နိုဝင်ဘာ ၁၂၊ ၂၀၁၃
M-Media
လမင်းဖြူ
ရန်ကုန် ။ ။ သက်ကြီးရွယ်အိုများအား နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (Day Care Center for the Aged)ကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် မကြာခင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။
မကြာခင်ဖွင့်လှစ်တော့မည့် အဆိုပါ Day Care Centre တွင် ကမ္ပည်းမော်ကွန်း၊ ဘုရားခန်း၊ အဘိုးအဘွားများ နားနေခန်း၊ ဆေးပေးခန်း၊ ဧည့်ခန်း၊ ကိုယ်ကာယ လေ့ကျင့်ခန်း၊ အပန်းဖြေနားနေခန်း၊ စာကြည့်ခန်း၊တစ်ကိုယ်ရေသန့်ရှင်းခန်း၊ ကွန်ပျူတာခန်း၊ သီချင်းဆိုခန်း၊ စားသောက်ခန်း၊ ဖွင့်ပွဲကျင်းပမည့်နေရာများနှင့် အစမ်းလေ့ကျင့်မှုများလည်း ပြင်ဆင်လုပ်ဆောင်နေပြီး ရနက်ုန်မြို့ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းထောင့်တွင် တည်ရှိသည်ဟု သိရသည်။
အဆိုပါ Day Care Centre ဖွင့်လှစ်ရန် ပြင်ဆင်နေမှုအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်မှ နိုဝင်ဘာ ၉-ရက်နေ့က သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်းလည်း သိရပါသည်။
သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာသည် တခြားသော နိုင်ငံများတွင် လုပ်ဆောင်သည်များကို လေ့လာ၍ မြန်မာနိုင်ငံတွင် ယခုအခါ ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်သည့် တစ်ခုတည်းသော Day Care Center ဖြစ်ကြောင်းလည်း သိရပါသည်။
Comments