နိုဝင်ဘာ- ၂၃ ၂၀၁၃
M-Media
ရုရှားနိုင်ငံ Chelyabinsk Oblast ပြည်နယ်၏မြို့တော် Chelyabinsk ရှိ Gagarin Park Complex တွင် အစ္စလာမ့်မစ်ဆိုင်ရာ ပြပွဲတစ်ခုပထမဆုံးအကြိမ်အဖြစ် ယမန်နေ့က စတင်ပြုလုပ်ခဲ့သည်ဟု သိရသည်။
ထိုပြပွဲတွင် အစ္စလာမ့်ယဉ်ကျေးမှုဆိုင်ရာ အချက်အလက်များနှင့် အစ္စလာမ်သာသနာ၏ သွန်သင်ချက် စံနှုန်းများကို ရှင်းလင်းပြသခြင်းများ ပါဝင်ပြီး ပြပွဲမှာ မနက်ဖြန်တွင်ပြီးဆုံးမည်ဖြစ်သည်။ ထိုပွဲသို့ လာရောက်ကြည့်ရှုသူများမှာ အစ္စလာမ့် ယဉ်ကျေးမှုဆိုင်ရာ ထူးခြားသောအရာများနှင့် Holy Kiswa ဟု ခေါ်သည့် ပိုးသားပေါ်တွင် ရွေရောင်စားလုံးဖြင့် ထိုးထားသော ကုန်အာန်ကျမ်းစာ အစိတ်အပိုင်းများကိုလည်း ကြည့်ရှုနိုင်မည်ဖြစ်သည်။
ပြပွဲကိုကျင်းပရာတွင် ပါဝင်ခဲ့သူတစ်ဦးက ၎င်းမှာ ပြပွဲတစ်ခုအဖြစ်မဟုတ်ဘဲ ရင်းနှီးမှုဖြစ်လာစေရန် ရည်ရွယ်၍ ခင်းကျင်းပြသခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုပြပွဲတွင် Tatarstan ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်မှ Enterprises of South Urals ကုမ္ပဏီက ၎င်းတို့၏ထုတ်ကုန်များအား ပြသခဲ့သည်။ ထို့ပြင် ဟာလာထုတ်ကုန်များ၊ မွတ်စလင်မ် အသုံးအဆောင်ပစ္စည်းများ၊ အနုပညာလက်ရာများ၊ ရွှေငွေ လက်ဝတ်ရတနာပစ္စည်းများ၊ ဘာသာရေးဆိုင်ရာ စာပေများ၊ အ၀တ်အထည်များ၊ လက်ဆောက်ပစ္စည်း စသည်များကို ဟဂ်ျဘုရားဖူးကိစ္စရပ်များအား ဆောင်ရွက်ပေးနေသည့် ကုမ္ပဏီများအပါအ၀င် အခြားသော ကုမ္ပဏီများက လာရောက်ခင်းကျင်းပြသခဲ့ကြသည်။
အစ္စလာမ်သာသနာမှာ ခရစ်ယာန်သာသနာပြီးနောက် ဒုတိယလူအများဆုံး ကိုးကွယ်သည့် သာသနာဖြစ်ပြီး ရုရှားလူဦးရေ၏ ၁၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။ ထို့ပြင် ရုရှားနိုင်ငံတွင် အစ္စလာမ်ဘာသာရေးနှင့် သက်ဆိုင်သည့် သမိုင်းဝင် အဆောက်အအုံမြောက် များစွာတည်ရှိသည်။
Comments