ဇန်န၀ါရီ ၁၊ ၂၀၁၄
M-Media
ထိုင်းနိုင်ငံမှာ ရန်ဖြစ်တဲ့ မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ
– ထိုင်းနိုင်ငံ လယောင်းမြို့ ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံသား အလုပ်သမား ၂၀၀ ခန့်နှင့် ဒေသခံ ထိုင်းလူမျိုးများ မနေ့ညပိုင်းက ခိုက်ရန်ဖြစ်ပွားပြီး မြန်မာအလုပ်သမား ၁၅၀ ခန့်အား လယောင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားသည် မြန်မာ အလုပ်သမား ၆၀ ခန့်သည်လည်း လုပ်ငန်းခွင်သို့ ပြန်မသွားရဲသည့်အတွက် ပုန်းရှောင်နေကြကြောင်း သိရသည်။
________________________
ကရင်နှစ်သစ်ကူးနေ့အား ကရင်လက်နက်ကိုင်၃-ဖွဲ့ ပူးပေါင်းကျင်းပ
– ယနေ့ကျရောက်တဲ့ ကရင်နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF)၊ ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA) အစရှိသည့် ကရင်လက်နက်ကိုင် အဖွဲ့များပူးပေါင်း၍ ကရင်ပြည်နယ် မြ၀တီခရိုင် ရွှေကုက္ကိုမြိုင်ဒေသ မှာ ယနေ့ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်သည့် အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
________________________
KIA တပ်သားအဖြစ် ဖမ်းဆီးခံရသူ ၃-ဦး သီပေါထောင်မှ လွတ်မြောက်
– ၂၀၁၂-ခုနှစ်အတွင်း တပ်မတော်မှ ဖမ်းဆီးခဲ့သော KIA တပ်မဟာ (၁၂)တွင် တာဝန်ထမ်းခဲ့ကြသည့် အကျဉ်းသား ၃-ဦးအား မနေ့က နေ့လည်ပိုင်း မှာ အစိုးရ၏ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှု အစီအစဉ်ဖြင့် သီပေါအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ကြကြောင်း သိရသည်။
________________________
မန္တလေး ချော်ဆိပ် သင်္ဘောပေါက်ကွဲမှု ပျောက်ဆုံးသူများမှ ၃-ဦး အလောင်းပြန်တွေ့
– မန္တလေး ဧရာဝတီမြစ်ကမ်း ချော်ဆိပ်တွင် ဒီဇင်ဘာ ၂၇-ရက်နေ့တွင် သင်္ဘောပြန်လည်ထွက်ခွာရန် ကျောက်ဆူးရစ်ခုံအား ဂဟေဆော်ရာမှာ လက်ကျန်ဆီငွေဖြင့် သင်္ဘောပေါက်ကွဲမှုတွင် ပျောက်ဆုံးနေသူများအနက် ၃-ဦး၏ အလောင်းများအား ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။
________________________
တိုင်းရင်းသားအမည်ခံကုမ္ပဏီများ ကိုယ်ပိုင်အမည် ပြန်လည် ပြောင်းလဲ
– မြန်မာပြည်တွင် ယခင်အစိုးရလက်ထက်က စီးပွားရေး လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရာ၌ နိုင်ငံခြားသားများအနေဖြင့် တိုင်းရင်းသားတစ်ဦးတစ်ယောက် အမည်ခံပြီး လုပ်ဆောင်ခဲ့သော်လည်း ယခုအခါ မူလပိုင်ရှင်အမည်သို့ ပြန်လည် ပြောင်းလဲ လုပ်ဆောင်လာနေသည့်အတွက် ပွင့်လင်းမြင်သာမှု ရှိလာ သည်ဟု အဓိပ္ပါယ်သက်ရောက်ကြောင်း ဒေါက်တာအောင်ထွန်းသက်က ဧရာဝတီသို့ ပြောကြားခဲ့သည်ဟု သိရသည်။
________________________
Comments