ဒီဇင်ဘာ ၂၂၊ ၂၀၁၃
M-Media
သီရိ
ရန်ကုန် ။ ။ Liberty Education မှဦးစီးကျင်းပပြုလုပ်သော ကလေးများနှင့် ကျောင်းသား/ကျောင်းသူများအတွက် ပညာရေးဆိုင်ရာ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၂-ရက်နေ့တွင် ရန်ကုန်မြို့ ကန်တော်မင်ပန်းခြံ Happy World တွင် ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်သူ ၅၀-ကျော် ရှိခဲ့ပါသည်။
ထိုအခမ်းနားတွင် ဒေါက်တာဦးစိန်လွင် ဆေးရုံအုပ်ကြီး (ငြိမ်း) အထူးကုဆရာဝန်ကြီး စိတ်ကျန်းမာရေးဆေးရုံကြီး နှင့် ဒေါ်သက်ထားဝင်း တွဲဖက် ပါမောက္ခ (ငြိမ်း) စိတ်ပညာဌာန ရန်ကုန် အဝေးသင်တက္ကသိုလ်တို့မှ ကလေးစိတ်ပညာဘာသာရပ် (Child Psychology) ကိုအဓိက
ဟောပြော ခဲ့သည်။
ကလေးတွေကို ငယ်စဉ်ကတည်းကသူတို့အားသန်ရာကို ဦးစားပေးသင့်ကြောင်း၊ ကလေးတွေရဲ့အကျင့်စရိုက်ကို နားလည်သိရှိရန်လိုအပ်ကြောင်း စသည့် ကလေးများနှင့်ပတ်သက်သည့် စိတ်ပိုင်းဆိုင်ရာပညာရပ်များကို ဆရာမကြီး ဒေါ်သက်ထားဝင်း တွဲဖက်ပါမောက္ခ (ငြိမ်း) မှ ပြောကြားခဲ့ပြီး
ဆရာကြီးဒေါက်တာ ဦးစိန်လွင် ဆေးရုံအုပ်ကြီး (ငြိမ်း)မှ ကလေးငယ်များရဲ့ ပြုမှုတတ်သည့် အကျင့်စရိုက်များကို မိဘများကလေ့လာထားရန် လိုအပ်ကြောင်း၊ အနာဂတ်ရဲ့ သားကောင်းလေးများကို ပြုစုပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊ ငယ်စဉ်ကတည်းကသေချာ လေ့ကျင့်ပြုစုပျိုးထောင်ပေးသင့်ကြောင်း ဟောပြောခဲ့ပါသည်။
အနာဂတ်မှာ လင်းလက်လာမယ့် သားကောင်းလေးတွေကို ယခုလိုသေချာနားလည်အောင် ရှင်းလင်း ဟောပြောတဲ့ပွဲကို တက်ရောက်ရတဲ့အတွက် အလွန်ပီတိဖြစ်ရကြောင်းကိုလည်း ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဦးမေတ္တာမှ ပြောခဲ့ပါတယ်။
Comments