နိုဝင်ဘာ ၂၈၊ ၂၀၁၃
M-Media
ပြည်တွင်းသတင်းတို
=================
နိုဝင်ဘာ ၂၈၊ ၂၀၁၃
M-Media
အစိုးရပိုင်းရှိ အစိုးရနှင့် တပ်မတော်မှာ အမြင်မတူမှု၊ လွှတ်တော်အတွင်းရှိ အချို့သူများမှ တန်းတူဆွေးနွေးလိုသည့် သဘောထားမရှိပဲ အပေါ်စီးယူမှုများရှိနေသည့်အတွက် ၎င်းစိတ်ဓါတ်အခြေခံအား မပြောင်းလဲပါက အပစ်အခတ်ရပ်စဲရန် လက်မှတ်ရေးထိုးရေးအတွက် တွေ့ဆုံဆွေးနွေးမှုက ကြန့်ကြာနေဦးမည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောဆိုလိုက်ကြောင်း ဧရာဝတီသတင်းတွင် ဖော်ပြထားပါတယ်။
_______________________
လူငယ်တွေ ဦးစီးလုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် နိုင်ငံရေးလုပ်ဆောင်တော့မှာ မဟုတ်ကြောင်းကို ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ဦးခင်ညွန့်အကြောင်း တွေ့ဆုံမေးမြန်းထားချက်များကို စုစည်းပြီး စာအုပ်အဖြစ် ထွက်ရှိလာတဲ့ စာအုပ် သတင်းစာရှင်းလင်းပွဲမှာ ကတိပေးပြောကြားခဲ့ကြောင်း RFA သတင်းဌာနမှတဆင့် သိရှိရပါတယ်။
______________________
မြန်မာ့တပ်မတော်ကို ထူထောင်ခဲ့သည့် ရဲဘော်သုံးကျိပ်ဝင်များထဲမှ နောက်ဆုံးကျန်ရှိသူ ဗိုလ်ရဲထွဋ်သည် နိုဝင်ဘာ ၂၇-ရက် ည ၉-နာရီ မိနစ် ၂၀ အချိန်မှာ ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့ကြောင်း သိရှိရပါတယ်။
______________________
ဖက်ဒရယ်ပြည်ထောင်စုပါတီ တည်ထောင်ခွင့်ကျထားပြီ ဖြစ်သည့်အတွက် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား ဒီဇင်ဘာ ပထမအပတ်အတွင်း ရွေးချယ်ရန် စီစဉ်ထားသည်ဟု ပါတီ၏ယာယီ ဥက္ကဋ္ဌ ဒေါက်တာဂမ်ဂျန်ဒါးက မဇ္ဈိမကို ပြောကြားခဲ့ပြီး ပါတီ၏ အဓိက ရည်ရွယ်ချက်သည် ပြည်ထောင်စု ဆန်သည့် စနစ်ဖြစ်ပေါ်လာရန်၊ ပြည်ထောင်စု တိုင်းရင်းသားများအားလုံး တစ်သားတည်း စုပေါင်း နေထိုင်နိုင်ရန် ဖြစ်ကြောင်းလည်း သိရပါတယ်။
______________________
- ဟောလီးဝုဒ်မှ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦး အစ္စရေး သူလျှိုလုပ်ပေးခဲ့ဟောလီးဝုဒ် နာမည်ကျော် ရုပ်ရှင်ဇာတ်ကားများဖြစ်ကြသည့် Pretty Woman နှင့် Fight Club ရုပ်ရှင်များကို ထုတ်လုပ်ခဲ့သူ အာနန် မီလ်ချန်က ၎င်းအနေဖြင့် အစ္စရေး၏ နျူးကလီးယားအစီအစဉ်ကို ကူညီရန်အတွက် အစ္စရေး၏ သူလျှိုလုပ်ပေးခဲ့သည်ဟု ဖွင့်ဟခဲ့သည်။
အစ္စရေးရုပ်သံတစ်ခုဖြစ်သည့် Channel 2 မှ Documentary အစီအစဉ် တစ်ခုဖြစ်သည့် တနင်္လာနေ့ကထုတ်လွှင်ခဲ့သော Uvda အစီအစဉ်၏ အင်တာဗျူးတွင် မီလ်ချန်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့လုပ်ဆောင်ခြင်းနှင့်ပက်သက်၍ ယခင်က တရားမ၀င်ပြောကြာမှုကို အတည်ပြုလိုက်ခြင်းလည်းဖြစ်သည်။
