ဇန်နဝါရီ ၁၊ ၂၀၁၄
M-Media
A.N.Lay
ရန်ကုန် ။ ။ (၇၆) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အာလိန်ငါးဆင့်ဘုရားဝင်း အတွင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါပွဲတော်တွင် ကရင်နှစ်သစ်ကူးနေ့ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက အနာဂါတ်က ရင်လူငယ်လေးတွေ မိမိတို့ရဲ့ ရိုးရာ ယဉ်ကျေးမှုထုံးတမ်းတွေကို ပြန်လည်ပြီးတော့ ဖော်ထုတ်၊ မြှင့်တင်လိုတဲ့ အသိစိတ်ဓာတ်လေးတွေ ကိန်းအောင်းရှင်သန်လာဖို့၊ ကရင်နှစ်သစ်ကူး ပွဲတော်ဟာ ကောက်ဦးကောက်သစ် ပေါ်တဲ့အချိန်မှာယခင်က အနယ်နယ်အရပ်ရပ်က မိမိတို့ရဲ့အစီအစဉ်နဲ့ မိမိတို့ ကျင်းပလာတဲ့ နေရာမှာ့ ဒါကို စုစုစည်းစည်းဖြစ်အောင် ရည်ရွယ်ပြီးတော့ ကျင်းပတာလည်း ဖြစ်ပါတယ်လို့ပြောကြားခဲ့သည်။
ဤကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂-ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းနှင့် ကရင်နှစ်သစ်ကူးပွဲတော်ကို ၁၉၂၇-ခုနှစ် မှစတင်ကာ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြောင်းလည်းသိရသည်။
Comments