မတ်- ၂၊ ၂၀၁၄
M-Media
ဘာသာပြန်ဆိုသူ – ETZ
သြစတေးလျနိုင်ငံ၏ ပထမဆုံးသော အစ္စလာမ် သမိုင်းပြတိုက်ကို ပြည်တွင်းပြည်ပ မှ လေ့လာလို သူများ အတွက် ၂၀၁၄ မတ်လ ၃ ရက်နေ့တွင် ဖွင့်လှစ်တော့မှာ ဖြစ်ပါသည်။ သြစတေးလျ မွတ်စလင်များ၏ ယဉ်ကျေးမှု၊ အနုပညာ၊ သမိုင်းကြောင်းနှင့် နေစဥ့်ဘဝများကိုလေ့လာနိုင်မှာပါ။
၎င်းပြတိုက်သည် မဲလ်ဘုမ်း မြို့၏မြောက် ဘက်တွင်တည်ရှိ ပြီး အပါတ်စဉ် တနင်္လာ နေ့မှ ကြာသာပတေးနေ့ အထိ နံနက် ၁၀ နာရီမှ ညနေ ၄နာရီအထိနှင့် သောကြာနေ့များတွင် နံနက် ၁၀ နာရီမှ ည ၉နာရီ အတွင်း ဝင်ရောက်လေ့လာနိုင်မှာပါ။
အဆိုပြတိုက်တွင် အဓိက ပြခန်း ၅ ခန်း ပါဝင်ပြီး နိုင်ငံတကာနှင့် ဒေသတွင်း ဆိုင်ရာ ပြခန်းနေရာများ၊ ကော်ဖီဘား၊ ကျောင်းများ အတွက် ပညာရေးဆိုင်ရာ အရင်းအမြစ်များ၊ ဘုံသုံးစင်တာ အကြီးစားနှင့် ရုပ်ရှင်ရုံ အငယ်စား တို့ဖြစ်ကြပါသည်။
အစ္စလာမ့်သမိုင်းပြတိုက်၏ ရည်ရွယ်ချက်မှာ ယဉ်ကျေးမှုများနှင့် ဘာသာတရားများ အကြား အပြန်အလှန် နားလည်မှုနှင့် သဟဇာတဖြစ်မှုကို အားပေးမြှင့်တင်သွားရန် ဖြစ်ကြောင်း သိရပါသည်။
အကျိုးအမြတ် အတွက် မရည်ရွယ်သော ထိုပြတိုက်သည် သြစတေးလျနိုင်ငံ၏ ခေတ်အဆက်ဆက် လူမှုအဖွဲ့အစည်း တည်ထောင်မှုနှင့် ယဉ်ကျေးမှု ကဏ္ဍ များတွင် မွတ်စလင်များမှ များစွာ ပါဝင် လုပ်ဆောင်ခဲ့ပုံ ကို မီးမောင်းထိုးပြထားကာ သြစတြေးလျ မွတ်စလင်တို့ ကြွယ်ဝလှသော အနုပညာ ယဉ်ကျေးမှု အမွေအနှစ်များကို မျှဝေနေသော အနုပညာ အိမ်ကြီးဖြစ်ကြောင်း သိရှိရပါသည်။
အစ္စလာမ် သမိုင်းပြတိုက်ကလည်း သြစတေးလျနိုင်ငံ တွင် အစ္စလာမ်သာသနာ စတင်ရောက်ရှိလာရာမှစပြီး နိုင်ငံ တည်ထောင်ရေး လုပ်ငန်းများတွင်လည်း မွတ်စလင်များ ပါဝင်ခဲ့တယ် ဆိုတာကို သက်သေထူနေတဲ့နေရာပါ”
အစ္စလာမ့်သမိုင်းပြတိုက်သည် သြစတြေးလျ လူငယ်ဘဏ်လုပ်ငန်းရှင် မွတ်စ်တဖါ ဖာဟ်ဝါ၏ အတွေးအကြံပြီး သူက “ နိုင်ငံတစ်နိုင်ငံမှာ ပညာရေးဟာ အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်ပါတယ်။ ဘာသာ တစ်ခုကို နားလည်ဖို့ရာမှာလည်း ပညာရေးက အဓိကကျပါတယ်။ ဒီပြတိုက်မှာ ကျောင်းသား လူငယ်များအတွက် အနုပညာနှင့် ယဉ်ကျေးမှုကိုသာမက ပညာရေးဆိုင်ရာ များကိုပါ တစ်နေရာတည်းမှာ တွေ့မြင်ရမှာဖြစ်ပါတယ်” ဟုပြောပြခဲ့သည်။
“ဒါ့အပြင် မတူကွဲပြားတဲ့ ယဉ်ကျေးမှု နဲ့ လူ့အသိုင်းအဝိုင်းတစ်ခုလုံးကောင်းစားရေးကို မြှင့်တင်ရန် အတွက် အထိရောက်ဆုံး နည်းလမ်း တစ်ခုကတော့ ကမ္ဘာကြီးရဲ့ ဘုံ ဘာသာ စကားဖြစ်တဲ့ အနုပညာနှင့် ပညာရေးတို့ပါပဲ” ဟု ထပ်လောင်းပြောပြခဲ့သည်။
“သြစတေးလျနိုင်ငံမှာ အစ္စလာမ်သာသနာကို လေ့လာလိုသူများ အတွက် လွတ်လပ်ပွင့်လင်းစွာ လေ့လာ လို့ရမယ့်နေရာ မရှိသေးပါဘူး။ ဒီပြတိုက်က ကိုးကွယ်ယုံကြည်မှု နှင့်ယဉ်ကျေးမှု ဆိုင်ရာ ဟန်ချက်ညီစေရန်နှင့် နားလည်မှုခိုင်မာစေရန်ရည် ရွယ်ပါတယ်။ ပြတိုက်များက ခေတ်အဆက်ဆက် ယဉ်ကျေးမှုနဲ့ လူနေမှုဘဝတွေ ကို တစ်စုတစည်းတည်း ဖေါ်ပြထားတဲ့နေရာများဖြစ်ပါတယ်။ အစ္စလာမ် သမိုင်းပြတိုက်ကလည်း သြစတေးလျနိုင်ငံ တွင် အစ္စလာမ်သာသနာ စတင်ရောက်ရှိလာရာမှ စပြီး နိုင်ငံ တည်ထောင်ရေး လုပ်ငန်းများတွင်လည်း မွတ်စလင်များ ပါဝင်ခဲ့တယ် ဆိုတာကို သက်သေထူနေတဲ့နေရာပါ” လို့မွတ်စ်တဖါ က ပြောပြသွားသည်။
ယခုအခါမှာတော့ အစိုးရ၊ လူ့အသိုင်းအဝိုင်း၊ စက်မှုလုပ်ငန်းများ၊ နိုင်ငံတကာနှင့် သြစတြေးလျ အကြီးစားစီးပွားရေး လုပ်ငန်းစုများ၏ ကူညီထောက်ခံမှုဖြင့် မွတ်စ်တဖါ၏ အိပ်မက်မှာ အမှန်တကယ်ဖြစ်တည်လာခဲ့ပါပြီ။
Ref: faithvictoria.org.au
Comments