ဇန်နဝါရီ ၉၊ ၂၀၁၄
M-Media
A.N.Lay
ရန်ကုန် ။ ။ ၈၈လေးလုံးငွေရတု အခမ်းအနားတွင် ချမှတ်ထားသည့် ဆုံးဖြတ်ချက် (၃)ရပ်အကောင်အထည်ဖော်မည့်အခမ်းအနားတစ်ခုကို (၁၁.၁၂).၉.၂၀၁၄ ရက်နေ့များတွင် ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမ၌ နံနက် ၉.၃၀ မှစ၍ ညနေ ၄း၃၀ အချိန်ထိ ပြုလုပ်မည်ဖြစ်ကြောင်းကို ဇန်နဝါရီ ၉ ရက်နေ့တွင် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်း၌ပြုလုပ်ခဲ့သည်။
၎င်းရှင်းလင်းပွဲတွင် (၁) ဒီမိုကရက်တစ်ဖက်ဒရယ်တည်ဆောက်ရေး (၂) တိုင်းပြည်မှာလိုအပ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပြုပြင်ရေး သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရေး၊ (၃) ငြိမ်းချမ်းရေးကို ဦးတည်တဲ့ အမျိုးသားရေး အင်အားစုတွေပါဝင်သည့် ညီလာခံတစ်ရပ် တွေ့ဆုံ ဆွေးနွေးရေး တစ်ရပ် ဖော်ဆောင်ရေးတို့ဖြစ်ပါတယ်။ အဲ့ဒီ(၃)ရပ်ကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ လာမည့် ယခု ဇန်န၀ါရီ ၁၁၊ ၁၂-ရက်နေ့ မှာ ကျင်းပမည့် ပြည်ထောင်စု ညီလာခံမှာ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်လို့ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါရှင်းလင်းပွဲတွင် ကိုရဲနိုင်အောင်နှင့် ကိုဇော်ဇော်ထွန်းတို့က မီဒီယာများအား ရှင်လင်းပြောကြားခဲ့သည်။
Comments