6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၃၊ ၂၀၁၄
M-Media

North Korean leader Kim Jong Un visits the newly built ski resort in the Masik Pass region

ဦလေးအား ကွပ်မျက်လိုက်ခြင်းကြောင့် ပြည်သူများအကြား ညီညွတ်မှု ပိုလာသည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဆို

– မိမိ၏ ဦးလေးဖြစ်သူ ဂျန်ဆွန်ထက်ကို ကွပ်မျက်လိုက်ခြင်းက တိုင်းပြည်၏ အညစ်အကြေးများကို ဖယ်ရှားလိုက်ခြင်းဖြစ်ပြီး ပြည်သူများအကြား စည်းလုံးညီညွတ်မှုပိုလာစေသည်ဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်မှ ဗုဒ္ဓဟူးနေ့က နိုင်ငံပိုင် ရုပ်မြင်သံကြားမှပြောကြားခဲ့သော နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဂျန်ဆွန်ထက်မှာ မြောက်ကိုရီးယားနိုင်ငံရေးအသိုင်းအ၀ိုင်းတွင် ဒုတိယ အာဏာအရှိဆုံးခေါင်းဆောင်ဖြစ်ပြီး၊ ကင်ဂျုံအန်အား ကူညီပေးနေသည်ဟု အများက သတ်မှတ်ထားသည်။ သို့သော်လည်း လက်ရှိအစိုးရအား ဖြုတ်ချရန်ကြံစည်မှု အပါအ၀င် ဂျန်ဆွန်ထက်အား အမှုများစွာဖြင့် စွဲဆိုခဲ့ပြီးနောက် ကင်ဂျုံအန်က ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ကွပ်မျက်ခဲ့သည်။

………………………….
ကြည်း၊ ရေ၊ လေ ပူးပေါင်းထားသည့် စစ်ဌာနချုပ်တစ်ခု တရုတ် ထူထောင်တော့မည်

– ပဋိပက္ခဖြစ်နေသည့် အခြေအနေများအား တုန့်ပြန် ဖြေရှင်းရာ၌ ပိုမို ထိရောက် စေရန်အတွက် တရုတ်တပ်မတော်၏ ကြည်း၊ ရေ၊ လေတပ်များ ပူးပေါင်းထားသည့် စစ်ဌာနချုပ်တစ်ခုထူထောင်ရန် ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်နေသည်ဟု နိုင်ငံပိုင် မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။

ယခုလောလောဆယ်တွင် ကမ္ဘာ့အင်အားအကြီးဆုံး တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် PLA မှာ ရေတပ်၊ လေတပ်တို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ မရှိဘဲ ပထ၀ီဒေသအရ အချက်အချာနေရာများတွင် ဒေသ ၇ ခုခွဲ၍ တပ်စွဲထားသည်။

ထို့ကြောင့် တပ်ပေါင်းစု စစ်ဌာနချုပ်တည်ထောင်ရန်အတွက် အစီစဉ်တစ်ခုကို ကာကွယ်ရေးဝန်ကြီဌာနမှ စတင်ဆောင်ရွက် နေသော်လည်း၊ ယခုလက်ရှိရှိနေသည့် စစ်ဌာချုပ်များအား အစားထိုးမည်လာဆိုသည်ကို အသိအကျ မသိရှိရသေးပေ။ သို့သော်လည်း ထိုကဲ့သို့ ဆောင်ရွက်မှုများ အခြားမည်သည့်တိုင်းပြည်ကိုမှ ရည်ရွယ်ခြင်းမဟုတ်ဟု တရုတ် ကာကွယ်ရေးဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

Ref: CNA

………………………….

တရားရုံးသို့သွားရောက်စဉ် ပါကစ္စတန်စစ်အာဏာရှင်ဟောင်း နှလုံးရောဂါကြောင့် ဆေးရုံတင်ခဲ့ရ

– ပါကစ္စတန်နိုင်ငံ၏ စစ်အာဏာရှင်ဟောင်း ပါဗက်ဇ် မူရှာရက်ဖ်မှာ တရားရင်ဆိုင်ရန်အတွက် ယမန်နေ့ တရားရုံးသို့ သွားရောက်စဉ် ရုတ်တရက် နှလုံးဖောက် လာသောကြောင့် ဆေးရုံသို့ တင်ဖို့ခဲ့ရသည်ဟု သိရသည်ဟု ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။ မူရှာရက်ဖ်မှာ ပြီးခဲ့သည့် ရုံချိန်းနှစ်ခုတွင်လည်း လုံခြုံရေးစိုးရိမ်ရသဖြင့် သွားရောက်နိုင်ခြင်း မရှိခဲ့ပေ။ မူရှာရက်ဖ်မှာ ၁၉၉၉ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ တိုင်းပြည်အား အုပ်စိုးခဲ့စဉ် ကာလအတွင်း ကျူးလွန်ခဲ့သော ပြစ်မှုများကြောင့် တရား ရင်ဆိုင်နေရသူဖြစ်သည်။

Ref: english.alarabiya

………………………….