မီလ်ချန်မှာ အစ္စရေးနိုင်ငံ၏ လက်နက်ဆိုင်ရာ သဘောတူညီချက်များအား ညှိနှိုင်းဆွေးနွေးခြင်းနှင့် အစ္စရေး၏ လျို့ဝှက်နျူးကလီးယား လက်နက် ထုတ်လုပ်ရေး ပရောဂျက်အား ထောက်ပံ့ပေးနေသည့် အစ္စရေးအေဂျင်ဆီ တစ်ခုတွင် အလုပ်လုပ်ပေးခဲ့ခြင်းဖြစ်သည်။
အစ္စရေးတွင် မွေးဖွားခဲ့သည့် မီလ်ချန်အား ဟီဗရူးဘာသာအရ Lakam ဟု အတိုကောက်ခေါ်ဆိုသည့် သိပ္ပံဆိုင်ရာဆက်သွယ်မှုဗျူရိုသို့ ၁၉၆၀ ပြည့်နှစ်များတွင် ယခုလက်ရှိ အစ္စရေးသမ္မတဖြစ်သူ ရှီမွန်ပဲရီးစ်က လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် သွင်းပေးခဲ့ခြင်းဖြစ်သည်။
ထိုဗျူရိုမှာ အစ္စရေး၏ လျှို့ဝှက်ကာကွယ်ရေးအစီအစဉ်အတွက် သိပ္ပံဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ သတင်းအချက်အလက်များကို ရှာဖွေစုဆောင်းပေးရသည့် အဖွဲ့တစ်ခုဖြစ်ပြီး ၁၉၈၇က ပိတ်သိမ်းခဲ့သည်။
- ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းမှာ သမ္မဘာရှာအလ်အာဆတ် ရာထူးမှနှုတ်ထွက်ရန်မဟုတ်ဟု ဆီးရီးယားအစိုးရက ပြောကြားလိုက်ပြီး အတိုက်အခံများဘက်မှ အာဆတ်အစိုးရ နှုတ်ထွက်ရေးတောင်းဆိုချက်မှာ စိတ်ကူးယဉ်ခြင်းနှင့် လှည့်စားခြင်းသာဖြစ်သည်ဟု ဆီးရီးယား အစိုးရကပြောကြားခဲ့သည်။ ထို့ပြင် အစိုးရအနေဖြင့် လာမည့် ဇန်န၀ါရီလတွင်ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဖြစ်သော်လည်း အာဏာကို စွန်လွှတ်ရန် မရှိဟု ယမန်နေ့က ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။
- ရွေးကောက်ပွဲပြုလုပ်ရန်သတ်မှတ်
ရက်အား မကျေနပ်သည့် အတွက် အတိုက်အခံများက ဆန္ဒပြမှုများပြုလုပ်ခဲ့သောကြောင့်  လာမည့်ဇန်န၀ါရီလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲအား ရွှေ့ဆိုင်းလိုက်သည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရက ကြေညာ ခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲအား ဇန်န၀ါရီ ၅ ရက်နေ့တွင်ပြုလုပ်မည်ဟု သတ်မှတ်ပြီး ၂ ရက်အကြာ ဗုဒ္ဓဟူးနေ့မှစ၍ အစိုးရအတိုက်အခံများ ဦးဆောင်ကာ နိုင်ငံတစ်ဝှမ်းရှိ ကားလမ်းများ၊ ရထားလမ်းများနှင့် ရေကြောင်းလမ်းများအားပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြပြီး ထိုဆန္ဒပြမှုများအတွင် အနည်းဆုံး လူ ၁၂ ဦးသေဆုံးခဲ့ရသည်။
