6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ခေတ်ပေါ် ဖျော်ဖြေရေးပစ္စည်း များဖြစ် သော MP3,MP4 Ipod များ ကြောင့် အနှစ်၂၀ အတွင်း အကြား အာရုံ ထိခိုက် ခဲ့သော ဆယ်ကျော်သက်ဦးရေ သည် ၃ဆ အထိမြင့် တက် လာ ကြောင်း သိရ သည်။ ၂၀၀၅ ခုနှစ်မှ ၂၀၀၆ ခုနှစ် အတွင်း လူ ငယ်၅ဦး လျှင် တစ်ဦး မှာ အကြား အာရုံ ချွတ်ယွင်း မှု များ ဖြစ်ပေါ်နေပြီး ယင်း အရေ အ တွက် သည် ၁၉၈၈ မှ ၁၉၉၄ ခု နှစ် တွင်းရှိ နားဝေဒနာရှင် အ ရေ အတွက်ထက်  ၃၀%အထိ ပိုမိုခဲ့ကြောင်း အမေရိကန် ဆေး ပညာ အစည်းအရုံ့းက ထုတ်ပြန် ခဲ့ပါသည်။ အမေရိကန် ဆယ် ကျော် သက်များနည်းတူ

ဗြိတိန် လူငယ်များတွင်လည်း အကြားအာရုံ   ထိခိုက်နေသူများမြင့်တက်လာနေလျက်ရှိသည်။  ဘော့စတွန် အမျိုးသမီးဆေးရုံ၏ အဆိုအရ ကျယ်လောင်ဆူညံသော ဂီတသံများကို နားကျပ်ဖြင့် နားထောင်နေကြသဖြင့် အကြားအာရုံများ ပျက်စီးခဲ့ရသည်။ ၁၉၈၈မှ ၁၉၉၄ခုနှစ်အတွင်း ၁၉နှစ်အောက် လူငယ် ၁၅%သည် သာ နားဝေဒနာ ခံစား နေရသော်လည်း ၂၀၀၅-၂၀၀၆တွင် ၁၉.၅% အထိမြင့်တက်လာခဲ့သည်။ အဆိုပါ အကြားအာရုံ ဝေဒနာခံစာနေရ သူများသည့် အခြား အကြောင်းများ ကြောင့်ဖြစ်နိုင်သော်လည်း အဓိကအားဖြင့်  တေးဂီတသံများကို ကျယ်ကျယ် လောင်လောင် နားဆင်းမှုကြောင့်ဖြစ်ရကြောင်း လေ့လာမှုများက ဖေါ်ပြခဲ့သည်။

ထို့အပြင် ဥရောပကော်မရှင်ကလည်း ဆယ်စုနှစ်တစ်စုအတွင်းနားကြားကိရိယာတပ်ဆင်ရသူ ၁၂%အထိမြင့်တက်ခဲ့ကြောင်း သတိပေးခဲ့ပါသည်။ ယနေ့ခေတ် အမေရိကန်နှင့် ဥရောပ  ရှိလူငယ် ၉၀%ကျော်သည် IPOD ကဲ့သို့သော ဖျော်ဖြေရေး အီလက်ထ ရောနစ်  ပစ္စည်းများ ကို နာရီပေါင်းများစွားဆက်တိုက်သုံးစွဲနေကြသည်။ အာရုံကြောဆိုင်ရာ ပညာရှင်များက နားကျပ်ဖြင့်သီးချင်နားထောင် သူများသည် တစ်ကြိမ်တွင် မိနစ် ၆၀ထက် မကြာ စေသင့်ကြောင်း၊ အသံနှုန်း၆၀%ဖြင့်သာ နားထောင် သင့်ကြောင်း အကြံပြုထားသည်။ MP3,Mp4,Ipod နားထောင်သူအများစုသည် အသံနှုန်းအား အမြင့်ဆုးံတင် နားထောင်နေကြ ကြောင်း သိရသည်။

Tags:

Leave a Reply