6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၂ ၊ ၂၀၁၃
M-Media

တိုင်းပြည်ငြိမ်းချမ်းရေး အတွက် ရာထူးမှ နှုတ်ထွက်ရန်အဆင်သင့်ဟု ယင်းလပ်ဆို

တိုင်းပြည်အတွင်း ငြိမ်းချမ်းမှုပြန်လည်ရရှိရေးအတွက် ရာထူးမှ ဆင်းပေးရန်နှင့် ပါလီမန်အား ဖျက်သိမ်းပေးရန် အဆင်သင့် ရှိနေသည်ဟု ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ထရာက ဒီကနေ့တွင် ပြောကြားလိုက်သည်။

သို့သော်လည်း အတိုက်အခံခေါင်းဆောင် ဆူသက် သောင်ဆူဘန်၏ တောင်းဆိုချက်ဖြစ်သည့် ပြည်သူထံအာဏာ လွှဲအပ်ရန်နှင့် ကြားဖြတ် အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပေးရန် တောင်းဆိုမှုအား ယင်းလပ်က ပယ်ချခဲ့ပြီး ထိုတောင်းဆိုချက်မှာ ဖွဲ့စည်းပုံနှင့် ဆန့်ကျင်သည်ဟု မှတ်ချက်ပေးခဲ့ကာ တိုင်းပြည်အတွင်း ငြိမ်းချမ်းမှု ပြန်လည်ဖြစ်ထွန်းစေရန် အခြေခံဥပဒေကပြဌာန်ထားသည့် ပုံစံအတိုင်း အရာအားလုံးကို လုပ်ဆောင်ရန် ဆန္ဒရှိသည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်ပတ်ကတည်းက ဖြစ်ပွားနေသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုမှာ တစ်ဖြည်းဖြည်း အရှိန်မြင့်လာပြီး ယခုအချိန်အထိ လူ ၃ ဦးထပ်မနည်းသေဆုံးခဲ့သည်။
Ref: ဆင်ဟွာ

Thai-anti-Govt-protest-Nov-11-2013

—————————————–

အမေရိကန်မှ ဒရုန်းများဖြင့် တိုက်ခိုက်မှု ပါကစ္စတန် ပြည်သူထောင်ပေါင်းများစွာ ဆန်ကျင်ဆန္ဒပြ

– အမေရိကန်ကပြုလုပ်သည့် ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုများအား ဆန့်ကျင်သော ဆန္ဒပြပွဲများ အဆက်မပြတ်ဖြစ်ပွားနေသည့် ပါကစ္စတန်တွင် ယမန်နေ့ကလည်း ထောင်ပေါင်းများစွာသောပြည်သူများမှာ နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့တွင် ဆန္ဒပြပွဲတစ်ခု့ ပြုလုပ်ခဲ့သည်။

ပါကစ္စတန်ကာကွယ်ရေးကောင်စီက စီစဉ်ပြီး လူပေါင်း ၅၀၀၀ ၀န်းကျင် ပါဝင်ခဲ့ကြသည့် အဆိုပါဆန္ဒပြပွဲတွင် ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုများကို အမေရိကန်က ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။

ထို့ပြင် အာဖဂန်ရှိနေတိုးတပ်များအား လက်နက်ရိက္ခာများ ထောက်ပံ့နေသည့် လမ်းကြောင်းများကို ပိတ်ပစ်ရန် ကျွေးကြော်သံများကိုလည်း ကျွေးကြော်ခဲ့ကြသည်။

Ref: RT

——————————–

ဗြိတိန် ဘိုးဘွားရိပ်သာမှ ၁၀ နှစ်အတွင်း ဘိုးဘွား ၂၀၀၀ကျော် ငတ်မွတ်မှုနှင့် ရေဓါတ်ခမ်းခြောက်မှုကြောင့် သေဆုံးခဲ့ရ

– ပြီးခဲ့ ၁၀ နှစ်အတွင်း ဗြိတိန်ရှိ သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးစင်တာများရှိ လူပေါင်း ၂၀၀၀ကျော်မှာ အဟာရချို့တဲ့ခြင်းနှင့်၊ ရေ ဓာတ်ခမ်းခြောက်ခြင်းတို့ကြောင် သေဆုံးခဲ့ရသည်ဟု အမျိုးသား စာရင်းအင်းရုံး ONS က ထုတ်ပြန်သော စစ်တမ်းအသစ်တွင် ဖော်ပြထားသည်။ ထိုစစ်တမ်းအား The Telegraph သတင်းစာက ရရှိခဲ့ပြီး ၂၀၀၃ ခုနှစ်ကတည်း သေဆုံးခဲ့သည့် လူ ၂၁၆၂ ဦး၏ ဆေးစစ်ချက်များတွင် ထိုကဲ့သို့ သေဆုံးခဲ့ခြင်းမှာ ငတ်မွတ်မှုနှင့် ရေ ဓာတ်ခမ်းခြောက်မှုတို့ကြောင့်ဖြစ်သည်ဟု ရေးသားထားကြောင်းတွေ့ရှိရသည်ဟု ထိုစစ်တမ်းတွင် ဖော်ပြထားသည်။
——————————————–

