6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၂၆၊ ၂၀၁၄
M-Media

– အရပ်ဘက်တွင်အသုံးပြုရန်အတွက် နျူကလီးယားဆိုင်ရာ သဘောတူညီချက်ကို အမေရိကန်က သဘောတူညီခဲ့ခြင်းနှင့် စပ်လျဉ်း၍ ဗီယက်နမ်နိုင်ငံက ကြိုဆိုကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Le Hai Binh က ယနေ့တွင် ပြောကြားခဲ့သည်။

အရပ်ဘက်တွင် နျူစွမ်းအင်သုံးစွဲရေး ဗီယက်နမ်နိုင်ငံနှင့် သဘောတူညီချက်ကို ပြီးခဲ့သည့် တနင်္လာနေ့ အစောပိုင်းက အမေရိကန်သမ္မ ဘာရက် အိုဘားမားမှ လက်ခံအတည်ပြုခဲ့ပြီး အရှေ့တောင် အာရှနိုင်ငံတစ်နိုင်ငံသို့ နျူကလီးယားဆိုင်ရာ နည်းပညာနှင့် ကိရိယာများ ဖြန့်ဖြူမှုကို ခွင့်ပြုခြင်း လည်း ဖြစ်ကာ အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံတို့အကြား အရပ်ဘက်နျူစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေးအတွက် အမြင့်ဆုံး သဘောတူညီချက် ဖြစ်လာမည်ဖြစ်သည်။

ထိုသဘောတူညီချက်မှာ အမေရိကန်မှ အဆင့်မြင့် နျူးကလီးယား ကိရိယာများနှင့် နည်းပညာများကို အန္တရာယ်ကင်းပြီး အကျိုးရှိစွာဖြင့် နိုင်ငံ၏ လူမှု စီးပွားဆိုင်ရာ တိုးတက်ရေးအတွက် ငြိမ်းချမ်းစွာ၊ ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်အောင်ဆောင်ရွက်ခြင်းဟု ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၀ဘ်ဆိုဒ် ၌ ယနေ့တွင် ရေးသားဖော်ပြထားသည်။

ဗီယက်နိုင်ငံနှင့် နျူးကလီးယားစွမ်းအင်ဆိုင်ရာ သဘောတူညီချက်ရခဲ့သည့် အမေရိကန်နိုင်ငံမှာ အဌမမြောက်နိုင်ငံဖြစ်ပြီး ယခင်က ရုရှား၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ ပြင်သစ်၊ အိန္ဒိယနှင့် အာဂျင်တီးနားတို့ကလည်း ဗီယက်နမ်နှင့် နျူစွမ်းအင်ဆိုင်ရာသဘောတူညီချက်များ ရရှိခဲ့သည်ဟု ဗီယက်နမ် ဓာတ်ရောင်ခြည်နှင့် နျူအန္တရာယ်ကင်းရေး အေဂျင်စီမှ ဒါရိုက်တာ Vuong Huu Tan က ပြောကြားခဲ့သည်။

နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်လိုအပ်မှုမှာ ဗီယက်နမ်နိုင်ငံတွင် ကြီးထွားလျက်ရှိပြီး ၂၀၅၀ ၌ နိုင်ငံရှိ စွမ်းအင်ထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကို နျူစွမ်းအင်မှ ထုတ်လုပ်ရန် အစိုးရက စီစဉ်နေသည်။

ယခုအချိန်တွင် နိုင်ငံ၏ ပထမဆုံး နျူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ခုကို Ninh Thuan ပြည်နယ်တွင် တည်ဆောက်လျက်ရှိနေသည်။

Ref : Xinhua

Leave a Reply