ဇန်န၀ါရီ ၂၊ ၂၀၁၄
M-Media
သေဒဏ်နှင့် နှစ်ရှည်ကျ အကျဉ်းသားများ လွတ်ငြိမ်းခွင့်ထုတ်ပြန်
– သေဒဏ်ချမှတ်ခံထားရသူများအား ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသတ်မရှိ)၊ နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက် ကျခံနေရသူ များအား ထောင်ဒဏ် နှစ် ၄၀၊ ထောင်ဒဏ်နှစ် ၄၀နှင့်အထက် ကျခံနေရသူများအား ထောင်ဒဏ် နှစ် ၄၀၊ ထောင်ဒဏ် နှစ် ၄၀-အောက် ကျခံ နေသူများအား ၎င်းတို့ကျခံနေရသော ထောင်ဒဏ်၏ လေးပုံတစ်ပုံသို့ လျော့၍ ကျခံစေရန် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သမ္မတရုံးမှ
ယနေ့ညနေပိုင်းက ထုတ်ပြန်လိုက်သည်။
________________________
အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူများပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
– ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် အဖွဲ့အစည်းများအနေဖြင့် ကိုယ်တိုင်အစည်းအဝေးများပြုလုပ်ပြီး ကြေညာချက်များထုတ်ပြန်နေသည်မှာ ညီညွတ်သည့်အတွက် ကောင်းမွန်သော်လည်း အရေးအကြီးဆုံးမှာ ပြည်သူလူထုပါဝင်ရန်လည်း လိုအပ်ကြောင်း UNDP မှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့ လွှတ်တော်ရုံးခွဲမှာ ယနေ့တွေ့ဆုံရာ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ကြောင်း သိရသည်။
________________________
အချက် ၃-ချက်အား အခြေခံ၍ ဖွဲ့စည်းပုံပြင်ရန်ဟု သမ္မတပြော
– ငြိမ်းချမ်းရေးဆွေးနွေးပွဲရလဒ်၊ ဒီမိုကရေစီစံနှုန်းပြည့်မီရေးနှင့် နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ အရည်အချင်းသတ်မှတ်ချက် စသည့် ၃-ချက်အား အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်ကြောင်း သမ္မတ၏ ယနေ့ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
________________________
မြစ်ဆုံစာချုပ်ပါ ကတိကဝတ် လက်မှတ်ထိုးသူများ တာဝန်သိဖို့လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော
မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်တဲ့ ကတိကဝတ်တွေရဲ့ အကျိုးဆက်တွေကို နိုင်ငံနဲ့ပြည်သူက ခံရမှာကြောင့် စာချုပ်ကိုလက်မှတ်ထိုးသူတွေ တာဝန်သိဖို့လိုတယ်လို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၂ရက်နေ့မှာ ပြောဆိုလိုက်ကြောင်း ကမာရွတ်မီဒီယာမှတဆင့် သိရှိရပါသည်။
________________________
ရှမ်းပြည်နယ်တွင် ပတ်စ်ပို့စ်ရုံးများဖွင့်လှစ်
– မြန်မာနိုင်ငံကူးလက်မှတ်ရုံးများကို ရှမ်းပြည်နယ် တောင်ကြီး၊ လားရှိုးနှင့် ကျိုင်းတုံမြို့များတွင် ယနေ့ ထပ်မံ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
________________________
Comments