ခရိုအေးရှားတွင် လိင်တူလက်ထပ်မှု ပြည်သူဆန္ဒခံယူပွဲပြုလုပ် အများစုက ကန့်ကွက်

– လိင်တူလက်ထပ်မှုနှင့် ပက်သက်၍ နိုင်ငံအတွင်းပြုလုပ်ခဲ့သော ပြည်သူ့ဆန္ဒခံယူပွဲတွင် နိုင်ငံသားအများစုမှာ လိင်တူလက်ထပ်မှုကို ကန့်ကွက် မဲပေးခဲ့ကြသည်ဟု ယမန်နေ့တွင် ပါလီမန်က ထုတ်ပြန်သော ရလဒ်အရ သိရသည်။

ထိုပြည်သူ့ဆန္ဒခံယူပွဲတွင် ‘ထိမ်မြားလက်ထပ်ခြင်းဟူသည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အကြားတွင် ပြုလုပ်ရသည်ကို အသင်သဘောတူပါသလား’ ဟု သောမေးခွန်းမေးမြန်းခဲ့ပြီး၊ မဲပေးသူများ၏ ၆၅ ရာခိုင်နှုန်းမှာ ‘သဘောတူပါသည်’ ဟု မဲထည့်ခဲ့ကြပြီး ၃၄ ရာခိုင်နှုန်းက ‘သဘောမတူပါဟု’ မဲပေးခဲ့ကြသည်။

ထိုကဲ့သို့ ဆန္ဒခံယူပွဲပြီးနောက် ခရိုအေးရှား အခြေခံဥပဒေတွင်ပါဝင်သည့် ထိမ်းမြားခြင်းဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုမှုအား ‘အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့၏ ပေါင်းစည်းမှုဟု’  ပြင်ဆင်သွားမည်ဖြစ်သည်။
——————————————–

အွန်လိုင်းမှဈေးရောင်းသည့် Amazon မှ ပစ္စည်းများကို မောင်းသူမဲ့လေယာဉ်ဖြင့် ပို့ဆောင်မည်။

– ကမ္ဘာ့အကြီးဆုံး အွန်းလိုင်းအရောင်းဆိုဒ်တစ်ခုဖြစ်သည့် Amazon မှ ဈေးဝယ်သူများ မှာယူသော ပစ္စည်းများကို မောင်းသူမဲ့ ဒရုန်းယာဉ်များဖြင့် ပေးပို့ရန် စီစဉ်နေသည်ဟု အမှုဆောင်အကြီးအကဲ ဂျက်ဖ်ဘီဇော့စ်က ပြောကြားခဲ့သည်။

ထိုယာဉ်များအား Octocopter ဟု အမည်ပေးထားပြီး အလေချိန် ၂.၃ ကီလိုအထိရှိသည့် ပစ္စည်းများအား မှာယူပြီး မိနစ် ၃၀ အတွင်းပေးပို့နိုင်မည်ဖြစ်သည်။ သို့သော်လည်း ထိုစနစ်အား စတင်ရန် ၅ နှစ်ခန့် ကြာမြင့်မည်ဖြစ်ပြီး၊ အမေရိကန် လေကြောင်းစီမံခန့်ခွဲရေးဌာနက ဒရုန်းလေယာဉ်များကို အရပ်ဖက်အတွက် အသုံးပြုရန် ခွင့်မပြုထားခြင်းမရှိသေးပေ။

——————————————–
တရုတ်နှင့် ဂျပန်လေပိုင်နက် အငြင်းပွားမှု ကိစ္စအမေရိကန် ဒုသမ္မတ တရုတ်သွားမည်။

– တရုတ်နိုင်ငံမှ မကြာသေးမီက ကြေညာခဲ့သည့် လေကြောင်းကာကွယ်ရေးဇုန်သတ်မှတ်ခြင်း အပေါ် အိမ်နီးချင်းနိုင်ငံများအကြား ဒေါသထွက်စရာ အငြင်းပွားမှုများကြောင့် အမေရိကန်ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင်မှာ ယခုသီတင်းပတ်အတွင်း ဂျပန်နှင့် တရုတ်နိုင်ငံများသို့ သွားရောက်မည်ဟု သိရသည်။

ပြီးခဲ့သည့် သီတင်းနှစ်ပတ်ခန့်က တရုတ်နိုင်ငံက သတ်မှတ်ခဲ့သည့် လေကြောင်း ကာကွယ်ရေးဇုန်အတွင်းတွင် ဂျပန်နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျွန်၏ လေပိုင်နက် တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ပြီး အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က ထိုသတ်မှတ်ချက်အား မကျေနပ်သည့်အတွက် ထိုလေပိုင်နက်ထဲသို့ ၎င်းတို့၏လေယာဉ်များအား တရုတ်နိုင်ငံကို အကြောင်းမကြားဘဲ ပျံသန်းစေခဲ့သည်။

Leave a Reply