ဇန်န၀ါရီ ၁၈၊ ၂၀၁၄
M-Media
သီရိ
ရန်ကုန် ။ ။ ဧရာဝတီတိုင်း ဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ တောင်သူလယ်သမားတို့သည် လယ်ယာမြေမတရားသိမ်းဆည်းခံရမှုများ ဖြေရှင်းပေးရန် နှင့် ပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် ထောင်သွင်းအကျဉ်းချထားသူများအား ချက်ချင်းပြန်လွှတ်ပေးရန် အတွက်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် ဆူးလေဘုရားအနီး မဟာဗန္ဓုလ ပန်းခြံပတ်လမ်းတွင် ဇန်န၀ါရီ ၁၈ မနက် ၁၀း၀၀-နာရီမှ စတင်ကာ တောင်သူလယ်သမားအခွင့်ရေးကော်မတီမှ ဦးဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ပါသည်။
“တရားရုံးကိုလည်း ကျွန်တော်တို့စာတင်ထားပါတယ်၊ တရားမျှတတဲ့ နည်းလမ်းတွေကိုလည်း မကျင့်သုံးပါဘူး၊ ပြည်သူတွေကို ဖိနှိပ်နေတာတွေကို ငြိမ်ခံမနေတော့ပါဘူး၊ သမ္မတကြီးပြောတဲ့ ဆင်းရဲသားလျှော့ချရေးကလည်း မှေးမှိန်နေပါတယ်၊ လယ်တွေကိုလည်း ဘာမှမပြောပဲ အတင်းသိမ်းသွား တယ်၊ နှစ်ရှည်လများ ဒုက္ခတွေကို ခံစားလာရတာ ဖြစ်နေပါပြီ” ဟု ဆန္ဒပြသနေသူ တောင်သူလယ်သမား တစ်ဦးမှ ပြောကြားခဲ့သည်။
တောင်သူလယ်သမားများသည် ဖမ်းဆီးခံလယ်သမားများအား ပြနလည်လွှတ်ပေးရေး၊ နိုင်ငံဝန်ထမ်း မပါသော လယ်ယာ စီမံခန့်ခွဲမှု ကော်မတီ ပြန်ဖွဲ့ပေးရေး၊ ဘက်လိုက်မှု ကင်းသော တရားဥပဒေစိုးမိုးရေး ရရှိရေးတို့ကို အဆိုပါ ဆန္ဒပြပွဲတွင် တောင်းဆိုခဲ့သည်။
အဆိုပါ ဆန္ဒပြပွဲသို့ တောင်သူလယ်သမား အင်အား ၂၀၀၀-၀န်းကျင် ပါဝင် ဆန္ဒပြခဲ့ကြသည်။
Comments