မတ် ၁၅၊ ၂၀၁၄
M-Media
လမင်း
ပြည်တွင်းဈေးကွက်အတွင်းရှိ စားသောက်ကုန်များဖြစ်ကြသော အားလူးကြော် Oishi နှင့် အချိုရည်တစ်ခုဖြစ်သော Dee DOအချိုရည် တို့တွင် အန္တရာယ်ရှိသော Chemical များ ပါဝင်သောကြောင့် စမ်းသပ်မှုများအရ စားသုံးရန် မသင့်ဟု မြန်မာနိုင်ငံစားသုံးသူများအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က
ပြောကြားခဲ့သည်။
သောက်သုံးသူများပြားနေတဲ့ Dee DOအချိုရည်ကိုလည်း သောက်သုံးနေသူများမှ အရမ်းအနံ့စူးနေသောကြောင့် ဓာတ်ခွဲကြည့်ရန် တောင်းဆိုလာသော ကြောင့် စစ်ဆေးမှုပြုလုပ်ကြည့်လိုက်သောအခါ 1ML ကိုမှိုခြောက်သန်းခန့်ပါဝင်နေပြီး ၁ ပုလင်း 450 ML ကိုမှိုသိန်း ၂၇၀၀ ပါဝင်နေတာ တွေ့ရှိ ကြောင်း ကိုလည်း မြန်မာနိုင်ငံစားသုံးသူများအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါသည်။ ထိုသို့ မှိုပါဝင်များသည့် အချိုရည်ကို သောက်သုံးခြင်း အားဖြင့် ၀မ်းပျက်ဝမ်းလျောရောဂါ၊ အူမကြီးကင်ဆာ၊ ကျောက်ကပ်ရောဂါများဖြစ်ပွားနိုင်ကြောင်း မြန်မာနိုင်ငံစားသုံးသူများ အသင်းမှ ပြောကြားခဲ့သည်။
“ဒီအကြောင်းက တာဝန်ရှိသူတွေလည်း သိတယ်။ ဒါပေမယ့် ဈေးကွက်ထဲကတော့ ပြန်မသိမ်း သေးပါဘူး။ လက်ကျန်ပစ္စည်းတွေလည်း ရှိနေသေးတယ်” ဟု စားသောက်ကုန်ပစ္စည်း လက်ကားဆိုင် အရောင်းတာဝန်ခံတစ်ဦးက ပြောသည်။
သတင်းမီဒီယာများတွင်ပျံ့နှံနေသောအကြောင်းအရာများနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ Food star ကုမ္ပဏီမှ ကုန်ပစ္စည်းဆိုင်ရာ အရည်အသွေးအကြောင်း ကို မတ်လ ၁၈-ရက်နေ့တွင် M-3 စားသောက်ဆိုင်၌ နေ့လည် ၂း၀၀-နာရီမှ ညနေ ၄း၀၀-နာရီအထိ ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်မည်ဟု သိရသည်။
အလားတူပင် “Oishi အာလူချောင်းကြော်က ဓာတ်ခွဲခန်းကိုမပို့ခင်မှာကတည်းက Facebook မှာပျံ့နှံနေတာပါ။ Oishi အာလူးကြော်ကို မီးရှို့ကြည့်ပါက ဖယောင်း တိုင်ကဲ့သို့လောင်ကျွမ်းခြင်း၊ လေသလပ်ခံထားပါက ပြင်ပတွင် ၄၈နာရီ ထားသော်လည်း ကြွပ်နေခြင်းအစရှိ သဖြင့် သတင်းတွေ ထွက်လာ ပါတယ်။ ကျွန်တော်တို့က သမ၀ါယမလက်အောက်ကဓာတ်ခွဲခန်းမှာခွဲစိတ်ကြည့်လိုက်တော့ ပုံမှန်အားဖြင့် acid value 0.6 ရှိရမှာကို သူက 5.279 ရှိနေတယ်။ ပြီးတော့သူက စားအုန်းဆီနဲ့ကြော်ထားတာဖြစ်နေတယ်။ စားသုံးဖို့လုံးဝမသင့်တာပါ။ စားသုံးရင်အူမကြီးကင်ဆာတို့ အသဲကင်ဆာတို့ ဖြစ်နိုင်ပါတယ်။ ကျွန်တေယ်တို့အနေနဲ့စားသုံးသူတွေကိုကာကွယ်နေတာပါ၊ လုပ်ငန်းရှင်တွေကိုတိုက်ခိုက်နေတာမဟုတ်ပါဘူး” ဟု ဦးဗအုပ်ခိုင်က ဆက်လက်ရှင်းလင်းခဲ့သည်။
စားသောက်ကုန်အများစုသည် စားအုန်းဆီ၊ ပြန်ကြော်ဆီများဖြင့်သာ အများစုကအသုံးပြုကြပြီး နိုင်ငံရပ်ခြားမှ တင်သွင်းလာသော အန္တရာယ် မကင်း သည့် ဆီများကို သက်ဆိုင်ရာအစိုးရမှ တာဝန်ယူမှုမရှိကြောင်း မြန်မာနိုင်ငံစားသုံးသူများအသင်းမှပြောသည်။
မြန်မာနိုင်ငံမှစားသုံးသူများသည် စားသုံးသူများရဲ့အခွင့်အရေးတွေကို ဖော်ထုတ်ရန်အချိန်ရောက်နေပြီ ဖြစ်ကြောင်း ယနေ့ပြုလုပ်သော ကမ္ဘာ့ စားသုံးသူ အခွင့်ရေးများနေ့အထိမ်းအမှတ်ပွဲတွင် မြန်မာနိုင်ငံစားသုံးသူများအသင်းမှ အတွင်းရေးမှူး ဒေါ်ခင်စန္ဒာကပြောကြားခဲ့သည်။
“ကျွန်မတို့စားသုံးသူများအနေနှင့် အခွင့်ရေးတွေကိုဖော်ထုတ်သင့်တာကြာပါပြီ။ အရင်က ဒီလိုအခွင့်အရေးတွေမရှိခဲ့ပါဘူး။ ကျွန်မတို့အသင်း အနေနဲ့ လည်းပြည်သူတွေစားသုံးတဲ့အခါမှာ ဘေးဥပဒ်ကင်းတဲ့ အစားအသောက်တွေဖြစ်အောင် စီစစ်နေပါတယ်။ အဓိကတော့ အခုကလေးတွေရဲ့ ကျောင်းက ရောင်းတဲ့မုန့်ဈေးတန်းမှာစစ်ဆေးနေတယ်။ အဲဒီမှာ တရုတ်ပြည်က လာတဲ့နို့မုန့်ခဲလေးတွေရောင်းနေတာတွေ့တော့ စစ်ဆေးကြည့်တော့ တရုတ်စာ တတ်တဲ့လူကိုဖ တ်ခိုင်းကြည့်လိုက်တော့ သူတို့ဆီမှာ အိမ်မွေးတိရစ္ဆာန်တွေကို ကျွေးတဲ့မုန့်တွေဖြစ်နေတယ်။ ဒါမျိုးတွေမဖြစ်သင့်ပါဘူး။ အခုဆိုရင် စားသုံးသူတွေအနေနဲ့ လွပ်လပ်စွာပြောဆိုလို့ရနေပါပြီ” ဟု၎င်းကဆက်လက်ပြောကြားခဲ့သည်။
Comments