6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄
M-Media

david-ferrer-fabio-fognini-copa-claro-buenos-aires-tennis_3084960

– အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီးစ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် Copa Claro တင်းနစ်ပြိုင်ပွဲတွင် စပိန်နိုင်ငံသား ဒေးဗစ်ဖာရာမှာ အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။

တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့သည့် ဗိုလ်လုပွဲတွင် နိုင်ခြေအဆင့် ၁ ရှိ ဖာရာမှာ အီတလီတင်းနစ်သမား ဖေါ့ဂ်နီနီအား ၁ နာ ရီ ၁၅ မိနစ်ကြာ ကစားကာ ၆-၄၊ ၆-၃ ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိခဲ့သည်။ ဖာရာမှာ အဆိုပါပြိုင်ပွဲတွင် သုံးနှစ် ဆက်တိုက် ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ဗျူနိုအေရီးစ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုဟု ဖာရာက စောစောပိုင်းတွင် ပြောကြားထားသော်လည်း ပြိုင်ပွဲကျင်းပကာနီး ကမ္ဘာ့နံပါတ် ၁ ကစားသမား ရာဖေးနာဒယ်လ် ဒဏ်ရာရသဖြင့် ထွက်သွားခဲ့သောကြောင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးကစားခဲ့သည့် ဖိုင်နယ်ပွဲစဉ် ၇ ပွဲတွင် တစ်ပွဲမှ အနိုင်ရရှိခြင်းမရှိခဲ့သော ဖာရာက ယခုပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့ခြင်းနှင့် ပက်သက်၍

“ဖိုင်နယ် ၇ ပွဲကစားပြီး အနိုင်မရခဲ့ပြီးနောက် ဒီဖလားဟာ ကျွန်တော့်အတွက် အရမ်းအရေးပါ ပါတယ်” ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။
Ref: skysports

Tags:

Leave a Reply