ဇန်န၀ါရီလ ၁၀၊ ၂၀၁၄
M-Media
သီရိ
ရန်ကုန် ။ ။ သက်ကယ်ကွင်းရွာ နှင့် ရွှေဖျိုင်းဖြူ ကုမ္ပဏီမှ ဆီတွဲကိစ္စ သတင်းစာရှင်းလင်းပွဲကို MJN ရုံးခန်း၌ ဇန်န၀ါရီလ ၉-ရက်၊ နံနက် ၁၁ နာရီ တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။
ဒီဇင်ဘာလ ၁၀ ရက် နေ့လည် ၂ နာရီအချိန် ရွာ၏အရှေ့ဘက်ကမ်းစပ်အရောက် စကာင်္ပူကုမ္ပဏီပိုင် သဘောင်္တစ်စီး ဖြစ်သော ဒီဇယ်တွဲရေယာဉ်မှာ ဦးပိုင်းစိုက်၍ မြုပ်လုနီးတွင် ရေယာဉ်ပေါ်တွင်ပါလာသော သူများမှ ရွာသူ/သားများအားအကူညီတောင်းခဲ့ကြပါသည်။ရွာသူ/သားများမှလည်း ဒီဇယ်များကို ရေပုံးများ၊ ဒန်အိုးဒန်ခွက်များဖြင့် ပြင်ပသို့ခပ်သွန်ပေးကြပါသည်။
သို့သော် ရွှေဖျိုင်းဖြူမှ ဆီများကိုအတင်းအဓမ္မတက်ရောက်၍ ချိတ်ပိတ်ထားသော ဆီတွဲပေါက်များကို ခပ်ယူကာ လှေများဖြင့် သယ်ဆောင်သွားကြကြောင်း ထိရောက်စွာအရေးယူပေးစေရန် ကို The Voice Wekeely ဂျာနယ်တွင် ထည့်သွင်းဖော်ပြထားခဲ့ပြီး၊ ရွာသား (၅) ဦးကိုလည်း ဆိပ်ကမ်းမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ခေါ်ယူစစ်ဆေးခြင်းကိုလည်း ယနေ့အထိ အချုပ်ခန်း၌ ဆင်းရဲဒုက္ခခံနေကြရကြောင်းကို ရွာသားများမှ ပြောကြားခဲ့ပါသည်။
သက်ကယ်ကွင်းရွာသားတစ်ဦးဖြစ်သော ဦးဝင်းထွန်းမှ” အခုလို ရွာသား ၅ ယောက်ကိုခေါ်ဆောင်သွားတာဟာ တစ်ဖက်သက်တရားစွဲဆိုခံထားရတာ ဖြစ်တယ်၊ မေးစရာရှိလို့ခေါ်သွားမယ်ဆိုပြီး ပြန်မလွှတ်တော့တာပါ၊ ပုဒ်မ (၃၈၀) နဲ့ဖမ်းတာလို့ပြောတယ်၊ နိုင်ငံတော်သမ္မတ နဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့စည်းတွေကိုလည်း စာတင်ထားသောလည်း အကြောင်းပြန်စာကို ယနေ့အထိ မရခဲ့ပါဘူး ” ဟု ပြောကြားခဲ့ပါသည်။
“အခုလိုသတင်းစာရှင်းလင်းပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်ဟာ ကျွန်တော်တို့ သက်ကယ်ကွင်းရွာကို အထင်အမြင်သေးနေတဲ့သူတွေ၊ လွဲမှားစွာသိနေတဲ့ အမှားတွေကို သိသာစေချင်လို့ဖြစ်ပါတယ်၊ဂျာနယ်တွေမှာဖော်ပြထားတာကလည်း ရွာရဲ့ပုံရိပ်တွေကို ထိခိုက်စေတယ်၊ ရွာရဲ့ပုံရိပ်ကို ကောင်းလာစေချင်လို့ လုပ်တာဖြစ်တယ်” ဟု သကယ်ကွင်းရွာသား ဦးငွေကြည်မှ ပြောကြားခဲ့ပါသည်။
သတင်းစာရှင်းလင်းပွဲကို သက်ကယ်ကွင်းသူရွာသားများ မှ မီဒီယာများမှ မေးမြန်သည်များကို ဖြေကြားခဲ့ကြသည်။
Comments