ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄
M-Media
ပြည့်ပြည့်
မတူညီသည့် ယဉ်ကျေးမှုဓလေ့ စရိုက်များ ညီမျှစွာထိန်းညှိရန် အင်ဒိုနီးရှား၏ ဒီမိုကရေစီစနစ်ကို အတုယူသင့်ကြောင်း KNU ခေါင်းဆောင်ပြော
မတူညီသည့် ယဉ်ကျေးမှုဓလေ့စရိုက်များကို ညီမျှစွာထိန်းညှိရန်နှင့် ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေသည့် မြန်မာနိုင်ငံအနေဖြင့် အင်ဒိုနီးရှား၏ ဒီမိုကရေစီစနစ်ကို အတုယူသင့်ကြောင်း The Habibie Center(TBC) မှ ဦးဆောင်ဆွေးနွေးသည့် အများပြည်သူဆိုင်ရာ ဆွေးနွေးပွဲ၌ ကေအင်န်ယူ အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောကြားခဲ့ကြောင်းသိရသည်။
၎င်း အင်ဒိုနီးရှား-မြန်မာ ဆွေးနွေးပွဲအား နှစ်ရက်ကြာပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ နိုင်ငံရေးအခြေအနေများ၊ လက်ရှိ အင်ဒိုနီးရှားနိုင်ငံ၏ ပြဿနာများကို ဆွေးနွေးခဲ့ကြသည်။
အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံသည် အင်ဒိုနီးရှားနှင့် အခြေအနေချင်းတူညီများရှိနေပြီး စစ်မှန်သော ဒီမိုကရေစီ ဖြစ်လာစေရန် ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်းကို THC ဥက္ကဌ Dewi Fortuna Anwar က ပြောကြားခဲ့သည်။
နှစ် ၆၀-ကျော် ဖြစ်ပွားခဲ့သည့် ကေအင်န်ယူနှင့် မြန်မာ ပဋိပက္ခအား ၂၀၁၂-ခု ဇန်န၀ါရီလတွင် လုံးဝ အပစ်အခတ်ရပ်ဆဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ကေအင်နယူသည် အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။
ဓါတ်ပုံ- KNU ထိပ်သီး ခေါင်းဆောင်များ (Photo-kayantimes)
Comments