မတ် ၁၅၊ ၂၀၁၄
M-Media
K K
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် မင်္ဂလာလမ်းတွင် ယနေ့ ညနေ ၅း၄၅-နာရီခန့်က မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ခဲ့သော်လည်း ရပ်ကွက်ပြည်သူများက မီးသတ်ဆေးဗူးများဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့မှုကြောင့် မီးငြိမ်းသွားသည်ဟု သိရသည်။
ဖြစ်စဉ်မှာ ထမင်းအိုးတည်ထားရာမှတဆင့် အပူလွန်ကဲ၍ ၁၀-မိနစ်ခန့် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း စမ်းချောင်းမြို့နယ် မီးသတ်ဦးစီး ဌာနမှ သိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုတွင် တန်ဖိုး ၃၀၀၀၀ ကျပ်နီးပါး ဒစ်ဂျစ်တယ် မီးဖိုတစ်လုံးသာဆုံးရှုံးမှုရှိခဲ့သည်ဟု သိရသည်။
“မီးဖိုးကတဆင့်ဖြစ်တာ။ လျှပ်စစ်မီးခလုတ်ရှိတယ်။ အဖွင့်အပိတ်ခလုတ်က ဖွင့်လို့လည်း မရဘူး ပိတ်လို့လည်း မရဘူး။ အသေကြီးဖြစ်နေတယ်။ အဲလိုဖြစ်နေတော့ မီးဝင်သွားတာပဲ လျှပ်စစ်အခေါ်အဝေါ်အရဆိုရင်တော့ တန်းပြီး လျှော့ဝင်သွားတာ ဒီဂျစ်တယ်မီးဖိုတစ်လုံး လောင်တာဖြစ်တဲ့အတွက် ၅ မိနစ်လောက်တော့ ကြာလိမ့်မယ်။ အပူလွန်ကဲပြီးလောင်တာပါ။” ဟု စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
Comments