- နိုင်ငံတွင် သုံးကြိမ်တိုင်တိုင် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဘာလူစကိုနီအား အခွန်ဆိုင်ရာ လိမ်လည်မှုများကြောင့် ပါလီမန်တွင် ပါဝင်ခွင့်မပြုရန် အီတလီဆီးနိတ်က ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ယမန်နေ့က မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဘာလူစကိုနီကမူ ထိုကဲ့သို့ဆုံးဖြတ်ခဲ့သည့်နေမှာ
အီတလီဒီမိုကရေစီ၏ ၀မ်းနည်းစရာကောင်းသောနေ့ဖြစ်သည် ဟု ပြောကြားခဲ့သည်။
- ဥရောပယူနီယံရှိ နိုင်ငံများမှ ဗြိတိန် ပိုင်နက်အတွင်းသို့ ပြောင်းရွှေ့နေ ထိုင်မှုကို ကန့်သတ်ရန်အတွက် အစီအစဉ်တစ်ခုကို ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ယမန်နေ့က ထုတ်ပြန်ခဲ့ပြီး၊ ဥရောပရှိ ဆင်းရဲသောနိုင်ငံများမှာ လူများမှာ ချမ်းသာသော ဥရောပနိုင်ငံများသို့ ရွှေ့ပြောင်းနေထိုင်ခြင်းအား တစ်ဖြည်းဖြည်း ကန့်သတ်ချင်သည်ဟု ပြောကြားခဲ့သည်။
- အရှေ့တရုတ်ပင်လယ်အတွင်းရှိ နှစ်နိုင်ငံ အငြင်းပွားနေသာ ကျွန်း၏ လေပိုင်နက်အား တရုတ်နိုင်ငံက ၎င်း၏လေကြောင်း ကာကွယ်ရေးဇုန်အတွင်း ထည့်သွင်းသတ်မှတ်ခဲ့ပြီးနောက် ကြီးထွားလာသည့် အငြင်းပွားနေမှုများအတွက် ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်ထံမှ ထောက်ခံမှုကို ရရှိခဲ့သည်ဟု သိရသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျက်ဟေဂယ်က ဂျပန် ကာကွယ်ရေးဝန်ကြီးနှင့် ယမန်နေ့က ပြုလုပ်ခဲ့သည့် တယ်လီဖုန်းပြောဆိုမှုတွင် အမေရိကန်-ဂျပန် နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာစာချုပ်က ထိုအငြင်းပွားနေသည့် ကျွန်းအတွက် အကျုံးဝင်သည်ဟု ပြောဆိုခဲ့သည်။
- မကြာသေးမီက ကောက်ယူခဲ့သော စစ်တမ်းများအရ ဗြိတိန်ရှိ ပြည်သူအချို့မှာ အကြွေးများ ဆိုးရွားစွာဖိစီးခံနေရသည်ဟု သိရသည်။ ဗြိတိန်အစိုးရ၏ ကျောထောက်နောက်ခံပြုမှုဖြင့် ငွေကြေးအကြံပေးအဖွဲ့ MAS က စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်ပြီး ဗြိတိန်လူဦးရေ၏ ၁၈ ရာခိုင်နှုန်းဖြစ်သည့် လူ ၈.၈ သန်းမှာ ငွေးရေးကြေးရေး အခက်အခဲများဖြင့် ကြုံတွေ့နေရခြင်းဖြစ်သည်။
- အီရန်နှင့် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ ဆွေးနွေးရာတွင် ထွက်ပေါ်ခဲ့သည့် သဘောတူညီချက်မှာ အရှေ့အလယ်ပိုင်းအခြေအနေအား တိုးတက်စေသည်ဟု ရှန်းဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO က ပြောကြားခဲ့သည်။ ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ထိုခြေလှမ်းက နိုင်ငံများအကြားတွင် ယုံကြည်မှုနှင့် နားလည်မှုများကို ပိုမိုခိုင်မာစေရန် အထောက်အကူပြုသည်ဟု ထည့်သွင်းဖော်ပြထားသည်။
- ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်းရှိ မြို့တစ်မြို့တွင် ထရပ်ကားအတွင်းသိမ်းဆည်းထား သော ဆေးခြောက်နှစ်တန်အား ရဲတပ်ဖွဲ့ဝင်များက ယမန်နေ့တွင် ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထိုဆေးခြောက်များမှာ ကိုလံဘီရာတော်လှမ်းရေးတပ် FARC မှ ပိုင်ဆိုင်သော ဆေးခြောက်များဖြစ်သည်ဟု ရဲတပ်ဖွဲ့ကပြောဆိုထားပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေသည်ဟု သိရသည်။
- Misty ဟု အမည်ပြောင်ပေးထားပြီး Diplodocus longus အမည်ရ အလျား ၅၅ ပေ အမြင့် ၁၉ ပေရှိသည့် ဒိုင်နိုင်ဆောအမ၏ အရိုးရုပ်ကြွင်းကို အင်္ဂလန်နိုင်ငံ တောင်ဘက် West Sussex တွင် ယမန်နေ့က ပေါင် ၄ သိန်းဖြင့် လေလံတင်ရောင်းချခဲ့သည်ဟု သိရသည်။ အမည် မဖော်လိုသည့် အဖွဲ့အစည်းတစ်ခုမှ ၀ယ်ယူ သွားခဲ့ခြင်းဖြစ်ပြီး များပြည်သူအား ပြသသွားမည်ဟု လေလံတင်ရောင်းချသည့်အဖွဲ့က ပြောကြားခဲ့သည်။ ထိုဒိုင်နိုဆော ရုပ်ကြွင်းမှာ အချိုးအစားအားလုံးအား အကောင်းပကတိအတိုင်း တွေ့ရရန်ခက်ခဲ့ပြီး ယခုရုပ်ကြွင်း၏ အစိတ်အပိုင်းအားလုံးကို အမေရိကန်အနောက်ပိုင်း Wyoming ပြည်နယ်တွင်၂၀၀၉ ခုနှစ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
- လူ ၅၄ ဦးသေဆုံးခဲ့ပြီး ၄၀ နီးပါး ဒဏ်ရာရရှိခဲ့သည့် Riga စူပါမားကတ်ပြိုကျပြီးနောက်ပိုင်း ထိုကိစ္စကို တာဝန်ယူသောအနေဖြင့် လတ်ဗီယား ၀န်ကြီးးချုပ် ဗာလ်ဒစ် ဒွမ်ဘရော့ဗ်စကီးက ရာထူးမှနှုတ်ထွက်သွားခဲ့သည်ဟုသိရသည်။ လတ်ဗီးယားသမိုင်းတွင် ၀န်ကြီးချုပ်အဖြစ် အရှည်ကြာဆုံးတာဝန်ထမ်းဆောင်ခဲ့သူ ဗာလ်ဒစ်၏ နှုတ်ထွက်မှုကို သမ္မတ အန်ဒရစ် ဘာဇင်ကလည်း လက်ခံခဲ့သည့်အတွက် လတ်ဗီယားအစိုးရမှာ ပြုတ်ကျသွားခဲ့ပြီဖြစ်သည်။
- ဂျပန်နိုင်ငံနှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျွန်း၏ လေပိုင်နက်အား တရုတ်နိုင်ငံမှ လေကြောင်းဆိုင်ရာထိန်းချုပ်မှုကို ဆန်ကျင့်သောအားဖြင့် မိမိတို့၏ လေယာဉ်များအား ထိုကျွန်အနီးလေပိုင်နက်သို့ တရုတ်နိုင်ငံအား အကြောင်းကြားခြင်းမရှိဘဲ စေလွှတ်ထားသည်ဟု တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့က ကြေညာလိုက်သည်။ တရုတ်နိုင်ငံက သတ်မှတ်ခဲ့သောလေကြောင်းကာကွယ်ရေးဇုန်အား ပြောင်းလဲပစ်ရန် တောင်ကိုရီးယားက ယနေ့တွင် တိုက်တွန်းခဲ့ သော်လည်း တရုတ်နိုင်ငံက လက်ခံခဲ့ခြင်းမရှိသောကြောင့် တောင်ကိုရီးယာနိုင်ငံကလည်း ထိုလေပိုင်နက်အတွင်းသို့ ၎င်းကိုပိုင် ဇုန်အား ချဲ့ထွင်သွားမည်ဟု ပြောကြားခဲ့သည်။
Comments