နိုဝင်ဘာ ၂၁ ၂၀၁၃
M-Media
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် စောမဲကျီ ခမီးရွာမှ (၅) နှစ်အရွယ် မိန်းကလေးငယ် အသတ်ခံရမှုနှင့် ပတ်သက်ပြီး သံသယရှိသူ (၅) ဦးကို ရဲ က ဖမ်းဆီးလိုက်ကြောင်း အဖမ်းခံရသူအားလုံးမှာ ခမီးအမျိုးသားများဖြစ်ကြောင်း ဘင်္ဂလားဒေရှ်အခြေစိုက် နိရဉ္စရာ ရခိုင်သတင်းဌာနမှာ ဖော်ပြပါရှိသည်။
ဖမ်းဆီးခံရသူများမှာ စောမဲကျီရွာတွင် နေထိုင်သူ (၁) ကိုအောင်နိုင်စိုး (၂) မောင်ကာလု (၃) ခင်ထွန်းမောင် (၄) ကိုရင်မောင် နှင့် (၅) ကိုဦးကျော်ဝင်းဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။
ခမီး လူမျိုး ဦးရွှေမိ၊ ဒေါ်ဝါ၀ါဦး ၏ သမီးဖြစ်သူ မဇလပ်ဝါ (၅) နှစ်သည် နိုဝင်ဘာ ၁၇ ရက်နေ့က ကစားရာက ပျောက်ဆုံးသွားပြီး အသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
လူမျိုးရေးမုန်းတီးရေး ဝါဒီဖြန့်ချီရေးသမားများမှ အဆိုပါ သတင်းနှင့်ပတ်သက်ပြီး ဒုက္ခသည်စခန်းမှ မွတ်စလင်မ်များမှ သတ်ဖြတ်ခဲ့ကြောင်း ဆိုရှယ်မီဒီယာများတွင် ဖြန့်ချီမှုကြောင့် ပြန့်နှံလျက်ရှိပါသည်။
Comments