6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၃၊ ၂၀၁၃
M-Media
သူရိန်

1

ရန်ကုန် ။    ။     နည်းပညာတက္ကသိုလ်ကျောင်းများတွင် AGTI, B-Tech များအောင်မြင်ပြီး ပေါင်းကူးတန်းကို တက်ရောက်ခွင့်မရှိသူများအနေဖြင့် ၀င်ခွင့်စာမေးပွဲကိုကျင်းပပေးရန် အတွက် သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်းဖြစ်ကြောင်း ရှင်းလင်းပွဲကို နစ်နာခဲ့သူများမှ ယနေ့ ဒီဇင်ဘာ ၃-ရက်နေ့တွင် ပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါ နစ်နာခဲ့သူများ၏ တောင်းဆိုမှုလက်မှတ်များကို စုစည်းကာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီပါတီသစ် ရုံးခန်း၌ ယနေ့ပြုလုပ်သော ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှသိရပါတယ်။

ယခုအခါ ရန်ကုန်ဘက်မှ နစ်နာသူများ၏ လက်မှတ်၃၀၀ကျော်ကို လက်ခံရရှိပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသေးသော နစ်နာသူများ၏ လက်မှတ်တစ်ထောင်ကျော်ကိုစုပေါင်း ကာ ဒီဇင်ဘာလအတွင်း တင်ပြတောင်းဆိုသွားမည်ဖြစ်ဟု ၂၀၁၂ခုနှစ်တွင်B-Tech တန်းဖြင့် အောင်မြင်ခဲ့သော ကိုတင်ကိုကိုကပြောပါတယ်။

ဆက်လက်၍ ၎င်းက နစ်နာခဲ့မှုများနှင့်ပတ်သက်ပြီး  “အရင်စနစ်က ဂုဏ်ထူးတန်းပါမှဆက်တက်ခွင့်ရမယ်။ ဂုဏ်ထူးတန်းဆိုတာကလည်း နှိုင်းယှဉ်ချက်တွေရှိတယ်လေ။ ၂၀၁၂နှင့် ၂၀၁၃ယှဉ်ပြသလိုပေါ့။ ဒီနှစ်မှာ ဂုဏ်ထူးတန်းကို ဘယ်နှမှတ်နှင့် ဖြတ်ပြီး နောက်နှစ်မှာ ဂုဏ်ထူးတန်းကို ဘယ်နှမှတ်ဖြတ်လဲဆိုတာ ကျွန်တော်တို့က သိမှ မသိတာ” ဟု ရှင်းလင်းပြောပြခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲတွင် သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က  “နည်းပညာတက္ကသိုလ်များတွင်Entrance စာမေးပွဲကျင်းပပေးရန်
သက်ဆိုင်ရာဝန်ကြီးသို့ မေးခွန်းမေးမြန်းခြင်းဆိုတဲ့စာရထားတယ်။ ဒါကြောင့် န၀မအကြိမ်လွှတ်တော်မှာ နစ်နာမှုပေါ့။ ဒီနစ်နာမှုဟာ နိုင်ငံသားတွေရဲ့ နစ်နာမှု ဖြစ်တယ်။ တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ကျောင်းသားလူငယ်တွေရဲ့ အခက်အခဲလည်းဖြစ်တဲ့အတွက် လွှတ်တော်မှာဒီကိစ္စကို မေးခွန်းမေးပေးဖို့ ကျွန်တော်တို့ပြင်ဆင်ထား ပါပြီ” လို့ပြောပါတယ်။

၂၀၁၂ နှစ်ဆန်းပိုင်းမှစ၍ အင်ဂျင်နီယာ ပညာရေးကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့ရာ နစ်နာသူအချို့ရှိကြောင်း ရှိခဲ့ကြောင်း သိရပြီး ကျောင်းများတွင် ဖတ်စာအုပ်မလုံလောက်ခြင်း၊ သင်ကြားသည့်ဆရာနှင့် ကျောင်းသားဦးရေ အချိုးမညီမျှခြင်း၊ အမှတ်ပေးစည်းမျဉ်းပုံစံများ တသမတ်တည်းမရှိခြင်း တို့ကြောင့် ပေါင်းကူးတန်းများတွင် နစ်နာမှုများပိုမိုရှိခဲ့ခြင်းလည်းဖြစ်သည်။ အင်ဂျင်နီယာပညာရေးနှင့် ပတ်သက်၍ ယခင်စနစ်ဟောင်းတွင် AGTI သင်တန်း၂နှစ်
တက်ရောက်ရပြီး   AGTI ဒုတိယနှစ်တွင် ဂုဏ်ထူးရရှိပါက  B-Tech  တန်းသို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။  B-Tech တန်းတွင်လည်း အလားတူပုံစံဖြစ်ပြီး
ဂုဏ်ထူးရပါမှ  BE တန်းကိုဝင်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ ယမန်နှစ်၂၀၁၂မှစတင်သော စနစ်သစ်ပညာရေးတွင်မူ ၄-နှစ်ဆက်တိုက် ကျောင်းတက်ရမည်ဖြစ်ပြီး  B-Tech ဘွဲ့ကိုတိုက်ရိုက်ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။

ထူးချွန်သူများအနေဖြင့် M-Tech တန်းကိုတက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ BEဘွဲ့ကိုမူ   Centre of Excellence ကျောင်းများဖြစ်သည့် ရန်ကုန်နည်းပညာ တက္ကသိုလ် (ယခင်RIT )နှင့် မန္တလေးနည်းပညာတက္ကသိုလ် (MTU)ကျောင်းနှစ်ကျောင်းမှသာ သီးသန့်အတန်းများဖွင့်ကာ တိုက်ရိုက်ချီးမြှင့်မည် ဖြစ်ကြောင်းလည်း သိရပါတယ်။

Tags:

Leave a Reply