6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁၃-၂၀၁၃
M-Media
သီရိ

SAM_1511a

ရန်ကုန်။            ။ တက္ကသိုလ်တက်ရောက်နေစဲ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ၊ IGCSE အောင်မြင်ပြီးသူသော ကျောင်းသားကျောင်းသူများ အတွက် သင့်တော်မှန်ကန်သော ဘွဲ့ကြို၊ ဘွဲ့လွန်ပညာရေး လမ်းကြောင်းများအား ရွေးချယ်နိုင်ရန် ဟောပြောပွဲတစ်ရပ်နှင့် ပညာရေး ပရိုဂရမ်တစ်ခု မိတ်ဆက်ခြင်းကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီထိ Summit Parkview Hotel တွင် ကျင်းပပြုလုပ်ခဲ့ပြီး CROWN EDUCATION မှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထိုပရိုဂရမ်မှာ အမေရိကန်- မြန်မာပညာရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်သည့် သင်ကြားမှုဆိုင်ရာ နိုင်ငံတကာအဆင့်မီ American University Foundation Program (International) ပရိုဂရမ်ဖြစ်ပါသည်။

အချိန်တစ်နှစ်ကြာမြင့်သင်ကြားရမှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ကနေဒါ၊ စင်္ကာပူ၊ အင်္ဂလန် တက္ကသိုလ်များမှ Foundation အဖြစ်အသိမှတ်ပြုထားကြောင်းသိရသည်။ အဆိုပါတက္ကသိုလ်များတွင် Foundation တက်ရောက်ရန်မလိုတော့ဘဲ တက္ကသိုလ်ပထမနှစ်သို့ တက်ရောက်ရမည့် ပရိုဂရမ်ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းပရိုဂရမ်သည် GCE’A’ အဆင့်နှင့်ညီမျှကာ SAT (Scholastic Assessment Test 1/2) ထပ်မံပြင်ဆင်ရန် မလိုအပ်ဘဲ ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများကို အမေရိကန်နှင့် အင်္ဂလန် တက္ကသိုလ်များသို့ ပညာသင်ဆု ဆက်လက်လျှောက်ပေးမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် တက်ရောက်နေစဉ်အတွင်း အထူးပြုဘာသာရပ်များကို ရွေးချယ်ရန်မလိုအပ်သေးဘဲ ပရိုဂရမ်ပြီးဆုံးချိန်တွင် မိမိတို့နှင့်သင့်လျော်မည့် ဘာသာရပ်များကို ရွေးချယ်နိုင်ရန် ပြည်တွင်း ပြည်ပ မှ ဆရာ၊ ဆရာမများက လေ့ကျင့်သင်ကြားပေးမည်ကြောင်း အခမ်းအနားမှာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။

၎င်းပရိုဂရမ်ပြီးဆုံးပါက အမေရိကန်၊ အင်္ဂလန်၊ စကာၤပူ၊ ၾသစေၾတးလ် တက္ကသိုလ်များသို့ ကျောင်းဝင်ခွင့်လျှောက်ထားခြင်း၊ ဗီဇာကိစ္စ စီစဉ်ဆောင်ရွက်ပေးခြင်းများကို မည်သည့်ဝန်ဆောင်ခ၊ အခကြေးငွေမှ ပေးစရာမလိုဘဲ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ထူးချွန်သောကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ဆု ရရှိနိုင်ရန်အတွက်ပါ ဆောင်ရွက်ပေးသွားမည် ဟုသိရသည်။

Tags:

Leave a Reply