ဇန်နဝါရီ ၂၆၊ ၂၀၁၄
M-Media
– ကမ္ဘောဒီယားနိုင်ငံ မြောက်ပိုင်းရှိ မြို့တစ်မြို့တွင် ကျင်းပပြုလုပ်နေသည့် မင်္ဂလာဧည့်ခံပွဲအခမ်းအနားသို့ လက်ပစ်ဗုံးတစ်လုံး ပစ်ထည့်သွားခဲ့သောကြောင့် ပေါက်ကွဲမှုဖြစ်ကာ အနည်းဆုံးလူ ၉ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု ကမ္ဘောဒီးယား ရဲတပ်ဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ယမန်နေ့ည ၉ နာရီခွဲက Kampong Thom ပြည်နယ်၊ Prasat Sambo ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ မင်္ဂလာဧည့်ခံပွဲသို့ တက်ရောက်လာကြသူများမှာ ကခုန်ပျော်မြူးနေကြစဉ် အမည်မသိ လူတစ်ဦးက လက်ပစ်ဗုံး ပစ်ထည့်သွားခြင်းဖြစ်ကြောင်း၊ လူ ၉ ဦးသေဆုံးခဲ့ကာ လူ ၃၀ ဒဏ်ရာရရှိခဲ့ကြပြီး ဒဏ်ရာရသူများအား ဆေးရုံသို့တင်ပို့ထားကြောင်း သိရသည်။
သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကြောင့် ထိုကဲ့သို့တိုက်ခိုက်ခြင်းဖြစ်မည်ဟု ယူဆနေပြီး၊ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေကာ လတ်တလောတွင် ဖမ်းဆီးထားသူမရှိသေးဟု ပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ် Horm Thul က ပြောကြားခဲ့သည်။
Ref: ဆင်ဟွာ
Comments