ဒီဇင်ဘာ ၅၊ ၂၀၁၃
M-Media
တောင်ကိုရီးယား၊ အမေရိကန်နှင့် ဗြိတိန် ရေတပ်များ ပူးတွဲ စစ်ရေး လေ့ကျင့်မည်။
– တောင်ကိုရီးယား၊ အမေရိကန်နှင့် ဗြိတိန်တို့မှာ ကိုရီးယားကျွန်းဆွယ်တောင်ပိုင်း ရေပြင်တွင် ရေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဟု ကိုရီယားရှိ အမေရိကန်တပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။ ၂ ရက်တာကြာမြင့်မည့် အဆိုပါလေ့ကျင့်မှုကို ဒီဇင်ဘာ ၈ရက်နှင့် ၉ ရက်နေ့များတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အမေရိကန်နှင့် တောင်ကိုရိးယားနိုင်ငံတို့မှ ရေတပ် ဖျက်သင်္ဘောများ ပါဝင်မည်ဖြစ်သည်။ ထိုလေ့ကျင့်မှုကို သုံးနိုင်ငံ စစ်ဘက်ဆိုင်ရာ ပူးတွဲလုပ်ဆောင်မှု၊ လုံခြုံရေးဆိုင်ရာနှင့် လူသားချင်း စာနာသည့် ကူညီကယ်ဆယ်မှုများ ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုတိုးတက်စေရန် အတွက် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။
မူရှာရဖ်ကို အာဏာအလွဲသံးစားမှုအတွက် စစ်ဆေးရန် တရားရုံး အမိန့်ချမှတ်
– ယခင်သမ္မတဟောင်း ရာဂျာ ပါဗက်ဇ် မူရှာရဖ် အား အာဏာအလွဲသုံးစားလုပ်မှုနှင့် ပက်သက်ပြီး အရပ်ဖက်ဆိုင်ရာနှင့် မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ပါကစ္စတန်တရားရုံးချုပ်က ယနေ့တွင် အမိန့်ပေးခဲ့သည်ဟု သိရသည်။ သမ္မတဟောင်းအနေဖြင့် ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်ရာတွင် မဲထည့်သူအများအပြား ရရှိရေးအတွက် အာဏာအလွဲသုံးစားလုပ်ကာ ငွေများအား ခွဲဝေပေးခဲ့ကြောင်း တရားရုံးက တွေ့ရှိခဲ့သည့်အတွက် ထိုကဲ့သို့ အမိန့်ပေးခဲ့ခြင်းဖြစ်သည်။
…………………………..
ဆွီဒင်ထောက်လှမ်းရေးက NSA အတွက် ရုရှားခေါင်းဆောင်များကို ထောက်လှမ်းပေးခဲ့
– ဆွီဒင်ထောက်လှမ်းရေးအေဂျင်စီ တစ်ခုဖြစ်သည့် FRA က အမေရိကန် ထောက်လှမ်းရေးအတွက် ရုရှားခေါင်းဆောင်များအား လျို့ဝှက်ထောက်လှမ်းခဲ့ပြီး ရရှိသော အချက်အလက်များအား အမေရိကန်နှင့် ဝေမျှပေးခဲ့သည်ဟု စနိုးဒင်၏ ဖွင့်ချမှုကို ကိုးကား၍ ဆွီဒင် မီဒီယာများက ရေးသားဖော်ပြခဲ့လိုက်သည်။ ကမ္ဘာ့တစ်ဝှမ်းလုံးရှိ အချက်အလက်များအား လျှို့ဝှက်စုဆောင်းရာတွင် အမေရိကန်အမျိုးသားထောက်လှမ်းရေးအေဂျင်စီ NSA မှာ FRA အား အရေးပါသော လုပ်ဖော်ကိုင်ဘက်အဖြစ် သဘောထားခဲ့သည်ဟု ဆွီဒင် ရုပ်သံလိုင်းတစ်ခုဖြစ်သည့် SVT ဖော်ပြခဲ့သည်။
……………………………..
