှစ်တွင်ထုန်ပြန်သော အစီရင်ခံစာတွင်လည်း သာမန်လူများထက် လယ်သမားများ မိမိကိုယ် အဆုံးစီရင်မှုမှာ ၂၀ ရာခိုင်နှုန်းပိုများသည်ဟု ဖော်ပြထားသည်။

ပြင်သစ်နိုင်ငံ၏ အကြီးဆုံးလယ်သမားအစည်းအရုံး၏ အထွေထွေအတွင်းရေးမှုး Dominique Barrau က ထိုကဲ့သို့ အဆုံးစီရင်မှုများမှာ လူမှုရေး အရ တစ်သီးတစ်ခြား ဖြစ်နေခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် လယ်သမားများ၏ ပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာ အားနည်းမှု များကို မျှဝေနိုင်ရန်အတွက် နိုင်ငံတစ်ဝှမ်းလုံး အကူအညီပေးနိုင်သည့် အခြေအနေတစ်ခုကို ဖန်တီးရန် စိုက်ပျိုးရေးဝန်ကြီးဌာနက စီစဉ်နေသည်ဟု သိရသည်။
Ref : presstv
_______________________

အိန္ဒိယရှိဘုရားပွဲတွင် လူအများ စုပြုံတိုးမှုကြောင့် လူ-၅၀ ကျော်သေဆုံး

အိန္ဒိယနိုင်ငံအလယ်ပိုင်းပြည်နယ်တစ်ခုရှိ ဟိန္ဒူဘုရားကျောင်းတစ်ခုတွင်ပြု လုပ်သည့် ဘုရားပွဲတွင် လူများ စုပြုံတိုးဝှေ့သောကြောင့် လူ ၅၀-ကျော်သေဆုံးခဲ့သည်ဟု သိရသည်။

မဒ်ယာပြည်နယ် Datia မြို့ရှိ Ratangarh ဟိန္ဒူဘုရားကျောင်းတစ်ခုတွင် ကျင်းပနေသည့် ဘုရားပွဲတစ်ခုတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထောင်ပေါင်း များစွာသော ဘုရားဖူး ဧည့်သည်များမှာ ဘုရားကျောင်းဘေးရှိ မြစ်၌ ဆောက်လုပ်ထားသော တံတားအား ဖြတ်ကူးစဉ် တိုးဝှေ့မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကပြောကြားခဲ့ သည်။  အများစုမှာ လူပိမိ၍ သေဆုံးခဲ့ခြင်းဖြစ်ပြီး တစ်ချို့မှာ တံတားပေါ်မှ မြစ်ထဲသို့ ခုန်ချ ပြီးနောက် ရေနစ်သေဆုံးခြင်းဖြစ်သည်ဟု သိရသည်။

တံတားကျိုးကျတော့မည်ဟု ကောလဟာလများထွက်ပေါ်လာသောကြောင့် တိုးဝှေ့ရာမှ ထိုကဲ့သို့ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု The Times of India သတင်းစာက ရေးသားခဲ့သည်။
Ref : bbc

_______________________

ပါကစ္စတန်တွင် လေကြောင်းမှ ဒရုန်းများဖြင့် တိုက်ခိုက်မှုများကို ရပ်တန့်ရန် အိုဘားမားအား မာလာလာတောင်းဆို

သူမ၏ တိုင်းပြည်အတွင်း အမေရိကန်မှ လေကြောင်းမှ ဒရုန်းများဖြင့် တိုက်ခိုက်နေမှုများမှာ အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒကို ပိုမိုကြီးထွားစေသဖြင့် ထိုကဲ့သို့ တိုက်ခိုက်မှုများကို ရပ်တန့်ရန် ပါကစ္စတန်အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ မာလာလာ ယူစွဖ်ဇိုင်က အမေရိကန်သမ္မ အိုဘားမားအား အိမ်ဖြူတော်၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အမျိုးသမီးများ ပညာသင်ကြားခွင့်ရရန် ကြိုးပမ်းခဲ့သောကြောင့် ပြီးခဲ့သည့်နှစ်က တာလီဘန်အဖွဲ့၏ လုပ်ကြံခြင်းခံခဲ့ရသည့် မာလာလာမှာ အမေရိကန်သမ္မတ အိုဘားမား၊ ၎င်း၏ဇနီးတို့နှင့် သောကြာနေ့က အိမ်ဖြူတော်တွင်တွေ့ဆုံခဲ့သည်။

“ပါကစ္စတန်၊ အာဖဂန်နစ္စတန်နိုင်ငံတွေရဲ့ ပညာရေးနဲ့ ဆီးရီးယား ဒုက္ခသည်များအတွက် ထောက်ပံ့ပေးနေတဲ့ အမေရိကန်ရဲ့လုပ်ဆောင်ချက်တွေအတွက် သမ္မတ အိုဘားမားကို ကျေးဇူးတင်ရှိပါတယ်” ဟု မာလာလာက ပြောကြားခဲ့သည်။

ထို့ပြင် ပါကစ္စတန်နယ်စပ်ရှိ ဒေသများအား အမေရိကန်မှ ဒရုန်းများဖြင့် တိုက်ခိုက်မှုများနှင့်ပက်သက်ပြီး မာလာလာက “ဒီလိုတိုက်ခိုက်မှုတွေဟာ အကြမ်းဖက်ဝါဒ ကို ပိုမိုကြီးထွားစေနိုင်တယ်လို့ ကျွန်မရဲ့ စိုးရိမ်မှုတွေကိုလည်း ပြောပြခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားတွေ သေဆုံးရပြီး ပါကစ္စတန်ပြည်သူတွေ ကြားမှာလည်း အမုန်းတရားတွေကိုဖြစ်စေပါတယ်။ တကယ်လို့ ကျွန်မတို့အနေနဲ့ ပညာရေးအတွက်ကြိုးပမ်းမှုကို အာရုံစိုက်မယ်ဆိုရင် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိလာမှာပါ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

ဒရုန်း များဖြင့် တိုက်ခိုက်မှုများမှာ အာဖဂန်နစ္စတန်ရှိ အမေရိကန်နှင့် နိုင်ငံတကာတပ်ဖွဲ့များအား ခြိမ်းခြောက်နေသည့် တာလီဘန်များကို အဓိကထား၍ သုတ်သင်ခြင်း ဖြစ်သည်ဟု ၀ါရှင်တန်က ပြောဆိုခဲ့သော်လည်း ကုလသမဂ္ဂမှ တားမြစ်ထားသော ထိုတိုက်ခိုက်မှုများကြောင့် ပါကစ္စတန် အရပ်သားများ သေကြေ ဒဏ်ရာရမှုများကိုသာ တွေ့မြင်နေရသည်။
Ref : Press TV

_______________________

Leave a Reply