နိုဝင်ဘာ ၁၀၊ ၂၀၁၃
M-Media
A.N.Lay
ရန်ကုန် ။ ။ ကမ္ဘာသိ မြန်မာ့သမိုင်းရှင် ဗိုလ်မှူးဘရှင် မွေးနေ့ နှစ်တစ်ရာပြည့်အထိမ်းအမှတ်ဖြစ်သော ရာပြည့်စာဖတ်ခန်းကို နိုဝင်ဘာ ၁၀-ရက်နေ့ နံနက် ၈-နာရီ အချိန်တွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် အမှတ်-၁၇ နတ်မောက်လမ်း တွင်ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါ ရာပြည့်စာဖတ်ခန်းဖွင့်လှစ်ပွဲတွ င် မြန်မာစာ ပါမောက္ခ ဦအော်ဇော်က “စာဖတ်ခန်းဖွင့်တာဟာ တိုင်းပြည်ကို အကျိုးပြုတဲ့လုပ်ငန်း၊ လူမျိုးကိုအကျိုးပြုတဲ့ လုပ်ငန်း သာသနာကိုအကျိုးပြုတဲ့လုပ်ငန်း များကို အကျိုးပြုနိုင်ရန် ထိပ်ဆုံးကပါဝင်နေပါတယ်။ ဒီနေ့ တာဝန်သိတဲ့ လူငယ်တစ်စုကနေပြီးတော့ ဗိုလ်မှူးဘရှင်က တစ်သက်လုံး စာဖတ်ခဲ့တယ်။ ပညာနဲ့လည်း တပ်မတော်ကိုအကျိုးပြုခဲ့တယ်။ မြန်မာနိုင်ငံမှာသာမက ကမ္ဘာကိုပါ ပညာနဲ့အကျိုးပြုခဲ့လို့ အယ်မာရီးယက်စ် ဘွဲ့ရခဲ့တယ်။ ဗိုလ်မှူးဘရှင်ကိုအားကျတယ်၊ ဗိုလ်မှူးဘရှင်ကို လေးစားတယ်ဆိုရင် ဗိုလ်မှူးဘရှင်ပြောသွားတဲ့ စကားတွေကို လိုက်နာတာဟာ စံပြအနေနဲ့ပြုလုပ်တာပဲ။ ဒီနေ့တာဝန်သိ လူတွေဟာ တော်တော်ကြိုးကြိုးစားစားနဲ့ လုပ်တော့ တစ်ခုပဲ စိုးရိမ်တယ်။ အစတော့ကောင်းပြီ အနှောင်းသေချာဖို့လိုပါတယ်။ အနှောင်းသေချာဖို့ ကလည်း တစ်ဦးကောင်းတစ်ယောက်ကောင်း လုပ်ဆောင်လို့မရတဲ့ အတွက် အလားတူ တာဝန်တိတဲ့ ပုဂ္ဂိုလ်တွေက ဝိုင်းဝန်း ကြိုးပမ်းပြီးတော့ ရာပြည့်အထိမ်းအမှတ် စာကြည့်တိုက်ဖွင့်ပွဲလို့တက်တဲ့ ရာပြည့်ဝေါဟာရကို ဒီစာတိုက်ကြီးလည်းရာပြည့်နိုင်ေ အာင် တည်တံ့နိုင်အောင် ဝိုင်းဝန်း ကြိုးပမ်းကြပါ”လို့ ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဆရာကြီးဗိုလ်မှူးဘရှင်၏ တပည့်များထဲမှ တစ်ဦးဖြစ်တဲ့ ဦးတင်ဦးက “ကျွန်တော်ဖြစ်စေချင်တဲ့ စာဖတ်ခန်းကတော့ လုပ်ပြီးသွားပြီ၊ နောက်ပြီး ဆရာ့ရဲ့ စာအုပ်တွေလည်း စဉ်ဆက်မပြတ် ထုတ်ဝေချင်ပါတယ်။ ဆရာရဲ့ နာမည်နဲ့ဖောင်ဒေးရှင်းတစ်ရပ်လည်း ထူထောင်ချင်ပါတယ်”လို့ သူရဲ့ ရည်ရွှယ်ချက်လေးတွေကို ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး အဆိုပါ စာဖတ်ခန်းဖွင့်လှစ်ပွဲတွင် ဆရာကြီးရဲ့ ညီမအငယ်ဆုံးဖြစ်တဲ့ ဆရာမကြီး ဒေါ်ခင်ရွှေ (ပါမောက္ခ၊ သတ္တဗေဒ)က မိသားစု ကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အလှူငွေများပေးအပ်ခဲ့ရာ ၎င်းအလှူငွေကို ဦးကြည်လွင်က လက်ခံရယူခဲ့ပြီး စာဖတ်ခန်းဖွင့်ပွဲ အခမ်းအနားကို ရပ်နားခဲ့ပါသည်။
Comments