– တောင်ကိုရီးယား၊ အမေရိကန်နှင့် ဗြိတိန်တို့မှာ ကိုရီးယားကျွန်းဆွယ်တောင်ပိုင်း ရေပြင်တွင် ရေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဟု ကိုရီယားရှိ အမေရိကန်တပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။ ၂ ရက်တာကြာမြင့်မည့် အဆိုပါလေ့ကျင့်မှုကို ဒီဇင်ဘာ ၈ရက်နှင့် ၉ ရက်နေ့များတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အမေရိကန်နှင့် တောင်ကိုရိးယားနိုင်ငံတို့မှ ရေတပ်ဖျက်သင်္ဘောများ ပါဝင်မည်ဖြစ်သည်။ ထိုလေ့ကျင့်မှုကို သုံးနိုင်ငံ စစ်ဘက်ဆိုင်ရာ ပူးတွဲလုပ်ဆောင်မှု၊ လုံခြုံရေးဆိုင်ရာနှင့် လူသားချင်းစာနာသည့် ကူညီကယ်ဆယ်မှုများ ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုတိုးတက်စေရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။
………………….
– တိုင်းပြည်တည်ငြိမ်အေးချမ်းရေးတ
………………….
– ရုရှားနှင့် ဆက်ဆံရေး သွေးအေးသွားမည်ကို စိုးရိမ်ပြီး ဥရောပ ယူနီယံ၏ ကုန်သွယ်ရေး သဘောတူညီချက်အား လက်မှတ်မထိုးသော ယူကရိန်း အစိုးရကို ဆန့်ကျင်သော ဆန္ဒပြမှုများအား ယူကရိန်း သမ္မတဟောင်း သုံးဦးက ထောက်ခံခဲ့ပြီး၊ ထိုကဲ့သည့်တင်းမာမှုက ထိန်းချုပ်၍ မရနိုင်လောက်အောင် ဖြစ်သွားနိုင်သည်ဟု ပြောကြားခဲ့သည်။
…………………………
– အရှေ့တရုတ်ပင်လယ်တွင် လေကြောင်း ကာကွယ်ရေးဇုန်အသစ် သတ်မှတ်မှုမှာ နိုင်ငံတကာဥပဒေနှင့် ညီညွတ်ကြောင်း နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်နှင့် တွေ့ဆုံစဉ်အတွင်း တရုတ်နိုင်ငံကပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယနေ့တွင် ပြောကြားလိုက်သည်။
…………………………
တရုတ် သမ္မတ ဇီဂျင်ပင်းနှင့် ယမန်နေ့က ၅ နာရီကြာ ဆွေးနွေးခဲ့ပြီးနောက် ဂျိုးဘိုင်ဒန်က တရုတ်နိုင်ငံ၏ လေကြောင်းကာကွယ်ရေးဇုံ သတ်မှတ်မှုက ဒေသအတွင်း စိုးရိမ်ကြောင့်ကြမှုများကို ဖြစ်စေနိုင်သည်ဟု ပြောကြားခဲ့သည်။
…………………………
– ဗီယက်နမ်သံရုံးမှ ငွေရရှိရန်အတွက် ဟန်ဆောင် ပြန်ပေးဆွဲမှုအတွက် ဗီယက်နမ်နိုင်ငံသား ၅ ဦးသား မိုဇမ်ဘစ် နိုင်ငံတွင် ဖမ်းဆီး ထိန်းသိမ်းကာ တရားစွဲဆိုတော့မည်ဟု သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာနှောင်းပိုင်းက ထိုအဖွဲ့မှာ ကျောင်းဆရာတစ်ဦးအား ပြန်ပေးဆွဲခဲ့ပြီး ဗီယက်နမ်သံရုံးမှ ပြန်ပေးငွေတောင်းခံခဲ့ကာ သံရုံးကလည်း ပေးခဲ့သည်။ သို့သော်လည်း ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ ထိုဖြစ်စဉ်မှာ လိမ်လည်မှု တစ်ခုသာဖြစ်ပြီး ပြန်ပေးဆွဲခံရသည့် ကျောင်းဆရာသည်ပင်လျှင် ပြန်ပေးဆွဲသည့် အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
Comments