6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၅၊ ၂၀၁၃
M-Media
ကျောက်ခဲ

တောင်ကြီး ။          ။          နိုးကြားတက်ကြွသော နိုင်ငံသားတစ်ယောက်ဖြစ်ရခြင်းအပေါ် စိတ်ပါဝင်စားစွာ သင်ယူလိုသူများ၊ မိမိလုပ်ငန်းနှင့် ပတ်ဝန်းကျင်တွင် ပြန်လည်ဆင့်ကမ်းဝေမျှလိုသူများအတွက် ရည်ရွယ်၍ Active Citizenship Training ကို ဆွေသဟာလူမှုဖွံ့ဖြိုးရေးအဖွဲ့မှ နိုဝင်ဘာလ ၁၉-ရက်မှ ၂၃-ရက်နေ့အထိ မနက် ၉-နာရီမှ ညနေ ၅-နာရီအထိ တောင်ကြီးမြို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်းမှာ နိုးကြားတက်ကြွသော နိုင်ငံသားတစ်ယောက်ဖြစ်ရခြင်းအပေါ် တက်ကြစွာပါဝင်လာစေရန်၊ အခြေခံပံ့ပိုးကူညီမှုဆိုင်ရာစွမ်းရည်များကို သိရှိနားလည်စေရန်နှင့် ရရှိသော ဗဟုသုတနှင့် စွမ်းရည်များကို မိမိတို့၏ အဖွဲ့အစည်းပတ်ဝန်းကျင်တွင် ပြန်လည် လက်ဆင့်ကမ်း မျှဝေနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းသင်တန်းအား သင်တန်းကြေးကောက်ယူမှုမရှိပဲ အခမဲ့ သင်ကြားမည်ဖြစ်ပြီး သင်တန်းသားဦးရေ ကန့်သတ်ထားကြောင်း၊ သင်တန်းကာလမှာ ၂၀၁၃-ခု နိုဝင်ဘာလ ၁၉-ရက်မှ ၂၃-ရက်နေ့အထိ ၅-ရက်တာကာလဖြစ်ပြီး နေ့စဉ် နံနက် ၉-နာရီမှ ညနေ ၅-နာရီအထိ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းတွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ပို့ချမည်ဖြစ်ကြောင်း၊ သင်တန်းမှတ်စုများကိုလည်း နှစ်ဘာသာဖြင့် ပြင်ဆင်ပို့ချမည်ဟု ဆိုပါသည်။

သင်တန်းခေါင်းစဉ်များအနေဖြင့် Me (Identity and Culture), Me and You (Dialogue), We together (Local and Global Citizenship), Planning Social Action, International Study Visits and Networking, What is facilitaion?, Facilitation Fundamentals, Role of a facilitator တို့ သင်ကြားပို့ချမည်ဖြစ်ပြီး နယ်မှတက်ရောက်လိုသော သင်တန်းသူ သင်တန်းသားများအတွက် နေထိုင်စားသောက်ရေးကို စီစဉ်ပေးမည်ဟုလည်း ဖြစ်ကြောင်းသိရသည်။

စိတ်ပါဝင်စားသူများအနေနှင့် ဆွေသဟာရုံး၊ အနောက်မြို့ပတ်လမ်း၊ ELS သင်တန်းကျောင်းဘေး၊ ကူညီကုန်းလမ်းဆုံအနီး၊ ချမ်းသာရပ်ကွက်၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မွန်၊ ၀၉ ၄၂၈ ၃၆၄ ၁၉၅၊ [email protected] ။ ကိုနိုင်လင်း၊ ၀၉ ၄၂၂ ၄၉၉ ၆၃၄၊ [email protected] များသို့ ဆက်သွယ်စုံစမ်းနိုင်ပြီး လျှောက်လွှာပိတ်မည့်ရက်မှာ နိုဝင်ဘာ ၁၁-ရက်နေ့ဖြစ်သည်ဟုသိရပါသည်။

Leave a Reply