ငါးခိုးဖမ်းသူ အိန္ဒိယနိုင်ငံသား ၂၅ ဦးအား သီရိလင်္ကာ ထိန်းသိမ်း

– ငါးခိုးဖမ်းခြင်းပြဿနာကြောင့် နှစ်နိုင်ငံ တင်းမာမှုများ ရှိနေသော်လည်း တရားမ၀င် ငါးခိုးဖမ်းသည့် အိန္ဒိယနိုင်ငံသား ၂၅ ဦးအား သီရိလင်္ကာရေတပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဒီဇင်ဘာလအတွင်းတွင် ငါးခိုးဖမ်းမှုကြောင့် ဖမ်းဆီးထားသည့် အိန္ဒိယနိုင်ငံသား ၁၈၀ ဦးအထိ ရှိလာပြီဟု သိရိလင်္ကာအစိုးရ တာဝန်ရှိသူများက ယနေ့တွင် ပြောကြားလိုက်သည်။

ထို့ပြင် ရေတပ်က ဖမ်းဆီးရမိခဲ့သည့် ငါးဖမ်းသင်္ဘော ငါးစင်းအား သိရိလင်္ကာ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ငါးခိုးဖမ်းမှုကြောင့် သီရိလင်္ကာက ထိန်းသိမ်းထားသည့် အိန္ဒိယနိုင်ငံသားမှာ ၂၀၅ ဦးအထိ ရှိလာပြီဖြစ်ပြီး အိန္ဒိယတွင်လည်း သီရိလင်္ကာ ငါးဖမ်းသမားများမှာ ထိုပမာဏခန့် ရှိနေရာ ထိုပြဿနာနှင့်ပက်သက်၍ နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် စီစဉ်နေသည်ဟု သိရသည်။
Ref: ဆင်ဟွာ

……………………………..

အီရတ်နိုင်ငံတွင် ယခုနှစ်အတွင်း သေဆုံးမှု ငါးနှစ်အတွင်း အမြင့်ဆုံးဖြစ်လာ

– ၂၀၁၃ ခုနှစ်အတွင်း အီရတ်နိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် အရပ်သား ၇၈၁၈ ဦး အပါအ၀င် စုစုပေါင်း ၈၈၆၈ ဦး သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုပမာဏမှာ အမေရိကန်မှ အီရတ်နိုင်ငံအား ကျူးကျော်တိုက်ခိုက်ပြီးနောက် ဖြစ်ပွားခဲ့သည့် ငါနှစ်ကြာစစ်ပွဲအတွင်း တစ်နှစ်တာ အမြင့်ဆုံး သေဆုံးမှုလည်းဖြစ်သည်။ ဒီဇင်ဘာလ တစ်လတည်းမှာပင် နိုင်ငံတစ်ဝှမ်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ၇၅၉ ဦး သေဆုံးခဲ့ပြီး ၁၃၄၅ ဦး ဒဏ်ရာရရှိခဲ့သည်။
Ref: ဆင်ဟွာ
……………………………..

မလေးရှား၏ ၂၀၁၄ ခရီးသွားနှစ်အား စတင်

– မလေရှား၏ ၂၀၁၄ ခရီးသွားနှစ်ကို စတင်အကောင်အထည်ဖော်သည့်အနေဖြင့် တရုတ်နိုင်ငံ ဘေဂျင်းနှင့် ရှန်ဟိုင်းမြို့မှ ခရီးသွား ၈၀ ကျော်ကို မလေးရှား ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး အုန်ဟုန်ပန်က ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဗုဒ္ဓဟူးနေ့က ကြိုဆိုခဲ့သည်ဟု သိရသည်။

ထို့ပြင် နိုင်ငံအတွင်းသို့ ၀င်ရောက်နိုင်သည့် လေဆိပ်၊ ရထားနှင့် ကားဂိတ် ၂၇ ခုတို့တွင်လည်း ထိုကဲ့သို့ ကြိုဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ ယခုနှစ်အား ခရီးသွားနှစ်အဖြစ် သတ်မှတ်ထားသည့် မလေးရှားနိုင်ငံမှာ နိုင်ငံတစ်ဝှမ်းတွင် ခရီးသွားများအတွက် အမှတ်တရဖြစ်စေမည့် အဆိုအကများ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေတင်ဆက်မှုများကို ပြုလုပ်ရန် စီစဉ်ထားရှိသည်။
Ref: ဆင်ဟွာ

Leave a Reply