မတ်- ၅၊ ၂၀၁၄
M-Media
– အလယ်အာရှတွင် အကြီးဆုံးဖြစ်လာမည့် ဗလီဝတ်ကျောင်းတော် တစ်လုံးကို တူရကီနိုင်ငံခြားရေး ၀န်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် ကာဂျစ်စတန်နိုင်ငံ ဘစ်ရှ်ကတ်မြို့တွင် ဆောက်လုပ်နေသည်ဟု သိရသည်။
မီတာ ၇၀ အမြင့်ရှိမည့် အဆိုပါ ဗလီဝတ်ကျောင်းတော်အား၂၀၁၂ ခုနှစ် မတ်လအတွင်းက စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပြီးစီးတော့မည်ဖြစ်သည်။ ဗလီဝတ်ကျောင်းတော်အား မြေနေရာ ၅ ဧက ကျော်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ၁၃၀၀ စတုရန်းမီတာ ကျယ်ဝန်းမည်ဖြစ်သည်။ ထို့ပြင် ထိုဗလီဝတ်ကျောင်းတော်တွင် မင်နာရာ(မျှော်စင်) ၄ ခုပါဝင်မည်ဖြစ်ကာ ၂ ခုမှာ ယခုလောလောဆယ်တွင် တည်ဆောက်ပြီးစီးသွားပြီဖြစ်သည်။
ကိုယ်လက်သန့်စင်နိုင်သည့် နေရာ၊ မွဖ်သီချုပ် (ဓမ္မသတ်မှူးချူပ်) ၏ ရုံးခန်းအပါအ၀င်၊ ကားအစီးရေ ၈၀၀ ခန့် ထားနိုင်မည့် ကားပါကင် တစ်ခုလည်းပါဝင်မည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၁၅ တွင် အပြီးသတ်နိုင်ရန် မျှော်မှန်းထားသည်။
ယခုလက်ရှိတွင် ကမ္ဘာ့အကြီးဆုံး ဗလီဝတ်ကျောင်းတော်မှာ သက္ကရာဇ် ၆၃၄ ခုနှစ်က တည်ဆောက်ခဲ့သည့် ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့မှ ဗလီဝတ်ကျောင်းတော်ဖြစ်ပြိး တစ်ချိန်တည်းတွင် ၀တ်ပြုသူပေါင်း ၄ သန်း ၀တ်ပြုနိုင်သည်။
ကာဇက်စ်တန်နိုင်ငံမှ နူရ်-အက်စ်တာနာ ဗလီဝတ်ကျောင်းတော်မှာ ယခုလက်ရှိတွင် အလယ်အာရှ၏ အကြီးဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်သည်။
World Bulletin
Comments